လာကာဇက်တီကို ပေါင်သန်း ၄၀ နဲ့ ရောင်းချမယ့် အာဆင်နယ်အသင်း

အာဆင်နယ်အသင်းဟာ နောက်နွေရာသီမှာ ပြင်သစ်တိုက်စစ်မှူး လာကာဇက်တီကို ပေါင်သန်း ၄၀ လောက်နဲ့ ရောင်းချနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ အသက် ၂၉ နှစ် အရွယ်ကစားသမားရဲ့ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းက ၁၈ လ တောင် မကျန်တော့တာဖြစ်ပြီး သူဟာ အာတီတာရဲ့ ရေရှည်စီမံကိန်းမှာ ပါလား မပါဘူးလားဆိုတာ မသေချာဘူး ဖြစ်နေပါတယ်။

တိုက်စစ်ကစားသမားဟာ ဒီရာသီအာဆင်နယ်အသင်းအတွက်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၇) ပွဲမှာ (၃) ဂိုးသွင်းထားပြီး လိုင်ယွန်ကနေ ပြောင်းရွှေ့လာကတည်းက အသင်းအတွက် စုစုပေါင်း (၁၃၆) ပွဲကစားပြီးချိန်မှာ (၅၁) ဂိုးသွင်းပေးထားပါတယ်။ ပြီးခဲ့တဲ့အပြောင်းအရွှေ့တွေတုန်းကလည်း အာဆင်နယ်အသင်းကနေ ထွက်ခွာမယ်လို့ သတင်းတွေ ထွက်ခဲ့တဲ့ လာကာဇက်ဟာ နောက်ရာသီမှာတော့ အသင်းကနေ သေချာပေါက် ရောင်းချတာကို ခံရဖွယ်ရှိတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ လိုင်ယွန်လူငယ်ကြယ်ပွင့်ဟောင်းကို ပေါင်သန်း ၄၀ လောက်နဲ့ ရောင်းချရန် မျှော်လင့်ထားပြီး သူ့ကို ရောင်းချလို့ရလာတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကစားသမားအသစ်တွေကို ဝယ်ယူဖွယ်ရှိနေပါတယ်။ လာကာဇက်တီဟာ အာဆင်နယ်အသင်းအတွက် စက်တင်ဘာလအကုန်ကတည်းက နောက်ဆုံးကစားခဲ့တဲ့ (၄) ပွဲမှာ (၁) ဂိုးတောင် မရသေးဘူး ဖြစ်ပါတယ်။

လာကာဇက္တီကို ေပါင္သန္း ၄၀ နဲ႔ ေရာင္းခ်မယ့္ အာဆင္နယ္အသင္း

အာဆင္နယ္အသင္းဟာ ေနာက္ေႏြရာသီမွာ ျပင္သစ္တိုက္စစ္မွဴး လာကာဇက္တီကို ေပါင္သန္း ၄၀ ေလာက္နဲ႔ ေရာင္းခ်ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။ အသက္ ၂၉ ႏွစ္ အရြယ္ကစားသမားရဲ႕ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းက ၁၈ လ ေတာင္ မက်န္ေတာ့တာျဖစ္ျပီး သူဟာ အာတီတာရဲ႕ ေရရွည္စီမံကိန္းမွာ ပါလား မပါဘူးလားဆိုတာ မေသခ်ာဘူး ျဖစ္ေနပါတယ္။

တိုက္စစ္ကစားသမားဟာ ဒီရာသီအာဆင္နယ္အသင္းအတြက္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ (၇) ပြဲမွာ (၃) ဂိုးသြင္းထားျပီး လိုင္ယြန္ကေန ေျပာင္းေရႊ႕လာကတည္းက အသင္းအတြက္ စုစုေပါင္း (၁၃၆) ပြဲကစားျပီးခ်ိန္မွာ (၅၁) ဂိုးသြင္းေပးထားပါတယ္။ ျပီးခဲ့တဲ့အေျပာင္းအေရႊ႕ေတြတုန္းကလည္း အာဆင္နယ္အသင္းကေန ထြက္ခြာမယ္လို႔ သတင္းေတြ ထြက္ခဲ့တဲ့ လာကာဇက္ဟာ ေနာက္ရာသီမွာေတာ့ အသင္းကေန ေသခ်ာေပါက္ ေရာင္းခ်တာကို ခံရဖြယ္ရွိတယ္လို႔ သိရပါတယ္။

အာဆင္နယ္အသင္းဟာ လိုင္ယြန္လူငယ္ၾကယ္ပြင့္ေဟာင္းကို ေပါင္သန္း ၄၀ ေလာက္နဲ႔ ေရာင္းခ်ရန္ ေမွ်ာ္လင့္ထားျပီး သူ႔ကို ေရာင္းခ်လို႔ရလာတဲ့ ေျပာင္းေရႊ႕ေၾကးနဲ႔ ကစားသမားအသစ္ေတြကို ၀ယ္ယူဖြယ္ရွိေနပါတယ္။ လာကာဇက္တီဟာ အာဆင္နယ္အသင္းအတြက္ စက္တင္ဘာလအကုန္ကတည္းက ေနာက္ဆံုးကစားခဲ့တဲ့ (၄) ပြဲမွာ (၁) ဂိုးေတာင္ မရေသးဘူး ျဖစ္ပါတယ္။