ပေါ့ဘာထွက်ခွာသွားရင် ဂျက်ဂရီလစ်ရှ်ကို ခေါ်ယူရန် ပြန်လည်စဉ်းစားနေတဲ့ ယူနိုက်တက်အသင်း

ယူနိုက်တက်အသင်းဟာ အိုးထရက်ဖိုဒ့်ကနေ ပေါ့ဘာထွက်ခွာသွားပါက အက်စတွန်ဗီလာ ကွင်းလယ်လူ ဂျက်ဂရီလစ်ရှ်ကို ခေါ်ယူသွားရန် ပြန်လည်စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ပေါ့ဘာဟာ နည်းပြဆိုးလ်ရှားရဲ့ ပွဲထွက်လူစာရင်းမှာ ပုံမှန်ရုန်းကန်နေရပြီး ပြင်သစ်လက်ရွေးစင်နည်းပြ ဒက်ချမ့်စ်ကလည်း ကွင်းလယ်လူဟာ လက်ရှိ ယူနိုက်တက်၌ မပျော်မရွှင်ဖြစ်နေတယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလား ရရှိခဲ့တဲ့ ကစားသမားဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာရန်သတင်းတွေ ထွက်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းကလည်း ၂၀၂၁ မှာ ကစားသမားကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ယူနိုက်တက်ညနေခင်းသတင်းများရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းရဲ့ အကြီးအကဲတွေဟာ အသင်းကနေ ပေါ့ဘာနောက်နွေရာသီမှာ ထွက်ခွာသွားပါက အက်စတွန်ဗီလာအသင်းခေါင်းဆောင် ဂျက်ဂရီလစ်ရှ်ကို ခေါ်ယူရန် ပြန်လည် ကြိုးစားသွားမယ်လို့ သိရပါတယ်။

အက်စတွန်ဗီလာအသင်းဟာ ဂျက်ဂရီလစ်ရှ်ကို ၂၀၂၅ ခုနှစ်အထိ မကြာသေးခင်ကမှ စာချုပ်သက်တမ်း တိုးထားသော်လည်းယူနိုက်တက်က ယခုလိုပြန်လည် စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။ သို့သော်လည်း အက်စတွန်ဗီလာအသင်းဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့တုန်းက ပေါင်သန်း ၈၀ သတ်မှတ်ထားတာဖြစ်ပြီး ဒီရာသီမှာလည်း ဂျက်ဂရီလစ်ရှ်ရဲ့ စွမ်းဆောင်ရည်တွေကြောင့် ဒီထက်တောင် တန်ကြေး များသွားနိုင်ဖွယ်ရှိနေပါတယ်။

အသက် ၂၅ နှစ်အရွယ်ကစားသမားဟာ ၂၀၂၀-၂၁ ဘောလုံးရာသီ ပရီးမီးာယးလိဂ်မှာ ဒင်းစမစ်ရဲ့ အသင်းအတွက် (၄) ဂိုးသွင်း (၅) ဂိုးဖန်တီးထားပြီး ပြီးခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ပွဲမှာလည်း ဗီလာအသင်းရဲ့ တတိယမြောက်ဂိုးကို အိုလီဝက်ကင်စ်အတွက် ဖန်တီးပေးခဲ့သူဖြစ်ပါတယ်။

ေပါ့ဘာထြက္ခြာသြားရင္ ဂ်က္ဂရီလစ္ရွ္ကို ေခၚယူရန္ ျပန္လည္စဥ္းစားေနတဲ့ ယူႏိုက္တက္အသင္း

ယူႏိုက္တက္အသင္းဟာ အုိးထရက္ဖုိဒ့္ကေန ေပါ့ဘာထြက္ခြာသြားပါက အက္စတြန္ဗီလာ ကြင္းလယ္လူ ဂ်က္ဂရီလစ္ရွ္ကို ေခၚယူသြားရန္ ျပန္လည္စဥ္းစားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ေပါ့ဘာဟာ နည္းျပဆိုးလ္ရွားရဲ႕ ပြဲထြက္လူစာရင္းမွာ ပံုမွန္ရုန္းကန္ေနရျပီး ျပင္သစ္လက္ေရြးစင္နည္းျပ ဒက္ခ်မ့္စ္ကလည္း ကြင္းလယ္လူဟာ လက္ရွိ ယူႏိုက္တက္၌ မေပ်ာ္မရႊင္ျဖစ္ေနတယ္လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

ျပင္သစ္လက္ေရြးစင္အသင္းနဲ႔ ကမာၻ႕ဖလား ရရွိခဲ့တဲ့ ကစားသမားဟာ ယူႏိုက္တက္အသင္းကေန ထြက္ခြာရန္သတင္းေတြ ထြက္ခဲ့ျပီး ရီးရဲလ္မက္ဒရစ္အသင္းကလည္း ၂၀၂၁ မွာ ကစားသမားကို ေခၚယူႏိုင္မယ္လို႔ ယံုၾကည္ေနပါတယ္။ ယူႏိုက္တက္ညေနခင္းသတင္းမ်ားရဲ႕ ေဖာ္ျပခ်က္အရ ယူႏိုက္တက္အသင္းရဲ႕ အၾကီးအကဲေတြဟာ အသင္းကေန ေပါ့ဘာေနာက္ေႏြရာသီမွာ ထြက္ခြာသြားပါက အက္စတြန္ဗီလာအသင္းေခါင္းေဆာင္ ဂ်က္ဂရီလစ္ရွ္ကို ေခၚယူရန္ ျပန္လည္ ၾကိဳးစားသြားမယ္လို႔ သိရပါတယ္။

အက္စတြန္ဗီလာအသင္းဟာ ဂ်က္ဂရီလစ္ရွ္ကို ၂၀၂၅ ခုႏွစ္အထိ မၾကာေသးခင္ကမွ စာခ်ဳပ္သက္တမ္း တိုးထားေသာ္လည္းယူႏိုက္တက္က ယခုလိုျပန္လည္ စိတ္၀င္စားလာတာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း အက္စတြန္ဗီလာအသင္းဟာ ျပီးခဲ့တဲ့အေျပာင္းအေရႊ႕တုန္းက ေပါင္သန္း ၈၀ သတ္မွတ္ထားတာျဖစ္ျပီး ဒီရာသီမွာလည္း ဂ်က္ဂရီလစ္ရွ္ရဲ႕ စြမ္းေဆာင္ရည္ေတြေၾကာင့္ ဒီထက္ေတာင္ တန္ေၾကး မ်ားသြားႏိုင္ဖြယ္ရွိေနပါတယ္။

အသက္ ၂၅ ႏွစ္အရြယ္ကစားသမားဟာ ၂၀၂၀-၂၁ ေဘာလံုးရာသီ ပရီးမီးာယးလိဂ္မွာ ဒင္းစမစ္ရဲ႕ အသင္းအတြက္ (၄) ဂိုးသြင္း (၅) ဂိုးဖန္တီးထားျပီး ျပီးခဲ့တဲ့ အာဆင္နယ္အသင္းနဲ႔ ပြဲမွာလည္း ဗီလာအသင္းရဲ႕ တတိယေျမာက္ဂိုးကို အိုလီ၀က္ကင္စ္အတြက္ ဖန္တီးေပးခဲ့သူျဖစ္ပါတယ္။