ဇူးမားအတွက် နွေရာသီတုန်းက စပါး နဲ့ အဲဗာတန် ကမ်းလှမ်းတာကို ပယ်ချခဲ့တဲ့ ချဲလ်ဆီးအသင်း

ချဲလ်ဆီးအသင်းဟာ နွေရာသီတုန်းက နောက်ခံလူ ဇူးမားအတွက် စပါးနဲ့ အဲဗာတန်က ကမ်းလှမ်းခဲ့တာကို ပယ်ချခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့အပြောင်းအရွှေ့တုန်းက အဆိုပါ ပရီးမီးယားလိဂ် ကလပ် (၂) သင်းစလုံးဟာ နောက်ခံလူအသစ်တစ်ယောက်ကို ရှာဖွေနေတာဖြစ်ပြီး ချဲလ်ဆီးအသင်းကလည်း သီယာဂိုဆေးလ်ဗားကို ခေါ်ယူခဲ့တာဖြစ်လို့ အသင်းက နောက်ခံလူ တစ်ယောက်ကို ရောင်းချဖွယ်ရှိခဲ့တာဖြစ်ပါတယ်။

ပြင်သစ်က သတင်းများအရ အဲဗာတန် နဲ့ ချဲလ်ဆီးရဲ့ လန်ဒန် ပြိုင်ဘက် စပါးအသင်းတို့ဟာ ဇူးမားကို တရားဝင်ကမ်းလှမ်းခဲ့ပေမယ့် လမ်းပတ်က ပြင်သစ်ကစားသမားကို ရောင်းချရန် မဟုတ်ဘူးလို့ ပြန်လည်အကြောင်းပြန်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၈-၁၉ ဘောလုံးရာသီတုန်းက အဲဗာတန်အသင်းအသင်းဆီ အငှားသွားရောက်ကစားခဲ့တဲ့ ဇူးမားဟာ ဒီရာသီမှာ စတန်းဖိုဒ့်ဘရစ်ချ်၌ သီယာဂိုဆေးလ်ဗား နဲ့အတူ လမ်းပတ်ရဲ့ ပွဲထွက် (၁၁) ယောက်လူစာရင်းမှာ ပုံမှန်ကစားခွင့်ရလာသူလည်း ဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ ချဲလ်ဆီးအသင်းအတွက် ပရီးမီးယား လိဂ် (၇) ပွဲအပြင် ပြိုင်ပွဲစုံ (၁၂) ပွဲကစားထားပါတယ်။ အဆိုပါ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၇) ပွဲမှာ ဇူးမားဟာ (၃) ဂိုးသွင်းထားပြီး ဒီစွမ်းဆောင်ရည်ဟာ အရင်တုန်းက သွင်းထားခဲ့တဲ့ ဂိုးသွင်းနှုန်းတွေအားလုံးထက် ပိုသာလွန်နေတဲ့ စွမ်းဆောင်ရည်လည်း ဖြစ်ပါတယ်။

ဇူးမားအတြက္ ေႏြရာသီတုန္းက စပါး နဲ႔ အဲဗာတန္ ကမ္းလွမ္းတာကို ပယ္ခ်ခဲ့တဲ့ ခ်ဲလ္ဆီးအသင္း

ခ်ဲလ္ဆီးအသင္းဟာ ေႏြရာသီတုန္းက ေနာက္ခံလူ ဇူးမားအတြက္ စပါးနဲ႔ အဲဗာတန္က ကမ္းလွမ္းခဲ့တာကို ပယ္ခ်ခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ ျပီးခဲ့တဲ့အေျပာင္းအေရႊ႕တုန္းက အဆုိပါ ပရီးမီးယားလိဂ္ ကလပ္ (၂) သင္းစလံုးဟာ ေနာက္ခံလူအသစ္တစ္ေယာက္ကို ရွာေဖြေနတာျဖစ္ျပီး ခ်ဲလ္ဆီးအသင္းကလည္း သီယာဂိုေဆးလ္ဗားကို ေခၚယူခဲ့တာျဖစ္လို႔ အသင္းက ေနာက္ခံလူ တစ္ေယာက္ကို ေရာင္းခ်ဖြယ္ရွိခဲ့တာျဖစ္ပါတယ္။

ျပင္သစ္က သတင္းမ်ားအရ အဲဗာတန္ နဲ႔ ခ်ဲလ္ဆီးရဲ႕ လန္ဒန္ ျပိဳင္ဘက္ စပါးအသင္းတို႔ဟာ ဇူးမားကို တရား၀င္ကမ္းလွမ္းခဲ့ေပမယ့္ လမ္းပတ္က ျပင္သစ္ကစားသမားကို ေရာင္းခ်ရန္ မဟုတ္ဘူးလို႔ ျပန္လည္အေၾကာင္းျပန္ခဲ့တယ္လို႔ သိရပါတယ္။ ၂၀၁၈-၁၉ ေဘာလံုးရာသီတုန္းက အဲဗာတန္အသင္းအသင္းဆီ အငွားသြားေရာက္ကစားခဲ့တဲ့ ဇူးမားဟာ ဒီရာသီမွာ စတန္းဖိုဒ့္ဘရစ္ခ်္၌ သီယာဂိုေဆးလ္ဗား နဲ႔အတူ လမ္းပတ္ရဲ႕ ပြဲထြက္ (၁၁) ေယာက္လူစာရင္းမွာ ပံုမွန္ကစားခြင့္ရလာသူလည္း ျဖစ္ပါတယ္။

အသက္ ၂၆ ႏွစ္အရြယ္ကစားသမားဟာ ခ်ဲလ္ဆီးအသင္းအတြက္ ပရီးမီးယား လိဂ္ (၇) ပြဲအျပင္ ျပိဳင္ပြဲစံု (၁၂) ပြဲကစားထားပါတယ္။ အဆုိပါ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ (၇) ပြဲမွာ ဇူးမားဟာ (၃) ဂိုးသြင္းထားျပီး ဒီစြမ္းေဆာင္ရည္ဟာ အရင္တုန္းက သြင္းထားခဲ့တဲ့ ဂိုးသြင္းႏႈန္းေတြအားလံုးထက္ ပိုသာလြန္ေနတဲ့ စြမ္းေဆာင္ရည္လည္း ျဖစ္ပါတယ္။