ပေါ်တူဂီလက်ရွေးစင်အသင်းမှာ အတွဲအဖက် မိစေရန် ရော်နယ်ဒို အနေနဲ့ ဝုလ်ဗ်အသင်းဆီ ပြောင်းရွှေ့သင့်တယ်လို့ ပြောဆိုလိုက်တဲ့ ဒီနေး

ဝက်ဖိုဒ့်တိုက်စစ်မှူး ဒီနေးက ဘောလွန်းဒီအောဆု (၅) ကြိမ် ရထားတဲ့ ရော်နယ်ဒိုအနေနဲ့ ဂျူဗင်တပ်စ်က ထွက်ခွာပြီး ပရီးမီးယားလိဂ်ကို ပြန်လာဖြစ်ခဲ့ရင် ဝုလ်ဗ်အသင်းမှာ ကစားသင့်တယ်လို့ ပြောသွားခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ်ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်ကနေ ထွက်ခွာမယ်လို့ မကြာသေးခင်က သတင်းများ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုကို ခေါ်ယူရန ်ပီအက်စ်ဂျီအသင်းက ရေပန်းအစားဆုံး ဖြစ်နေပေမယ့် ဒီနေးကတော့ အင်္ဂလန်ကို ရော်နယ်ဒို ပြန်လာဖြစ်ခဲ့ပါက ဝုလ်ဗ်အသင်းဆီ ပြောင်းရွှေ့သင့်တယ်လို့ ပြောခဲ့ပါတယ်။ “ကျွန်တော်ကတော့ ဝုလ်ဗ်အသင်းဟာ ပေါ်တူဂီ လက်ရွေးစင်အသင်းနဲ့ အချိတ်အဆက်မိစေမယ်လို့ ထင်ပါတယ်။ သူ့ကို ခေါ်နိုင်လိုက်တဲ့ အသင်းကတော့ အရမ်းကို အကျိုးရှိစေမှာပါ။ သူဟာ ဒီရာသီ စီးရီးအေမှာ လည်း ဂိုးတွေ သွင်းထားနေဆဲပါ။

ရော်နယ်ဒိုက ယူနိုက်တက်ကို ပြန်သွားမှာမဟုတ်ပါဘူး။ သူ့ကို သာ ခေါ်ယူခွင့်ရှိမယ်ဆိုရင် ပရီးမီးယားလိဂ်က ထိပ်သီးအသင်း (၁၀) သင်းက တော့ ကြိုးစားမှာ အသေအချာပါပဲ” လို့ ဒီနေးက ပြောခဲ့တာဖြစ်ပါတယ်။

နူနိုဆန်တိုရဲ့ ဝုလ်ဗ်အသင်းမှာ ပေါ်တူဂီ ကစားသမား (၈) ယောက်အထိရှိနေပါတယ်။ ပက်ထရီစီယို၊ ဗီနာဂရီ၊ ရူဘင်နီဗက်စ်၊ ဒန်နီရယ်ပိုဒန်စ့်၊ မော်တင်ဟို၊ နက်တို၊ ဖာရဲရား နဲ့ ဖေဘီယိုဒါဆေးလ်ဗားတို့ဟာ ပေါ်တူဂီလက်ရွေးစင်အသင်းက ကစားသမားတွေဖြစ်ပါတယ်။

ဝုလ်ဗ်အသင်းရဲ့ ပေါ်တူဂီကစားသမား (၇) ယောက်စလုံးဟာ ရော်နယ်ဒိုရဲ့ အေးဂျင့်လည်းဖြစ်တဲ့ ပေါ်တူဂီလူမျိုး စူပါအေးဂျင့် ဂျော့ချ်မန်းဒက်စ်နဲ့ လက်တွဲထားသူတွေဖြစ်ပြီး ဒီရာသီ အသင်းရဲ့ အင်္ကျီအသစ်ကလည်း ပေါ်တူဂီလက်ရွေးစင်အင်္ကျီ နဲ့ ဆင်တူနေပါတယ်။

