အင်တာမီလန်နောက်ခံလူ ဒီအမ်ဘရိုစီယိုကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူရန် စဉ်းစားနေတဲ့ အာဆင်နယ်အသင်း

အာဆင်နယ်အသင်းဟာ အင်တာမီလန်နောက်ခံလူ အမ်ဘရိုစီယိုကို အပြောင်းအရွှေ့အတွက် ပစ်မှတ်ထားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ကစားသမားဟာ ၂၀၂၀-၂၁ ဘောလုံးရာသီမှာ အင်တာမီလန်အသင်းအတွက် အဓိက အခန်းကဏ္ဍကနေ စွမ်းဆောင်ပေးနေပြီး (၈) ပွဲကစား (၂) ဂိုးသွင်းပေးထားသူ ဖြစ်ပါတယ်။

အီတလီလက်ရွေးစင်ကစားသမားရဲ့ လက်ရှိဆန်စီရိုကလပ်အသင်းနဲ့ စာချုပ်သက်တမ်းက နောက်နှစ်ဇွန်လမှာကုန်ဆုံးမှာဖြစ်နေလို့ သူ့အနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ နိုင်ငံခြားကလပ်အသင်းတစ်သင်းနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးခွင့်ရထားပါတယ်။နည်းပြအာတီတာအနေနဲ့ အသင်းရဲ့ နောက်တန်းကို ဒီထက်ပိုတောင့်တင်းအောင် တိုးတက်ချင်နေတဲ့အတွက် အာဆင်နယ်အသင်းဟာ ၂၀၂၁ အစမှာပဲ ဒီအမ်ဘရိုစီယိုကို ပစ်မှတ်ထားလို့ရနေတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ နည်းလမ်းအတိုင်းဆိုရင် ဇန်နဝါရီမှာ အီတလီကစားသမားနဲ့ အကြိုသဘောတူညီမှု ယူထားပြီးမှာ နောက် နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖွယ်ရှိနေပါတယ်။ သို့သော်လည်း အင်တာမီလန်အသင်းက ကစားသမားကို စာချုပ်သက်တမ်းမတိုးနိုင်ရင် ၂၀၂၁ အစမှာပဲ ရောင်းချဖို့ လုပ်သွားဖွယ်ရှိနေပါတယ်။ ဒီအမ်ဘရိုစီယိုဟာ အင်တာမီလန်အသင်းဆီကို ၂၀၁၄ ခုနှစ်ကမှ တိုရီနို အသင်းဆီကနေ ရောက်ရှိလာသူဖြစ်ပြီး (၂၁၇) ပွဲကစားပေးထားသူလည်း ဖြစ်ပါတယ်။

အင္တာမီလန္ေနာက္ခံလူ ဒီအမ္ဘရိုစီယိုကို ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ေခၚယူရန္ စဥ္းစားေနတဲ့ အာဆင္နယ္အသင္း

အာဆင္နယ္အသင္းဟာ အင္တာမီလန္ေနာက္ခံလူ အမ္ဘရိုစီယိုကို အေျပာင္းအေရႊ႕အတြက္ ပစ္မွတ္ထားေနတယ္လို႔ သတင္းထြက္ေပၚလာခဲ့ပါတယ္။ အသက္ ၃၂ ႏွစ္အရြယ္ရွိေနျပီျဖစ္တဲ့ကစားသမားဟာ ၂၀၂၀-၂၁ ေဘာလံုးရာသီမွာ အင္တာမီလန္အသင္းအတြက္ အဓိက အခန္းက႑ကေန စြမ္းေဆာင္ေပးေနျပီး (၈) ပြဲကစား (၂) ဂိုးသြင္းေပးထားသူ ျဖစ္ပါတယ္။

အီတလီလက္ေရြးစင္ကစားသမားရဲ႕ လက္ရွိဆန္စီရိုကလပ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းက ေနာက္ႏွစ္ဇြန္လမွာကုန္ဆံုးမွာျဖစ္ေနလုိ႔ သူ႔အေနနဲ႔ ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ႏိုင္ငံျခားကလပ္အသင္းတစ္သင္းနဲ႔ အေျပာင္းအေရႊ႕အတြက္ ေဆြးေႏြးခြင့္ရထားပါတယ္။နည္းျပအာတီတာအေနနဲ႔ အသင္းရဲ႕ ေနာက္တန္းကို ဒီထက္ပိုေတာင့္တင္းေအာင္ တိုးတက္ခ်င္ေနတဲ့အတြက္ အာဆင္နယ္အသင္းဟာ ၂၀၂၁ အစမွာပဲ ဒီအမ္ဘရိုစီယိုကို ပစ္မွတ္ထားလို႔ရေနတာ ျဖစ္ပါတယ္။

အာဆင္နယ္အသင္းရဲ႕ နည္းလမ္းအတိုင္းဆိုရင္ ဇန္န၀ါရီမွာ အီတလီကစားသမားနဲ႔ အၾကိဳသေဘာတူညီမႈ ယူထားျပီးမွာ ေနာက္ ေႏြရာသီမွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူသြားဖြယ္ရွိေနပါတယ္။ သို႔ေသာ္လည္း အင္တာမီလန္အသင္းက ကစားသမားကို စာခ်ဳပ္သက္တမ္းမတိုးႏိုင္ရင္ ၂၀၂၁ အစမွာပဲ ေရာင္းခ်ဖို႔ လုပ္သြားဖြယ္ရွိေနပါတယ္။ ဒီအမ္ဘရိုစီယိုဟာ အင္တာမီလန္အသင္းဆီကို ၂၀၁၄ ခုႏွစ္ကမွ တိုရီႏို အသင္းဆီကေန ေရာက္ရွိလာသူျဖစ္ျပီး (၂၁၇) ပြဲကစားေပးထားသူလည္း ျဖစ္ပါတယ္။