ယူနိုက်တက်မှာ ကစားချိန်နည်းပါးနေတာနဲ့ ပတ်သက်ပြီး သူဟာ ကစားခွင့်နဲ့ ထိုက်တန်တယ်လို့ ဝန်ခံပြောကြားလာတဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က ယူနိုက်တက်ကို ပြောင်းရွှေ့လာပြီးနောက် ကစားချိန်နည်းပါးတာနဲ့ ပတ်သက်ပြီး ဗန်ဒီဘိခ်က ဝန်ခံပြောသွားခဲ့ပါတယ်။ ဗန်ဒီဘိခ်ဟာ အေဂျက်အသင်းကနေ ပေါင်သန်း ၄၀ နဲ့ ပြောင်းရွှေ့လာပြီးနောက် ချန်ပီယံလိဂ်မှာ ပွဲထွက်ကစားခွင့်တွေ နဲ့ လူစားဝင်ကစားခွင့်တွေ ရရှိထားသော်လည်း ဒီရာသီပရီးမီးယားလိဂ်မှာ တစ်ပွဲမှ ပွဲကစားခွင့်မရသေးပါဘူး။

ဗုဒ္ဓဟူးနေ့ညက စပိန်နဲ့ ဟော်လန် (၁-၁) သရေကျခဲ့တဲ့ပွဲမှာ (၁) ဂိုးသွင်းခဲ့ပြီးနောက် အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ဆိုးလ်ရှားရဲ့ အသင်းမှာ ပုံမှန်ကစားခွင့်မရတာနဲ့ ပတ်သက်ပြီး ပြောသွားခဲ့တာဖြစ်ပါတယ်။

“ဒါကို လူတိုင်းလည်း ကြားဖူးနေကြ ဖြစ်မှာပါ။ ဘာကြောင့်လဲဆိုတော့ သေချာတာကတော့ ကျွန်တော်လည်း ပွဲကစားချိန်ပိုရချင်ပေမယ့် ကျွန်တော်က တစ်ကယ့်အသင်းကောင်းမှာ ရောက်နေပါတယ်။ အားလုံးကလည်း ကျွန်တော့်ကို ကူညီကြပါတယ်။

ကျွန်တော်က သည်းခံတတ်တဲ့ လူဖြစ်ပေမယ့် ပွဲကစားချိန်တော့ ပိုရနိုင်သလောက ်ရချင်ပါတယ်။ ကျွန်တော်ကစားခွင့်ရလိုက်တဲ့ မိနစ်တိုင်းမှာ ကျွန်တော့်စိတ်ထဲမှာ အသင်းအတွက် တစ်ခုခု လုပ်ပေးရန် သက်သေပြမယ်လို့ တွေးလေ့ရှိပါတယ်” လို့ ဗန်ဒီဘိခ်က NOS သတင်းဌာနကို ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။

ယူနိုက်တက်ကွင်းလယ်မှာ ဘရူနိုဖာနန်ဒက်စ်၊ ပေါ့ဘာ၊ ဖရက်ဒ်၊ တွမ်မီနေး နဲ့ မာတစ်တို့ ရှိနေတဲ့အတွက် ဗန်ဒီဘိခ်ဟာ ပွဲကစားချိန်ရရန် ရုန်းကန်နေရတာဖြစ်ပါတယ်။ဗန်ဒီဘိခ်ရဲ့ ဟော်လန်အသင်းဟာ ဘော့စနီးယား နဲ့ ဟာဇီဂိုဗီနာ အသင်းတို့နဲ့ နောက်ထပ် (၂) ပွဲကစားရန် ကျန်ရှိနေပါသေးတယ်။

ယူႏိုက္တက္မွာ ကစားခ်ိန္နည္းပါးေနတာနဲ႔ ပတ္သက္ျပီး သူဟာ ကစားခြင့္နဲ႔ ထိုက္တန္တယ္လို႔ ၀န္ခံေျပာၾကားလာတဲ့ ကြင္းလယ္လူ ဗန္ဒီဘိခ္

ျပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕က ယူႏိုက္တက္ကို ေျပာင္းေရႊ႕လာျပီးေနာက္ ကစားခ်ိန္နည္းပါးတာနဲ႔ ပတ္သက္ျပီး ဗန္ဒီဘိခ္က ၀န္ခံေျပာသြားခဲ့ပါတယ္။ ဗန္ဒီဘိခ္ဟာ ေအဂ်က္အသင္းကေန ေပါင္သန္း ၄၀ နဲ႔ ေျပာင္းေရႊ႕လာျပီးေနာက္ ခ်န္ပီယံလိဂ္မွာ ပြဲထြက္ကစားခြင့္ေတြ နဲ႔ လူစား၀င္ကစားခြင့္ေတြ ရရွိထားေသာ္လည္း ဒီရာသီပရီးမီးယားလိဂ္မွာ တစ္ပြဲမွ ပြဲကစားခြင့္မရေသးပါဘူး။ ဗုဒၶဟူးေန႔ညက စပိန္နဲ႔ ေဟာ္လန္ (၁-၁) သေရက်ခဲ့တဲ့ပြဲမွာ (၁) ဂိုးသြင္းခဲ့ျပီးေနာက္ အသက္ ၂၃ ႏွစ္အရြယ္ကစားသမားဟာ ဆိုးလ္ရွားရဲ႕ အသင္းမွာ ပံုမွန္ကစားခြင့္မရတာနဲ႔ ပတ္သက္ျပီး ေျပာသြားခဲ့တာျဖစ္ပါတယ္။

“ဒါကို လူတိုင္းလည္း ၾကားဖူးေနၾက ျဖစ္မွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ေသခ်ာတာကေတာ့ ကၽြန္ေတာ္လည္း ပြဲကစားခ်ိန္ပိုရခ်င္ေပမယ့္ ကၽြန္ေတာ္က တစ္ကယ့္အသင္းေကာင္းမွာ ေရာက္ေနပါတယ္။ အားလံုးကလည္း ကၽြန္ေတာ့္ကို ကူညီၾကပါတယ္။ ကၽြန္ေတာ္က သည္းခံတတ္တဲ့ လူျဖစ္ေပမယ့္ ပြဲကစားခ်ိန္ေတာ့ ပိုရႏိုင္သေလာက ္ရခ်င္ပါတယ္။ ကၽြန္ေတာ္ကစားခြင့္ရလိုက္တဲ့ မိနစ္တိုင္းမွာ ကၽြန္ေတာ့္စိတ္ထဲမွာ အသင္းအတြက္ တစ္ခုခု လုပ္ေပးရန္ သက္ေသျပမယ္လို႔ ေတြးေလ့ရွိပါတယ္” လို႔ ဗန္ဒီဘိခ္က NOS သတင္းဌာနကို ပြဲအျပီးမွာ ေျပာသြားခဲ့ပါတယ္။

ယူႏုိက္တက္ကြင္းလယ္မွာ ဘရူႏိုဖာနန္ဒက္စ္၊ ေပါ့ဘာ၊ ဖရက္ဒ္၊ တြမ္မီေနး နဲ႔ မာတစ္တို႔ ရွိေနတဲ့အတြက္ ဗန္ဒီဘိခ္ဟာ ပြဲကစားခ်ိန္ရရန္ ရုန္းကန္ေနရတာျဖစ္ပါတယ္။ဗန္ဒီဘိခ္ရဲ႕ ေဟာ္လန္အသင္းဟာ ေဘာ့စနီးယား နဲ႔ ဟာဇီဂိုဗီနာ အသင္းတို႔နဲ႔ ေနာက္ထပ္ (၂) ပြဲကစားရန္ က်န္ရွိေနပါေသးတယ္။