ပွဲကစားချိန်မတိုးလာဘူးဆိုရင် အိုးထရက်ဖိုဒ့်မှာ ဆက်ရှိမယ့် အရေးစဉ်းစားရမယ်လို့ ယူနိုက်တက်ကို သတိပေးလိုက်တဲ့ အဲရစ်ဘာယီရဲ့ အေးဂျင့်

အဲရစ်ဘာယီရဲ့ အေးဂျင့်စီက ယူနိုက်တက်မှာ ကစားသမားအနေနဲ့ ပွဲကစားချိန်မတိုးတက်လာဘူးဆိုရင် အိုးထရက်ဖိုဒ့်မှာ ဆက်ရှိမယ့် အရေးစဉ်းစားရမယ်လို့ သတိပေးပြောသွားခဲ့ပါတယ်။ အိုင်ဗရီကိုစ့် လက်ရွေးစင်ကစားသမားဟာ ဇန်နဝါရီတုန်းက အသင်းနဲ့ စာချုပ်သက်တမ်း (၂) နှစ်သက်တမ်းတိုးခဲ့တာဖြစ်လို့ အသင်းမှာ ၂၀၂၁-၂၂ ဘောလုံးရာသီကုန်တဲ့အထိ ဆက်ရှိနေမှာဖြစ်ပါတယ်။ သို့သော်လည်း သူဟာ ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ (၄) ပွဲပဲ ကစားထားပါတယ်။

နည်းပြဆိုးလ်ရှားဟာ မက်ဂွဲရား နဲ့ လင်ဒီလော့ဖ် အတွဲကိုသာ ဦးစားပေးရွေးချယ်ထားပြီး တွမ်ဇီဘီကို အရန်အဖြစ် သတ်မှတ်ထားလို့ အဲရစ်ဘာယီအတွက်တော့ ပွဲကစားချိန် နည်းပါးနေတာ ဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် အဲရစ်ဘာယီဟာ ဒီရာသီမှာလည်း ဒဏ်ရာတွေကြောင့် ရုန်းကန်နေရပြီး အသင်းရဲ့ နောက်ဆုံး (၃) ပွဲကို ကြွက်သားဒဏ်ရာကြောင့် လူစာရင်းမှာ မပါနိုင်ခဲ့ပါဘူး။ အဲရစ်ဘာယီရဲ့ အေးဂျင့်စီ အကြီးအကဲတစ်ယောက်က ယူနိုက်တက်မှာ သူ့ကစားသမားဟာ ပွဲကစားချိန်မတိုးလာဘူးဆိုရင် စဉ်းစားရမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

“တစ်ကယ်လို့ သူ့မှာသာ အခွင့်အရေးရှိမယ်ဆိုရင် သူဟာ အသင်းရဲ့ ပြဿနာအချို့ကို ဖြေရှင်းနိုင်တဲ့ အရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်လာမှာပါ။ တစ်ကယ်လို့ အဲ့ဒါတွေ မဖြစ်လာဘူးဆိုရင်တော့ အခြေအနေတွေကို သုံးသပ်ဖို့ လိုနေပါတယ်။ ဒါပေမယ့် အခုအချိန်ကတော့ အရမ်းစောနေပါသေးတယ်။ သူကတော့ အသင်းအတွက်ပဲ အရမ်းကို အာရုံစိုက်နေပါတယ်”လို့ ပြောသွားခဲ့ပါတယ်။

ပြဲကစားခ်ိန္မတိုးလာဘူးဆိုရင္ အိုးထရက္ဖိုဒ့္မွာ ဆက္ရွိမယ့္ အေရးစဥ္းစားရမယ္လို႔ ယူႏိုက္တက္ကို သတိေပးလိုက္တဲ့ အဲရစ္ဘာယီရဲ႕ ေအးဂ်င့္

အဲရစ္ဘာယီရဲ႕ ေအးဂ်င့္စီက ယူႏိုက္တက္မွာ ကစားသမားအေနနဲ႔ ပြဲကစားခ်ိန္မတိုးတက္လာဘူးဆိုရင္ အိုးထရက္ဖိုဒ့္မွာ ဆက္ရွိမယ့္ အေရးစဥ္းစားရမယ္လို႔ သတိေပးေျပာသြားခဲ့ပါတယ္။ အိုင္ဗရီကိုစ့္ လက္ေရြးစင္ကစားသမားဟာ ဇန္န၀ါရီတုန္းက အသင္းနဲ႔ စာခ်ဳပ္သက္တမ္း (၂) ႏွစ္သက္တမ္းတိုးခဲ့တာျဖစ္လို႔ အသင္းမွာ ၂၀၂၁-၂၂ ေဘာလံုးရာသီကုန္တဲ့အထိ ဆက္ရွိေနမွာျဖစ္ပါတယ္။ သို႔ေသာ္လည္း သူဟာ ဒီရာသီမွာ အသင္းအတြက္ ျပိဳင္ပြဲစံု (၄) ပြဲပဲ ကစားထားပါတယ္။

နည္းျပဆိုးလ္ရွားဟာ မက္ဂြဲရား နဲ႔ လင္ဒီေလာ့ဖ္ အတြဲကိုသာ ဦးစားေပးေရြးခ်ယ္ထားျပီး တြမ္ဇီဘီကို အရန္အျဖစ္ သတ္မွတ္ထားလို႔ အဲရစ္ဘာယီအတြက္ေတာ့ ပြဲကစားခ်ိန္ နည္းပါးေနတာ ျဖစ္ပါတယ္။ အသက္ ၂၆ ႏွစ္အရြယ္ အဲရစ္ဘာယီဟာ ဒီရာသီမွာလည္း ဒဏ္ရာေတြေၾကာင့္ ရုန္းကန္ေနရျပီး အသင္းရဲ႕ ေနာက္ဆံုး (၃) ပြဲကို ၾကြက္သားဒဏ္ရာေၾကာင့္ လူစာရင္းမွာ မပါႏိုင္ခဲ့ပါဘူး။ အဲရစ္ဘာယီရဲ႕ ေအးဂ်င့္စီ အၾကီးအကဲတစ္ေယာက္က ယူႏိုက္တက္မွာ သူ႔ကစားသမားဟာ ပြဲကစားခ်ိန္မတိုးလာဘူးဆိုရင္ စဥ္းစားရမယ္လို႔ ေျပာခဲ့တာျဖစ္ပါတယ္။

“တစ္ကယ္လို႔ သူ႔မွာသာ အခြင့္အေရးရွိမယ္ဆိုရင္ သူဟာ အသင္းရဲ႕ ျပႆနာအခ်ိဳ႕ကို ေျဖရွင္းႏိုင္တဲ့ အေရးပါတဲ့ကစားသမားတစ္ေယာက္ျဖစ္လာမွာပါ။ တစ္ကယ္လို႔ အဲ့ဒါေတြ မျဖစ္လာဘူးဆိုရင္ေတာ့ အေျခအေနေတြကို သံုးသပ္ဖို႔ လိုေနပါတယ္။ ဒါေပမယ့္ အခုအခ်ိန္ကေတာ့ အရမး္ေစာေနပါေသးတယ္။ သူကေတာ့ အသင္းအတြက္ပဲ အရမ္းကို အာရံုစိုက္ေနပါတယ္”လို႔ ေျပာသြားခဲ့ပါတယ္။