နာပိုလီနောက်ခံလူ ကူလီဘလီကို ခေါ်ယူရန် စဉ်းစားနေတဲ့ လီဗာပူးလ်အသင်း
လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်ဟာ အသင်းရဲ့ ဒဏ်ရာပြဿာနာတွေကြောင့် ဇန်နဝါရီအပြောင်းအရွှေ့မှာ နာပိုလီနောက်ခံလူ ကူလီဘလီကို ခေါ်ယူနိုင်ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက အင်္ဂလန်လက်ရွေးစင်အသင်းမှာ ဒဏ်ရာရရှိခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ ဗဟိုနောက်ခံလူတစ်ယောက်ဖြစ်တဲ့ ဂျိုးဂိုးမက်ဇ်ဟာ အသင်းမှာ ဒဏ်ရာကြောင့် အနားယူနေတဲ့ ဗန်ဒိုက်ချ်လိုပဲ ရာသီကုန်အထိ အနားယူသွားရဖွယ် ရှိနေတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းရဲ့ အဓိက ဗဟိုနောက်ခံလူ နှစ်ယောက်ဟာ ကာလရှည် အနားယူရမှာဖြစ်ပြီး နောက်ထပ် နောက်ခံလူ တစ်ယောက်ဖြစ်တဲ့ မာတစ်ပ်ကလည်း ကြံ့ခိုင်မှု ပြည့်ဝရန် ရုန်းကန်နေပါတယ်။ ဒါ့ကြောင့် လီဗာပူးလ်အသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းရဲ့ နောက်တန်းအတွက် အင်အားဖြည့်တင်းချင်နေတာဖြစ်ပါတယ်။
The Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်ဟာ အရည်အသွေးမြင့်နောက်ခံလူတစ်ယောက်ဖြစ်တဲ့ နာပိုလီအသင်းရဲ့ ကူလီဘလီကို နောက်လာမယ့် အပြောင်းအရွှေ့မှာ ခေါ်ယူရန် စီစဉ်နေတယ်လို့ သိရပါတယ်။ လီဗာပူးလ်အသင်းဟာ ဆီနီဂေါလက်ရွေးစင်ကစားသမားကို ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့တုန်းက ခေါ်ယူရန် စိတ်ဝင်စားခဲ့တဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။
နာပိုလီအသင်းဟာ အသက် ၂၉ နှစ်အရွယ် ကူလီဘလီရဲ့ တန်ကြေးကို လုံး၀ မလျှော့ခဲ့လို့ ကစားသမားဟာ အီတလီမှာပဲ ဆက်လက်ကျန်ရစ်နေခဲ့တာပါ။ လီဗာပူးလ်အသင်းဟာ ရှော်လ်ကေးက ကာဘက်ခ် နဲ့ လိုက်ပ်ဇစ်က အူပါမီကာနိုတို့ကိုလည်း ခေါ်ယူရန ်ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
နာပိုလီနောက်ခံလူ ကူလီဘလီကို ခေါ်ယူရန် စဉ်းစားနေတဲ့ လီဗာပူးလ်အသ်း