မန်စီးတီးအသင်းရဲ့ နံပါတ် (၁) ပစ်မှတ် ဖြစ်လာတဲ့ ဂျက်ဂရီလစ်ရှ်

မန်စီးတီးအသင်းဟာ အက်စတွန်ဗီလာအသင်းခေါင်းဆောင် ဂျက်ဂရီလစ်ရှ်ကို အပြောင်းအရွှေ့အတွက် အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားလိုက်ပြီလို့ သတင်းထွက်ပေါ်လာပါတယ်။ အသက် ၂၅ နှစ်အရွယ်ကစားသမားကို ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့တုန်းကလည်း အသင်းတော်တော်များများက ခေါ်ယူရန် ဆက်သွယ်မှုတွေ လုပ်ခဲ့ပေမယ့် ကစားသမားက စက်တင်ဘာလတုန်းက အက်စတွန်ဗီလာအသင်းနဲ့ (၅) နှစ် စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ဂျက်ဂရီလစ်ရှ်ဟာ ၂၀၂၀-၂၁ ဘောလုံးရာသီမှာ အက်စတွန်ဗီလာအသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးထားပြီး ပရီးမီးယားလိဂ် (၇) ပွဲမှာ (၄) ဂိုးသွင်း (၆) ဂိုးဖန်တီးပေးထားပါတယ်။ ဒေးလီးစတား သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂွါဒီယိုလာရဲ့ အသင်းဟာ အင်္ဂလန်လက်ရွေးစင်အသင်း ကွင်းလယ်တိုက်စစ်ကစားသမားရဲ့ တိုးတက်မှုကို နှစ်သက်နေပြီး အသင်းရဲ့ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်လိုက်ပြီလို့ သိရပါတယ်။

ဂျက်ဂရီလစ်ရှ်ကို အက်စတွန်ဗီလာအသင်းက ပေါင်သန်း ၇၀ အဖြစ်သတ်မှတ်ထားခဲ့တာဖြစ်ပြီး သူ့ကို ယူနိုက်တက်အသင်းကလည်း ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ဂျက်ဂရီလစ်ရှ်ဟာ အင်္ဂလန် အသင်း အိုင်ယာလန်ကို (၃-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲတုန်းကလည်း တစ်ဂိုးဖန်တီးပေးခဲ့ပါတယ်။

မန္စီးတီးအသင္းရဲ႕ နံပါတ္ (၁) ျဖစ္လာတဲ့ ဂ်က္ဂရီလစ္ရွ္

မန္စီးတီးအသင္းဟာ အက္စတြန္ဗီလာအသင္းေခါင္းေဆာင္ ဂ်က္ဂရီလစ္ရွ္ကို အေျပာင္းအေရႊ႕အတြက္ အဓိက ပစ္မွတ္အျဖစ္ သတ္မွတ္ထားလိုက္ျပီလုိ႔ သတင္းထြက္ေပၚလာပါတယ္။ အသက္ ၂၅ ႏွစ္အရြယ္ကစားသမားကို ျပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေရႊ႕တုန္းကလည္း အသင္းေတာ္ေတာ္မ်ားမ်ားက ေခၚယူရန္ ဆက္သြယ္မႈေတြ လုပ္ခဲ့ေပမယ့္ ကစားသမားက စက္တင္ဘာလတုနး္က အက္စတြန္ဗီလာအသင္းန႔ဲ (၅) ႏွစ္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

ဂ်က္ဂရီလစ္ရွ္ဟာ ၂၀၂၀-၂၁ ေဘာလံုးရာသီမွာ အက္စတြန္ဗီလာအသင္းအတြက္ အေကာင္းဆံုးစြမ္းေဆာင္ေပးထားျပီး ပရီးမီးယားလိဂ္ (၇) ပြဲမွာ (၄) ဂိုးသြင္း (၆) ဂိုးဖန္တီးေပးထားပါတယ္။ ေဒးလီးစတား သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ဂြါဒီယိုလာရဲ႕ အသင္းဟာ အဂၤလန္လက္ေရြးစင္အသင္း ကြင္းလယ္တိုက္စစ္ကစားသမားရဲ႕ တိုးတက္မႈကို ႏွစ္သက္ေနျပီး အသင္းရဲ႕ အဓိက ပစ္မွတ္အျဖစ္ သတ္မွတ္လိုက္ျပီလို႔ သိရပါတယ္။

ဂ်က္ဂရီလစ္ရွ္ကို အက္စတြန္ဗီလာအသင္းက ေပါင္သန္း ၇၀ အျဖစ္သတ္မွတ္ထားခဲ့တာျဖစ္ျပီး သူ႔ကို ယူႏိုက္တက္အသင္းကလည္း ပစ္မွတ္အျဖစ္ သတ္မွတ္ခဲ့တာျဖစ္ပါတယ္။ ဂ်က္ဂရီလစ္ရွ္ဟာ အဂၤလန္ အသင္း အိုင္ယာလန္ကို (၃-၀) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲတုနး္ကလည္း တစ္ဂိုးဖန္တီးေပးခဲ့ပါတယ္။