အင်္ဂလန်လက်ရွေးစင်အသင်းမှာဒဏ်ရာရခဲ့တဲ့လီဗာပူးလ်နောက်ခံလူ ဂျိုးဂိုးမက်ဇ်


လီဗာပူးလ်နောက်ခံလူ ဂျိုးဂိုးမက်ဇ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ သိရပါတယ်။ လီဗာပူးလအသင်းရဲ့ ဗဟိုနောက်ခံလူဖြစ်တဲ့ ဗန်ဒိုက်ချ်ဟာ ရာသီကုန်အထိ အနားယူနေရပြီး သူ့နေရာမှာ အစားဝင်ကစားနေတဲ့ ကွင်းလယ်လူ ဖေဘင်ဟိုကလည်း ထပ်မံဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။ နွေရာသီတုန်းက ခေါ်ယူထားတဲ့ ဘယ်နောက်ခံလူ ဆီမီကပ်စ်ကလည်း အနားယူနေရပြီး ကွင်းလယ်လူ တွေဖြစ်တဲ့ သီယာဂို နဲ့ ချိန်ဘာလိန်တို့လည်း ဒဏ်ရာကြောင်းအနားယူနေရဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲမှာ အသင်းရဲ့ အားထားရတဲ့ ညာနောက်ခံလူ အာနိုးလ်ကလည်း ဒဏ်ရာရရှိခဲ့ပြီး တစ်လ လောက် အနားယူရဖွယ်ရှိနေပါတယ်။ ယခုအခါ ဗဟိုနောက်ခံလူနောက်ထပ်တစ်ယောက် ဂျိုးဂိုးမက်ဇ်ထပ်မံ အနားယူရမှာဖြစ်လို့ လီဗာပူးလ်အသင်းအတွက်တော့ ဒီရာသီဟာ ခက်ခဲကြမ်းတမ်းဦးမှာ ဖြစ်ပါတယ်။