ေပၚတူဂီလက္ေရြးစင္အသင္းမွာ အတြဲအဖက္ မိေစရန္ ေရာ္နယ္ဒို အေနနဲ႔ ၀ုလ္ဗ္အသင္းဆီ ေျပာင္းေရႊ႕သင့္တယ္လို႔ ေျပာဆိုလိုက္တဲ့ ဒီေနး

၀က္ဖိုဒ့္တိုက္စစ္မွဴး ဒီေနးက ေဘာလြန္းဒီေအာဆု (၅) ၾကိမ္ ရထားတဲ့ ေရာ္နယ္ဒိုအေနနဲ႔ ဂ်ဴဗင္တပ္စ္က ထြက္ခြာျပီး ပရီးမီးယားလိဂ္ကို ျပန္လာျဖစ္ခဲ့ရင္ ၀ုလ္ဗ္အသင္းမွာ ကစားသင့္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ အသက္ ၃၅ ႏွစ္အရြယ္ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္စ္ကေန ထြက္ခြာမယ္လို႔ မၾကာေသးခင္က သတင္းမ်ား ထြက္ေပၚခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒိုကို ေခၚယူရန ္ပီအက္စ္ဂ်ီအသင္းက ေရပန္းအစားဆံုး ျဖစ္ေနေပမယ့္ ဒီေနးကေတာ့ အဂၤလန္ကို ေရာ္နယ္ဒို ျပန္လာျဖစ္ခဲ့ပါက ၀ုလ္ဗ္အသင္းဆီ ေျပာင္းေရႊ႕သင့္တယ္လို႔ ေျပာခဲ့ပါတယ္။ “ကၽြန္ေတာ္ကေတာ့ ၀ုလ္ဗ္အသင္းဟာ ေပၚတူဂီ လက္ေရြးစင္အသင္းနဲ႔ အခ်ိတ္အဆက္မိေစမယ္လို႔ ထင္ပါတယ္။ သူ႔ကို ေခၚႏိုင္လိုက္တဲ့ အသင္းကေတာ့ အရမး္ကို အက်ိဳးရွိေစမွာပါ။ သူဟာ ဒီရာသီ စီးရီးေအမွာ လည္း ဂိုးေတြ သြင္းထားေနဆဲပါ။

ေရာ္နယ္ဒိုက ယူႏိုက္တက္ကို ျပန္သြားမွာမဟုတ္ပါဘူး။ သူ႔ကို သာ ေခၚယူခြင့္ရွိမယ္ဆိုရင္ ပရီးမီးယားလိဂ္က ထိပ္သီးအသင္း (၁၀) သင္းက ေတာ့ ၾကိဳးစားမွာ အေသအခ်ာပါပဲ” လို႔ ဒီေနးက ေျပာခဲ့တာျဖစ္ပါတယ္။

ႏူႏိုဆန္တိုရဲ႕ ၀ုလ္ဗ္အသင္းမွာ ေပၚတူဂီ ကစားသမား (၈) ေယာက္အထိရွိေနပါတယ္။ ပက္ထရီစီယို၊ ဗီနာဂရီ၊ ရူဘင္နီဗက္စ္၊ ဒန္နီရယ္ပိုဒန္စ့္၊ ေမာ္တင္ဟို၊ နက္တို၊ ဖာရဲရား နဲ႔ ေဖဘီယိုဒါေဆးလ္ဗားတို႔ဟာ ေပၚတူဂီလက္ေရြးစင္အသင္းက ကစားသမားေတြျဖစ္ပါတယ္။

၀ုလ္ဗ္အသင္းရဲ႕ ေပၚတူဂီကစားသမား (၇) ေယာက္စလံုးဟာ ေရာ္နယ္ဒိုရဲ႕ ေအးဂ်င့္လည္းျဖစ္တဲ့ ေပၚတူဂီလူမ်ိဳး စူပါေအးဂ်င့္ ေဂ်ာ့ခ်္မန္းဒက္စ္နဲ႔ လက္တြဲထားသူေတြျဖစ္ျပီး ဒီရာသီ အသင္းရဲ႕ အက်ၤီအသစ္ကလည္း ေပၚတူဂီလက္ေရြးစင္အက်ၤီ နဲ႔ ဆင္တူေနပါတယ္။