ဂွါဒီယိုလာနေရာမှာ အစားထိုးရန် ဂျူလီယန်နာဂယ်စ်မန်းကို စောင့်ကြည့်နေတဲ့ မန်စီးတီးအသင်း

မန်စီးတီးအသင်းဟာ အသင်းကနေ ဂွါဒီယိုလာ ထွက်ခွာဖြစ်ပါက အစားထိုးရန် လိုက်ပ်ဇစ်နည်းပြ ဂျူလီယန်နာဂယ်စ်မန်းကို စဉ်းစားနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ စပိန်လူမျိုးနည်းပြကြီးဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်နေလို့ အနာဂတ်နဲ့ ပတ်သက်ပြီး သတင်းတွေ မျိုးစုံ ထွက်ပေါ်နေတာဖြစ်ပါတယ်။

မကြာသေးခင်တုန်းကလည်း ဘာစီလိုနာနည်းပြဟောင်းဟာ အသင်းဟောင်း ဆီပြန်သွားမယ်လို့ ပြောကြားခဲ့ပေမယ့် စာချုပ်သစ်အတွက် မြန်မြန်ဆန်ဆန်မလုပ်ဘူးလို့ ပြောခဲ့ပါသေးတယ်။ မန်စီးတီးအသင်းဟာ ဂွါဒီယိုလာ အသင်းကနေ ထွက်ခွာသွားပါက အစားထိုးရန် ဂျူလီယန်နာဂယ်စ်မန်းကို ရည်ရွယ်ထားတာလည်းဖြစ်ပါတယ်။

Sport Bild သတင်းဌာနဲ့ အဆိုအရ မန်စီးတီးအသင်းအနေနဲ့ ဂျာမန်လူမျိုးနည်းပြကို ခေါ်ယူလိုပါက လိုက်ပ်ဇ်အသင်းထံ ပေါင် ၈.၉၅ သန်းပေးရမယ်လို့ သိရပါတယ်။ လိုက်ပ်ဇစ်အသင်းကို ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်အထိရောက်အောင် ပို့ဆောင်ပေးခဲ့ပြီး အသင်းသမိုင်းမှာ အအောင်မြင်ဆုံးဖြစ်အောင် လုပ်ပေးခဲ့တဲ့ နည်းပြကို မန်ယူနိုက်တက်အသင်းကလည်း နည်းပြဆိုးလ်ရှားနေရာမှာ အစားထိုးရန် စိတ်ဝင်စားခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။

ဂြါဒီယိုလာေနရာမွာ အစားထိုးရန္ ဂ်ဴလီယန္နာဂယ္စ္မန္းကို ေစာင့္ၾကည့္ေနတဲ့ မန္စီးတီးအသင္း

မန္စီးတီးအသင္းဟာ အသင္းကေန ဂြါဒီယိုလာ ထြက္ခြာျဖစ္ပါက အစားထိုးရန္ လိုက္ပ္ဇစ္နည္းျပ ဂ်ဴလီယန္နာဂယ္စ္မန္းကို စဥ္းစားေနတယ္လုိ႔ သတင္းထြက္ေပၚလာပါတယ္။ စပိန္လူမ်ိဳးနည္းျပၾကီးဟာ မန္စီးတီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ေနာက္ဆံုးႏွစ္ကို ေရာက္ေနလို႔ အနာဂတ္နဲ႔ ပတ္သက္ျပီး သတင္းေတြ မ်ိဳးစံု ထြက္ေပၚေနတာျဖစ္ပါတယ္။

မၾကာေသးခင္တုန္းကလည္း ဘာစီလိုနာနည္းျပေဟာင္းဟာ အသင္းေဟာင္း ဆီျပန္သြားမယ္လို႔ ေျပာၾကားခဲ့ေပမယ့္ စာခ်ဳပ္သစ္အတြက္ ျမန္ျမန္ဆန္ဆန္မလုပ္ဘူးလို႔ ေျပာခဲ့ပါေသးတယ္။ မန္စီးတီးအသင္းဟာ ဂြါဒီယိုလာ အသငး္ကေန ထြက္ခြာသြားပါက အစားထိုးရန္ ဂ်ဴလီယန္နာဂယ္စ္မန္းကို ရည္ရြယ္ထားတာလည္းျဖစ္ပါတယ္။

Sport Bild သတင္းဌာနဲ႔ အဆုိအရ မန္စီးတီးအသင္းအေနနဲ႔ ဂ်ာမန္လူမ်ိဳးနည္းျပကို ေခၚယူလိုပါက လိုက္ပ္ဇ္အသင္းထံ ေပါင္ ၈.၉၅ သန္းေပးရမယ္လို႔ သိရပါတယ္။ လိုက္ပ္ဇစ္အသင္းကို ျပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္အဆင့္အထိေရာက္ေအာင္ ပို႔ေဆာင္ေပးခဲ့ျပီး အသင္းသမိုင္းမွာ အေအာင္ျမင္ဆံုးျဖစ္ေအာင္ လုပ္ေပးခဲ့တဲ့ နည္းျပကို မန္ယူႏုိက္တက္အသင္းကလည္း နည္းျပဆိုးလ္ရွားေနရာမွာ အစားထိုးရန္ စိတ္၀င္စားခဲ့တယ္လို႔ သတင္းထြက္ခဲ့ပါတယ္။