လိုက်ပ်ဇ်ကွင်းလယ်လူ ဆာဘစ်ဇာ ကို ခေါ်ယူရန် စဉ်းစားနေတဲ့ စပါးအသင်း

စပါးအသင်းဟာ လိုက်ပ်ဇစ်ကွင်းလယ်လူ ဆာဘစ်ဇာကို ခေါ်ယူရန် ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ စပါးအသင်းရဲ့ ကွင်းလယ်လူ ဒယ်လီအလီဟာ ပုံမှန်ခြေစွမ်းမပြနိုင်တော့လို့ ပရီးမီးယားလိဂ်အသင်းဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို နောက်ထပ်ရွေးချယ်စရာရှိအောင် အင်အားဖြည့်တင်းချင်နေတာဖြစ်ပါတယ်။

စပါးအသင်းအနေနဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမားကို ရောင်းချနိုင်ပါက မော်ရင်ဟိုအတွက် အစားထိုးလို့ရမယ့် ကစားသမားကို ခေါ်ယူပေးဖွယ်ရှိနေပါတယ်။ Bild သတင်းဌာနရဲ့ ဖော်ပြချက်အရ စပါးအသင်းဟာ လိုက်ပ်ဇစ်အသင်းက စာချုပ်သက်တမ်း ၁၈ လ ကျန်တော့တဲ့ သြစတြီးယား ကွင်းလယ်လူ ဆာဘစ်ဇာကို ခေါ်ယူရန် ချဉ်းကပ်နေတယ်လို့ သိရပါတယ်။

အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ လိုက်ပ်ဇစ်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်သော်လည်း အနာဂတ်မှာ စိန်ခေါ်မှုရရှိရန်အတွက် အသင်းကို ဖွင့်ပြောဖွယ်ရှိနေပါတယ်။ ဘွန်ဒက်စ်လီဂါကလပ်အသင်းနဲ့ (၅) နှစ်ခွဲကာလကို ဖြတ်သန်းခဲ့တဲ့ချိန်မှာ ဆာဘစ်ဇာဟာ ပြိုင်ပွဲစုံ (၁၆၂) ပွဲကစားထားပြီး (၃၇) ဂိုးသွင်းပေးထားသူ ဖြစ်ပါတယ်။

လိုက္ပ္ဇ္ကြင္းလယ္လူ ဆာဘစ္ဇာ ကို ေခၚယူရန္ စဥ္းစားေနတဲ့ စပါးအသင္း

စပါးအသင္းဟာ လိုက္ပ္ဇစ္ကြင္းလယ္လူ ဆာဘစ္ဇာကို ေခၚယူရန္ ပစ္မွတ္ထားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ စပါးအသင္းရဲ႕ ကြင္းလယ္လူ ဒယ္လီအလီဟာ ပံုမွန္ေျခစြမ္းမျပႏိုင္ေတာ့လို႔ ပရီးမီးယားလိဂ္အသင္းဟာ အသင္းရဲ႕ ကြင္းလယ္ပိုင္းကို ေနာက္ထပ္ေရြးခ်ယ္စရာရွိေအာင္ အင္အားျဖည့္တင္းခ်င္ေနတာျဖစ္ပါတယ္။

စပါးအသင္းအေနနဲ႔ အဂၤလန္လက္ေရြးစင္ကစားသမားကို ေရာင္းခ်ႏိုင္ပါက ေမာ္ရင္ဟိုအတြက္ အစားထိုးလို႔ရမယ့္ ကစားသမားကို ေခၚယူေပးဖြယ္ရွိေနပါတယ္။ Bild သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ စပါးအသင္းဟာ လုိက္ပ္ဇစ္အသင္းက စာခ်ဳပ္သက္တမ္း ၁၈ လ က်န္ေတာ့တဲ့ ၾသစၾတီးယား ကြင္းလယ္လူ ဆာဘစ္ဇာကို ေခၚယူရန္ ခ်ဥ္းကပ္ေနတယ္လို႔ သိရပါတယ္။

အသက္ ၂၆ ႏွစ္အရြယ္ကစားသမားဟာ လိုက္ပ္ဇစ္အသင္းရဲ႕ အဓိက ကစားသမားတစ္ေယာက္ျဖစ္ေသာ္လည္း အနာဂတ္မွာ စိန္ေခၚမႈရရွိရန္အတြက္ အသင္းကို ဖြင့္ေျပာဖြယ္ရွိေနပါတယ္။ ဘြန္ဒက္စ္လီဂါကလပ္အသင္းနဲ႔ (၅) ႏွစ္ခြဲကာလကို ျဖတ္သန္းခဲ့တဲ့ခ်ိန္မွာ ဆာဘစ္ဇာဟာ ျပိဳင္ပြဲစံု (၁၆၂) ပြဲကစားထားျပီး (၃၇) ဂိုးသြင္းေပးထားသူ ျဖစ္ပါတယ္။