အောက်တိုဘာလ ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံး ဆုကို ဆွတ်ခူးသွားခဲ့တဲ့ စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်

စပါးအသင်းရဲ့ တိုက်စစ်မှူးဆွန်ဟောင်မင်ဟာ အောက်တိုဘာလ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ဆုကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ တောင်ကိုရီးယားတိုက်စစ်မှူးဟာ စပါးအသင်းရဲ့ အောက်တိုဘာလတုန်းက ကစားခဲ့တဲ့ (၃) ပွဲစလုံးမှာ ဂိုးတွေသွင်းခဲ့ပြီး လက်ရှိ ပရီးမီးယားလိဂ် ဂိုးအများဆုံးသွင်းထားသူများစာရင်း၌ ထိပ်ဆုံးမှာ ရပ်တည်နေသူဖြစ်ပါတယ်။

ဆွန်ဟောင်မင်ဟာ ယူနိုက်တက်အသင်းကို စပါးအသင်း (၆-၁) နဲ့ အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ပွဲမှာလည်း (၂) ဂိုးအထိ သွင်းပြီး (၁) ဂိုးဖန်တီးပေးခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ်ကစားသမားဟာ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲမှာလည်း (၁) ဂိုးသွင်း (၁) ဂိုးဖန်တီးပေးခဲ့ပြီး ဘန်လေအသင်းနဲ့ ပွဲမှာလည်း နောက်ကျ အနိုင်ဂိုးကို ခေါင်းတိုက် သွင်းယူပေးခဲ့သူဖြစ်ပါတယ်။


ဆွန်ဟောင်မင်အတွက်တော့ ဒီဆုဟာ တတိယအကြိမ်မြောက် ရရှိတာဖြစ်ပြီး ၂၀၁၆ စက်တင်ဘာလတုန်းက (၁)ကြိမ် နဲ့ ၂၀၁၇ ဧပြီလတုန်းက (၁) ကြိမ် ရရှိခဲ့ပါသေးတယ်။ ဆွန်ဟောင်မင်ဟာ ဒီဆုကို စပါးအသင်းဖော် ဟယ်ရီကိန်း၊ ချီအဒမ်စ်၊ ကိုအာဒီ၊ ဖော်နယ်လ်စ် ၊ ဂျက်ဂရီလစ်ရှ်၊ သီယာဂိုဆေးလ်ဗား နဲ့ ကိုင်လီဝေါ်ကာတို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။

ေအာက္တိုဘာလ ပရီးမီးယားလိဂ္တစ္လတာ အေကာင္းဆုံး ဆုကို ဆြတ္ခူးသြားခဲ့တဲ့ စပါးတိုက္စစ္မႉး ဆြန္ေဟာင္မင္

စပါးအသင္းရဲ႕ တိုက္စစ္မႉးဆြန္ေဟာင္မင္ဟာ ေအာက္တိုဘာလ ပရီးမီးယားလိဂ္ တစ္လတာ အေကာင္းဆုံး ဆုကို ဆြတ္ခူးသြားႏိုင္ခဲ့ပါတယ္။ ေတာင္ကိုရီးယားတိုက္စစ္မႉးဟာ စပါးအသင္းရဲ႕ ေအာက္တိုဘာလတုန္းက ကစားခဲ့တဲ့ (၃) ပြဲစလုံးမွာ ဂိုးေတြသြင္းခဲ့ၿပီး လက္ရွိ ပရီးမီးယားလိဂ္ ဂိုးအမ်ားဆုံးသြင္းထားသူမ်ားစာရင္း၌ ထိပ္ဆုံးမွာ ရပ္တည္ေနသူျဖစ္ပါတယ္။

ဆြန္ေဟာင္မင္ဟာ ယူႏိုက္တက္အသင္းကို စပါးအသင္း (၆-၁) နဲ႔ အေဝးကြင္းမွာ အႏိုင္ရခဲ့တဲ့ပြဲမွာလည္း (၂) ဂိုးအထိ သြင္းၿပီး (၁) ဂိုးဖန္တီးေပးခဲ့ပါတယ္။ အသက္ ၂၈ ႏွစ္အ႐ြယ္ကစားသမားဟာ ဝက္စ္ဟမ္းအသင္းနဲ႔ ပြဲမွာလည္း (၁) ဂိုးသြင္း (၁) ဂိုးဖန္တီးေပးခဲ့ၿပီး ဘန္ေလအသင္းနဲ႔ ပြဲမွာလည္း ေနာက္က် အႏိုင္ဂိုးကို ေခါင္းတိုက္ သြင္းယူေပးခဲ့သူျဖစ္ပါတယ္။

ဆြန္ေဟာင္မင္အတြက္ေတာ့ ဒီဆုဟာ တတိယအႀကိမ္ေျမာက္ ရရွိတာျဖစ္ၿပီး ၂၀၁၆ စက္တင္ဘာလတုန္းက (၁)ႀကိမ္ နဲ႔ ၂၀၁၇ ဧၿပီလတုန္းက (၁) ႀကိမ္ ရရွိခဲ့ပါေသးတယ္။ ဆြန္ေဟာင္မင္ဟာ ဒီဆုကို စပါးအသင္းေဖာ္ ဟယ္ရီကိန္း၊ ခ်ီအဒမ္စ္၊ ကိုအာဒီ၊ ေဖာ္နယ္လ္စ္ ၊ ဂ်က္ဂရီလစ္ရွ္၊ သီယာဂိုေဆးလ္ဗား နဲ႔ ကိုင္လီေဝၚကာတို႔ကို ေက်ာ္ျဖတ္ၿပီး ရရွိခဲ့တာ ျဖစ္ပါတယ္။