နောက်တန်းဒဏ်ရာပြဿနာတွေကြောင့် ရီးရဲလ်မက်ဒရစ်နောက်ခံလူ မီလီတာအိုကို ပေါင် ၃၆ သန်းနဲ့ ခေါ်ယူရန် ပြင်ဆင်နေတဲ့ လီဗာပူးလ်အသင်း

လီဗာပူးလ်အသ်းဟာ ရီးရဲလ်မက်ဒရစ်နောက်ခံလူ မီလီတာအိုကို ပေါင် ၃၆ သန်းနဲ့ ခေါ်ယူရန် ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ မာဆေးလ်ဆိုဒ်ကလပ်ရဲ့ နောက်ခံလူ တစ်ယောက်ဖြစ်တဲ့ ဂျိုးဂိုးမက်ဇ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပြင်းထန်တဲ့ဒူးဒဏ်ရာ ရရှိခဲ့ပြီး ခွဲစိတ်မှု ခံယူခဲ့ရပါတယ်။အသင်းရဲ့ အဓိက နောက်ခံလူတစ်ယောက်ဖြစ်တဲ့ ဗန်ဒိုက်ချ်ဟာ ရာသီကုန်အထိ အနားယူရမှာဖြစ်ပြီး ဂျိုးဂိုးမက်ဇ်လည်း ရာသီကုန်အထိထပ်မံ အနားယူရတော့မှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် လီဗာပူးလ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ နောက်ခံလူအသစ်တစ်ယောက် မဖြစ်မနေခေါ်ယူရတော့မှာပါ။ စပိန်ကသတင်းများအရ နည်းပြ ယာဂင်ကလော့ပ်က ရီးရဲလ်မက်ဒရစ်နောက်ခံလူ မီလီတာအိုကို ခေါ်ယူရန် ပစ်မှတ်ထားနေပါတယ်။ ဘရာဇီးလက်ရွေးစင်ကစားသမားဟာ ၂၀၁၉ ခုနှစ်က ပေါ်တိုကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပေမယ့် ရုန်းကန်နေရသူဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ တောင်အမေရိက ကစားသမားအတွက် ပေါင် ၃၆ သန်းပေးရန် ရည်ရွယ်ထားပြီး ရီးရဲလ်မက်ဒရစ်အသင်းကလည်း ရောင်းချရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ မီလီတာအိုဟာ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် (၃) ပွဲပဲ ကစားခွင့်ရထားသူဖြစ်ပါတယ်။

ေနာက္တန္းဒဏ္ရာျပႆနာေတြေၾကာင့္ ရီးရဲလ္မက္ဒရစ္ေနာက္ခံလူ မီလီတာအိုကို ေပါင္ ၃၆ သန္းနဲ႔ ေခၚယူရန္ ျပင္ဆင္ေနတဲ့ လီဗာပူးလ္အသင္း

လီဗာပူးလ္အသ္းဟာ ရီးရဲလ္မက္ဒရစ္ေနာက္ခံလူ မီလီတာအိုကို ေပါင္ ၃၆ သန္းနဲ႔ ေခၚယူရန္ ျပင္ဆင္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ မာေဆးလ္ဆိုဒ္ကလပ္ရဲ႕ ေနာက္ခံလူ တစ္ေယာက္ျဖစ္တဲ့ ဂ်ိဳးဂိုးမက္ဇ္ဟာ အဂၤလန္လက္ေရြးစင္အသင္းမွာ ျပင္းထန္တဲ့ဒူးဒဏ္ရာ ရရွိခဲ့ျပီး ခြဲစိတ္မႈ ခံယူခဲ့ရပါတယ္။အသင္းရဲ႕ အဓိက ေနာက္ခံလူတစ္ေယာက္ျဖစ္တဲ့ ဗန္ဒိုက္ခ်္ဟာ ရာသီကုန္အထိ အနားယူရမွာျဖစ္ျပီး ဂ်ိဳးဂိုးမက္ဇ္လည္း ရာသီကုန္အထိထပ္မံ အနားယူရေတာ့မွာ ျဖစ္ပါတယ္။

ဒါ့ေၾကာင့္ လီဗာပူးလ္အသင္းဟာ ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ေနာက္ခံလူအသစ္တစ္ေယာက္ မျဖစ္မေနေခၚယူရေတာ့မွာပါ။ စပိန္ကသတင္းမ်ားအရ နည္းျပ ယာဂင္ကေလာ့ပ္က ရီးရဲလ္မက္ဒရစ္ေနာက္ခံလူ မီလီတာအိုကို ေခၚယူရန္ ပစ္မွတ္ထားေနပါတယ္။ ဘရာဇီးလက္ေရြးစင္ကစားသမားဟာ ၂၀၁၉ ခုႏွစ္က ေပၚတုိကေန ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေရႊ႕လာခဲ့သူျဖစ္ေပမယ့္ ရုန္းကန္ေနရသူျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ေတာင္အေမရိက ကစားသမားအတြက္ ေပါင္ ၃၆ သန္းေပးရန္ ရည္ရြယ္ထားျပီး ရီးရဲလ္မက္ဒရစ္အသင္းကလည္း ေရာင္းခ်ရန္ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ မီလီတာအိုဟာ ဒီရာသီမွာ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ (၃) ပြဲပဲ ကစားခြင့္ရထားသူျဖစ္ပါတယ္။