အသင်းဖော်အသစ်တွေဖြစ်တဲ့ သီယာဂိုဆေးလ်ဗား နဲ့ ဇီယက်ကို ချီးကျူးလိုက်တဲ့ ချဲလ်ဆီးနောက်ခံလူ ရီစီဂျိမ်းစ်

ချဲလ်ဆီးနောက်ခံလူ ရီစီဂျိမ်းစ်က အသင်းကို နွေရာသီအပြောင်းအရွှေ့ကမှ ရောက်ရှိလာတဲ့ သီယာဂိုဆေးလ်ဗား နဲ့ ဇီယက် တို့ရဲ့ စွမ်းဆောင်ရည်တွေအပေါ် ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ အသက် ၂၀ အရွယ် အင်္ဂလန်ညာနောက်ခံလူဟာ ချဲလ်ဆီးအသင်းနဲ့အတူ ရာသီအစကတည်းက ပုံမှန်ပွဲကစားခွင့်ရလာပြီး ချီးကျူးမှု အများအပြားကို ခံနေရသူ ဖြစ်ပါတယ်။ ရီစီဂျိမ်းစ်ကို ကြာသပတေးနေ့ည ကစားမယ့် အင်္ဂလန် နဲ့ အိုင်ယာလန် ခြေစမ်းပွဲမှာ ပါဝင်မယ်လို့ မျှော်လင့်နေပါတယ်။

ပြီးခဲ့တဲ့ ယူအီးအက်ဖ်အေနေရှင်းလိဂ် နောက်ဆုံးပွဲမှာ ထိခဲ့တဲ့ အနီကတ်ပြစ်ဒဏ်ကြောင့် ရီစီဂျိမ်းစ်ဟာ အင်္ဂလန်အသင်းရဲ့ နောက်ပွဲစဉ်တွေဖြစ်တဲ့ ဘယ်လ်ဂျီယံ နဲ့ အိုက်စလန်ပွဲတွေကို လွဲချော်မှာဖြစ်ပေမယ့် နောက်နွေရာသီမှာကစားမယ့် ယူရိုပြိုင်ပွဲမှာ ရွေးချယ်ခွင့်ရရန် စိန်ခေါ်ရဦးမှာ ဖြစ်ပါတယ်။အေဂျက်အသင်းကနေ ပေါင် ၃၈ သန်းနဲ့ ရောက်ရှိလာတဲ့ ဇီယက်ဟာ ရာသီအစက ဒူးဒဏ်ရာ ရရှိခဲ့သော်လည်း အသင်းအတွက် ခြေစွမ်းပြကစားနေပေးပါတယ်။

မော်ရိုကို လက်ရွေးစင်ကစားသမားဟာ ချဲလ်ဆီးအသင်းရဲ့ နောက်ဆုံးကစားခဲ့တဲ့ (၄) ပွဲမှာ (၂) ဂိုးသွင်းပြီး (၃) ဂိုးအထိ ဖန်တီးပေးထားသူ ဖြစ်ပါတယ်။ပီအက်စ်ဂျီအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ အသက် ၃၆ နှစ်အရွယ် ဘရာဇီးနောက်ခံလူ သီယာဂိုဆေးလ်ဗားကလည်း အသင်းဆီကို သူ့ရဲ့ ခေါင်းဆောင်အရည်အသွေးတွေကို ယူဆောင်လာပြီး အကောင်းဆုံး စွမ်းဆောင်ပေးပါတယ်။

“သီယာဂိုက များပြားလှတဲ့ အတွေ့အကြုံတွေကို ယူလာသူပါ။ သူနဲ့အတူ ကျွန်တော် အခု တေ်ာတော်ကြာကြာ တွဲကစားနေရပါတယ်။ သူက ကျွန်တော့်ကို အများကြီး အကူအညီပေးပါတယ်။ သူဘာကြောင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်သလဲဆိုတာ အားလုံးလည်း မြင်ရမှာပါ။ ဇီယက်ကလည်း အစောကတည်းက လေ့ကျင့်ရေးမှာ သူ့ရဲ့ အရည်အချင်းတွေကို ပြသထားသူပါ။ သူအသင်းအတွက် စကစားပေးတော့ သူ့ဘယ်လောက်ကောင်းသလဲဆိုတာ အားလုံးတွေ့မှာပါ။ သူ့ရဲ့ ဘယ်ခြေက မယုံနိုင်လောက်စရာကို ကောင်းလွန်းပါတယ်” လို့ ရီစီဂျိမ်းစ်က The Athletic ကို ပြောသွားခဲ့တာဖြစ်ပါတယ်။

အသင္းေဖာ္အသစ္ေတြျဖစ္တဲ့ သီယာဂိုေဆးလ္ဗား နဲ႔ ဇီယက္ကို ခ်ီးက်ဴးလိုက္တဲ့ ခ်ဲလ္ဆီးေနာက္ခံလူ ရီစီဂ်ိမ္းစ္

