ရာမိုစ့် နေရာမှာ အစားထိုးရန်အတွက် ဘာစီလိုနာ နဲ့ အပြိုင် မန်စီးတီး နောက်ခံလူ အဲရစ်ဂါစီယာကို ခေါ်ယူမယ့် ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ခါးသီးပြိုင်ဘက် ဘာစီလိုနာ နဲ့ အပြိုင် မန်စီးတီးနောက်ခံလူ အဲရစ် ဂါစီယာကို ခေါ်ယူရန် စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။ ဘာနေဗျူးကလပ်အသင်းဟာ အသင်းမှာ အသက် အရွယ်ရလာတဲ့ အသင်းခေါင်းဆောင် ရာမိုစ့် နေရာမှာ အစားထိုးရန် စပိန်လက်ရွေးစင်နောက်ခံလူကို မျက်စိကျနေတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အဲရစ်ဂါစီယာအပြင် ဗီလာရီးရဲလ်နောက်ခံလူ ပါအူးတောရက်စ်ကိုလည်း ပစ်မှတ်ထားနေပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ရာမိုစ့်သာ နောက်နှစ်မှာ စာချုပ်သက်တမ်းတိုးတာကို လက်မခံခဲ့ရင် ယခုလိုစီစဉ်နေတာဖြစ်ပါတယ်။ ရာမိုစ့်ရဲ့ စာချုပ်သက်တမ်းက နောက်နှစ်ဇွန်လ ၃၀ မှာ ကုန်ဆုံးမှာဖြစ်ပြီး ယခုအချိန်မှာ စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ရာမိုစ့်ဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် (၁၆) နှစ်တာ ကာလ ကစားပေးခဲ့ပြီး အသင်းအတွက် ပွဲပေါင်း (၆၅၀) ကျော်မှာ ဂိုး (၁၀၀) အထိသွင်းယူထားတဲ့ နောက်ခံလူတစ်ယောက်ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းကလည်း ရာမိုစ့်ကို ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အဲရစ်ဂါစီယာဟာ ဈေးကွက်ထဲမှာ ရေပန်းစားနေတဲ့ နောက်ခံလူတစ်ယောက်ဖြစ်ပြီး ဘာစီလိုနာအသင်းကလည်း အသင်းရဲ့ အကယ်ဒမီထွက်ကစားသမားကို ပြန်လည်ခေါ်ယူချင်နေတာဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ်ကစာသမားဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးရန် ငြင်းဆန်ထားပြီး စပိန်ကို ပြန်လာရန် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

ရာမိုစ့္ ေနရာမွာ အစားထိုးရန္အတြက္ ဘာစီလိုနာ နဲ႔ အျပိဳင္ မန္စီးတီး ေနာက္ခံလူ အဲရစ္ဂါစီယာကို ေခၚယူမယ့္ ရီးရဲလ္မက္ဒရစ္

ရီးရဲလ္မက္ဒရစ္အသင္းဟာ ခါးသီးျပိဳင္ဘက္ ဘာစီလုိနာ နဲ႔ အျပိဳင္ မန္စီးတီးေနာက္ခံလူ အဲရစ္ ဂါစီယာကို ေခၚယူ၇န္ စိတ္၀င္စားလာတယ္လို႔ သိရပါတယ္။ ဘာေနဗ်ဴးကလပ္အသင္းဟာ အသင္းမွာ အသက္ အရြယ္ရလာတဲ့ အသင္းေခါင္းေဆာင္ ရာမိုစ့္ ေနရာမွာ အစားထိုးရန္ စပိန္လက္ေရြးစင္ေနာက္ခံလူကို မ်က္စိက်ေနတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ အဲရစ္ဂါစီယာအျပင္ ဗီလာရီးရဲလ္ေနာက္ခံလူ ပါအူးေတာရက္စ္ကိုလည္း ပစ္မွတ္ထားေနပါတယ္။ ရီးရဲလ္မက္ဒရစ္ဟာ ရာမိုစ့္သာ ေနာက္ႏွစ္မွာ စာခ်ဳပ္သက္တမ္းတိုးတာကို လက္မခံခဲ့ရင္ ယခုလိုစီစဥ္ေနတာျဖစ္ပါတယ္။ ရာမုိစ့္ရဲ႕ စာခ်ဳပ္သက္တမ္းက ေနာက္ႏွစ္ဇြန္လ ၃၀ မွာ ကုန္ဆံုးမွာျဖစ္ျပီး ယခုအခ်ိန္မွာ စာခ်ဳပ္သက္တမ္းတိုးရန္ ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။

ရာမိုစ့္ဟာ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ (၁၆) ႏွစ္တာ ကာလ ကစားေပးခဲ့ျပီး အသင္းအတြက္ ပြဲေပါင္း (၆၅၀) ေက်ာ္မွာ ဂိုး (၁၀၀) အထိသြင္းယူထားတဲ့ ေနာက္ခံလူတစ္ေယာက္ျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းကလည္း ရာမိုစ့္ကို ေခၚယူရန္ စိတ္၀င္စားေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

အဲရစ္ဂါစီယာဟာ ေစ်းကြက္ထဲမွာ ေရပန္းစားေနတဲ့ ေနာက္ခံလူတစ္ေယာက္ျဖစ္ျပီး ဘာစီလိုနာအသင္းကလည္း အသင္းရဲ႕ အကယ္ဒမီထြက္ကစားသမားကို ျပန္လည္ေခၚယူခ်င္ေနတာျဖစ္ပါတယ္။ အသက္ ၁၉ ႏွစ္အရြယ္ကစာသမားဟာ မန္စီးတီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးရန္ ျငင္းဆန္ထားျပီး စပိန္ကို ျပန္လာရန္ ရည္ရြယ္ထားတယ္လို႔ သိရပါတယ္။