စီရော်နယ်ဒိုက ပြန်လည်ခေါ်ယူဖို့အတွက် ယူနိုက်တက်အနေနဲ့ နီးစပ်မှုရှိနေပြီလို့ ESPN သတင်းဌာနက ဖော်ပြခဲ့


ဂျူဗင်တပ်အသင်းနဲ့ အဆင်မပြေမှုတွေဖြစ်နေတာကြောင့် အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်နေပြီး ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်နေတဲ့ စီရော်နယ်ဒိုကို အသင်းဟောင်းဖြစ်တဲ့ ယူနိုက်တက်က ပြန်လည်ခေါ်ယူဖို့ နီးစပ်နေ ပြီလို့ ESPN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ESPN ရဲ့ ရုပ်သံတင်ဆက်သူ ခရစ္စတီယန်မာတင်က စီရော်နယ်ဒိုရဲ့ နောက် ထပ်ပြောင်းရွှေ့မယ့်အသင်းက ယူနိုက်တက်ဖြစ်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။


၂၀၂၂ ခုနှစ်နွေရာသီမှ ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တဲ့ စီရော်နယ်ဒိုဟာ ပီအက်စ်ဂျီအသင်းမှာ ကစားဖို့ စိတ်ဝင်စားတယ်လို့ ပြောခဲ့ပြီး ပီအက်စ်ဂျီဘက်ကလည်း ခေါ်ယူဖို့အတွက် ငြင်းဆန်ခြင်းမပြုထားတာကြောင့် စီရော်နယ်ဒိုအနေနဲ့ နောက်ထပ် အောင်မြင်မှုအတွက် ပြင်သစ်မြေကို ပြောင်းရွှေ့နိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေ တာလည်း ဖြစ်ပါတယ်။


စီရော်နယ်ဒိုဟာ ယူနိုက်တက်မှာ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ကစားခဲ့သူဖြစ်ပြီး ရီးရဲလ်ကို ပြောင်းရွှေ့သွားခဲ့ ပြီးနောက် ၉ နှစ်ကြာကစားပြီးမှ ဂျူဗင်တပ်ကို ထပ်မံရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ယူနိုက်တက်နဲ့အတူ ကမ္ဘာ့အကောင်း ဆုံးကစားသမားဆုကို တစ်ကြိမ်ရခဲ့ပြီး ရီးရဲလ်မှာ အကောင်းဆုံးကစားသမားဆုနောက်ထပ် ၄ကြိမ်ရခဲ့တဲ့ စီရော်နယ်ဒို အနေနဲ့လည်း ကစားသမားဘဝအစ အောင်မြင်မှုရခဲ့တဲ့ ယူနိုက်တက်ကို ပြန်လည်ပြောင်းရွှေ့ချင်ကြောင်း ပြောခဲ့ဖူးပါတယ်။

zawgyi version

စီေရာ္နယ္ဒိုက ျပန္လည္ေခၚယူဖို႔အတြက္ ယူႏိုက္တက္အေနနဲ႔ နီးစပ္မႈရွိေနၿပီလို႔ ESPN သတင္းဌာနက ေဖာ္ျပခဲ့
ဂ်ဴဗင္တပ္အသင္းနဲ႔ အဆင္မေျပမႈေတြျဖစ္ေနတာေၾကာင့္ အသင္းေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေနၿပီး ပီအက္စ္ဂ်ီကို ေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေနတဲ့ စီေရာ္နယ္ဒိုကို အသင္းေဟာင္းျဖစ္တဲ့ ယူႏိုက္တက္က ျပန္လည္ေခၚယူဖို႔ နီးစပ္ေန ၿပီလို႔ ESPN သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ ESPN ရဲ႕ ႐ုပ္သံတင္ဆက္သူ ခရစၥတီယန္မာတင္က စီေရာ္နယ္ဒိုရဲ႕ ေနာက္ ထပ္ေျပာင္းေရႊ႕မယ့္အသင္းက ယူႏိုက္တက္ျဖစ္တယ္လို႔ ေျပာခဲ့တာျဖစ္ပါတယ္။
၂၀၂၂ ခုႏွစ္ေႏြရာသီမွ ဂ်ဴဗင္တပ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာျဖစ္တဲ့ စီေရာ္နယ္ဒိုဟာ ပီအက္စ္ဂ်ီအသင္းမွာ ကစားဖို႔ စိတ္ဝင္စားတယ္လို႔ ေျပာခဲ့ၿပီး ပီအက္စ္ဂ်ီဘက္ကလည္း ေခၚယူဖို႔အတြက္ ျငင္းဆန္ျခင္းမျပဳထားတာေၾကာင့္ စီေရာ္နယ္ဒိုအေနနဲ႔ ေနာက္ထပ္ ေအာင္ျမင္မႈအတြက္ ျပင္သစ္ေျမကို ေျပာင္းေရႊ႕ႏိုင္တယ္လို႔ သတင္းေတြထြက္ေပၚေန တာလည္း ျဖစ္ပါတယ္။
စီေရာ္နယ္ဒိုဟာ ယူႏိုက္တက္မွာ ၂၀၀၃ ခုႏွစ္ကေန ၂၀၀၉ ခုႏွစ္အထိ ကစားခဲ့သူျဖစ္ၿပီး ရီးရဲလ္ကို ေျပာင္းေရႊ႕သြားခဲ့ ၿပီးေနာက္ ၉ ႏွစ္ၾကာကစားၿပီးမွ ဂ်ဴဗင္တပ္ကို ထပ္မံေရာက္ရွိခဲ့တာပဲ ျဖစ္ပါတယ္။ ယူႏိုက္တက္နဲ႔အတူ ကမ႓ာ့အေကာင္း ဆံုးကစားသမားဆုကို တစ္ႀကိမ္ရခဲ့ၿပီး ရီးရဲလ္မွာ အေကာင္းဆံုးကစားသမားဆုေနာက္ထပ္ ၄ႀကိမ္ရခဲ့တဲ့ စီေရာ္နယ္ဒို အေနနဲ႔လည္း ကစားသမားဘဝအစ ေအာင္ျမင္မႈရခဲ့တဲ့ ယူႏိုက္တက္ကို ျပန္လည္ေျပာင္းေရႊ႕ခ်င္ေၾကာင္း ေျပာခဲ့ဖူးပါ တယ္။