ခ်ဲလ္ဆီးေနာက္ခံလူ ရီစီဂ်ိမ္းစ္က အသင္းကို ေႏြရာသီအေျပာင္းအေရႊ႕ကမွ ေရာက္ရွိလာတဲ့ သီယာဂိုေဆးလ္ဗား နဲ႔ ဇီယက္ တို႔ရဲ႕ စြမ္းေဆာင္ရည္ေတြအေပၚ ခ်ီးက်ဴးေျပာဆိုသြားခဲ့ပါတယ္။ အသက္ ၂၀ အရြယ္ အဂၤလန္ညာေနာက္ခံလူဟာ ခ်ဲလ္ဆီးအသင္းနဲ႔အတူ ရာသီအစကတည္းက ပံုမွန္ပြဲကစားခြင့္ရလာျပီး ခ်ီးက်ဴးမႈ အမ်ားအျပားကို ခံေနရသူ ျဖစ္ပါတယ္။ ရီစီဂ်ိမ္းစ္ကို ၾကာသပေတးေန႔ည ကစားမယ့္ အဂၤလန္ နဲ႔ အိုင္ယာလန္ ေျခစမ္းပြဲမွာ ပါ၀င္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

ျပီးခဲ့တဲ့ ယူအီးအက္ဖ္ေအေနရွင္းလိဂ္ ေနာက္ဆံုးပြဲမွာ ထိခဲ့တဲ့ အနီကတ္ျပစ္ဒဏ္ေၾကာင့္ ရီစီဂ်ိမ္းစ္ဟာ အဂၤလန္အသင္းရဲ႕ ေနာက္ပြဲစဥ္ေတြျဖစ္တဲ့ ဘယ္လ္ဂ်ီယံ နဲ႔ အိုက္စလန္ပြဲေတြကို လြဲေခ်ာ္မွာျဖစ္ေပမယ့္ ေနာက္ေႏြရာသီမွာကစားမယ့္ ယူရိုျပိဳင္ပြဲမွာ ေရြးခ်ယ္ခြင့္ရရန္ စိန္ေခၚရဦးမွာ ျဖစ္ပါတယ္။ေအဂ်က္အသင္းကေန ေပါင္ ၃၈ သန္းနဲ႔ ေရာက္ရွိလာတဲ့ ဇီယက္ဟာ ရာသီအစက ဒူးဒဏ္ရာ ရရွိခဲ့ေသာ္လည္း အသင္းအတြက္ ေျခစြမ္းျပကစားေနေပးပါတယ္။

ေမာ္ရိုကို လက္ေရြးစင္ကစားသမားဟာ ခ်ဲလ္ဆီးအသင္းရဲ႕ ေနာက္ဆံုးကစားခဲ့တဲ့ (၄) ပြဲမွာ (၂) ဂိုးသြင္းျပီး (၃) ဂိုးအထိ ဖန္တီးေပးထားသူ ျဖစ္ပါတယ္။ပီအက္စ္ဂ်ီအသင္းကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူခဲ့တဲ့ အသက္ ၃၆ ႏွစ္အရြယ္ ဘရာဇီးေနာက္ခံလူ သီယာဂိုေဆးလ္ဗားကလည္း အသင္းဆီကို သူ႔ရဲ႕ ေခါင္းေဆာင္အရည္အေသြးေတြကို ယူေဆာင္လာျပီး အေကာင္းဆံုး စြမ္းေဆာင္ေပးပါတယ္။

“သီယာဂိုက မ်ားျပားလွတဲ့ အေတြ႕အၾကံဳေတြကို ယူလာသူပါ။ သူန႔ဲအတူ ကၽြန္ေတာ္ အခု ေတ္ာေတာ္ၾကာၾကာ တြဲကစားေနရပါတယ္။ သူက ကၽြန္ေတာ့္ကို အမ်ားၾကီး အကူအညီေပးပါတယ္။ သူဘာေၾကာင့္ ကမာၻ႕အေကာင္းဆံုး ကစားသမားေတြထဲက တစ္ေယာက္ျဖစ္သလဲဆိုတာ အားလံုးလည္း ျမင္ရမွာပါ။ ဇီယက္ကလည္း အေစာကတည္းက ေလ့က်င့္ေရးမွာ သူ႔ရဲ႕ အရည္အခ်င္းေတြကို ျပသထားသူပါ။ သူအသင္းအတြက္ စကစားေပးေတာ့ သူ႔ဘယ္ေလာက္ေကာင္းသလဲဆိုတာ အားလံုးေတြ႕မွာပါ။ သူ႔ရဲ႕ ဘယ္ေျခက မယံုႏိုင္ေလာက္စရာကို ေကာင္းလြန္းပါတယ္” လို႔ ရီစီဂ်ိမ္းစ္က The Athletic ကို ေျပာသြားခဲ့တာျဖစ္ပါတယ္။