ဆွန်ဟောင်မင်ကို (၆) နှစ်စာချုပ် သက်တမ်းတိုးရန် ဆွေးနွေးနေပြီဖြစ်တဲ့ စပါးအသင်း

စပါးအသင်းဟာ အသင်းရဲ့အဓိက တောင်ပံတိုက်စစ်ကစားသမား ဆွန်ဟောင်မင်ကို အသင်းရဲ့ လစာအများဆုံးကစားသမားဖြစ်စေမယ့် စာချုပ်သစ် (၆) နှစ် ချုပ်ဆိုရန် ဆွေးနွေးနေပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသက် ၂၈ နှစ်အရွယ်ကစားသမားဟာ ဒီရာသီမှာ စပါးအသင်းအတွက် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ (၁၃) ပွဲကစားကာ (၁၀) ဂိုးသွင်း (၅) ဂိုးဖန်တီးပေးထားသူလည်း ဖြစ်ပါတယ်။

လက်ရှိပရီးမီးယားလိဂ်ဂိုးအများဆုံး သွင်းထားသူများစာရင်းမှာ (၈) ဂိုး နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ဆွန်ဟောင်မင်ကို စပါးအသင်းက လစာတိုးပြီး ကာလရှည် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုရန် ပြင်ဆင်နေပြီလို့ The Guardian သတင်းဌာနရဲ့ အဆိုအရ သိရပါတယ်။ လက်ရှိအသင်းမှာ တစ်ပတ် ပေါင် ၁သိန်း ၄ သောင်း ရရှိနေပြီး ၂၀၂၃ ခုနှစ်မှ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပေမယ့် စပါးအသင်းရဲ့ ဘုတ်အဖွဲ့က အခြားအသင်းတွေရဲ့ စိတ်ဝင်စားမှုကနေ ကာကွယ်ချင်လို့ စာချုပ်သက်တမ်းတိုးချင်နေတာဖြစ်ပါတယ်။

တောင်ကိုးရီးယားလက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ (၅) နှစ်အတွင်း အသင်းအတွက် ပြိုင်ပွဲစုံ (၂၃၇) ပွဲကစားပြီး (၉၄) ဂိုးသွင်းကာ အသင်းရဲ့ အဓိက ကြယ်ပွင့်တစ်ယောက်ဖြစ်လာပါတယ်။

ဆြန္ေဟာင္မင္ကို (၆) ႏွစ္စာခ်ဳပ္ သက္တမ္းတိုးရန္ ေဆြးေႏြးေနျပီျဖစ္တဲ့ စပါးအသင္း

စပါးအသင္းဟာ အသင္းရဲ႕အဓိက ေတာင္ပံတိုက္စစ္ကစားသမား ဆြန္ေဟာင္မင္ကို အသင္းရဲ႕ လစာအမ်ားဆံုးကစားသမားျဖစ္ေစမယ့္ စာခ်ဳပ္သစ္ (၆) ႏွစ္ ခ်ဳပ္ဆိုရန္ ေဆြးေႏြးေနျပီလို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ အသက္ ၂၈ ႏွစ္အရြယ္ကစားသမားဟာ ဒီရာသီမွာ စပါးအသင္းအတြက္ ေျခစြမ္းျပေနျပီး ျပိဳင္ပြဲစံု (၁၃) ပြဲကစားကာ (၁၀) ဂိုးသြင္း (၅) ဂိုးဖန္တီးေပးထားသူလညး္ ျဖစ္ပါတယ္။

လက္ရွိပရီးမီးယားလိဂ္ဂိုးအမ်ားဆံုး သြင္းထားသူမ်ားစာရင္းမွာ (၈) ဂိုး နဲ႔ ထိပ္ဆံုးမွာ ရပ္တည္ေနတဲ့ ဆြန္ေဟာင္မင္ကို စပါးအသင္းက လစာတိုးျပီး ကာလရွည္ စာခ်ဳပ္သစ္တစ္ရပ္ ခ်ဳပ္ဆိုရန္ ျပင္ဆင္ေနျပီလို႔ The Guardian သတင္းဌာနရဲ႕ အဆိုအရ သိရပါတယ္။ လက္ရွိအသင္းမွာ တစ္ပတ္ ေပါင္ ၁သိန္း ၄ ေသာင္း ရရွိေနျပီး ၂၀၂၃ ခုႏွစ္မွ စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာ ျဖစ္ေပမယ့္ စပါးအသင္းရဲ႕ ဘုတ္အဖြဲ႔က အျခားအသင္းေတြရဲ႕ စိတ္၀င္စားမႈကေန ကာကြယ္ခ်င္လို႔ စာခ်ဳပ္သက္တမ္းတိုးခ်င္ေနတာျဖစ္ပါတယ္။

ေတာင္ကိုးရီးယားလက္ေရြးစင္ကစားသမားဟာ ျပီးခဲ့တဲ့ (၅) ႏွစ္အတြင္း အသင္းအတြက္ ျပိဳင္ပြဲစံု (၂၃၇) ပြဲကစားျပီး (၉၄) ဂိုးသြင္းကာ အသင္းရဲ႕ အဓိက ၾကယ္ပြင့္တစ္ေယာက္ျဖစ္လာပါတယ္။