ပေါ့ဘာကို ယူနိုက်တက်အသင်း ဖြစ်နိုင်သမျှ မြန်မြန်ရောင်းချသင့်တယ်လို့ ဆိုလိုက်တဲ့ ကာရေဂါ

လီဗာပူးလ်အသင်းခေါင်းဆောင်ဟောင်း ကာရေဂါက ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ပေါ့ဘာက ကစားသမားကောင်းတစ်ယောက် မဟုတ်တဲ့အတွက် ဖြစ်နိုင်သမျှ မြန်မြန် ရောင်းချသင့်တယ်လို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ၂၀၁၆ ခုနှစ်က ဂျူဗင်တပ်စ်အသင်းဆီကနေ ပြောင်းရွှေ့ခဲ့သော်လည်း အစောပိုင်းမှာ ခြေစွမ်းပြခဲ့ပေမယ့် နောက်ပိုင်း ရုန်းကန်ခဲ့နေရသူဖြစ်ပါတယ်။

လက်ရှိရာသီမှာလည်း ပေါ့ဘာဟာ ပုံမှန်ကစားခွင့်တောင် မရတော့တဲ့ အနေအထားကို ရောက်နေပါတယ်။ မကြာသေးခင်က ထွက်ရှိလာတဲ့ သတင်းများအရ ယူနိုက်တက်အသင်းဟာ နောက်နွေရာသီမှာ ပေါ့ဘာကို ပေါင် ၅၄ သန်းနဲ့ ရောင်းချချင်နေတယ်လို့ သိရပါတယ်။ ကာရေဂါက ယူနိုက်တက်အနေနဲ့ ပေါ့ဘာရဲ့ စာချုပ်သက်တမ်း မကုန်ဆုံးခင် ရောင်းချသင့်တယ်လို့ တိုက်တွန်းသွားခဲ့တာဖြစ်ပါတယ်။

“သူဟာ ဘယ်နေရာ ၊ ဘယ်လို နည်းစနစ်နဲ့မဆို အဆင်မပြေ ဖြစ်နေပါတယ်။ နည်းပြတွေ ဘယ်လောက်ပြောင်းပြောင်း ဒီအတိုင်းပါပဲ။ သူ့ကို ယူနိုက်တက်မှာ ကျွန်တော့်အနေနဲ့ ရွေးချယ်မလားဆိုရင် No ပါ။ သူဟာ နာမည်ကြီးလို့ ဒီကို ပြောင်းရွှေ့ကြေး မြင့်မြင့်မားမားနဲ့ ရောက်လာတာပါ။ ဒါပေမယ့် သူဟာ ကြီးကျယ်တဲ့ ကစားသမားကောင်းတစ်ယောက်မဟုတ်ပါဘူး။ လူတွေက သူဟာ ကမ္ဘာ့ဖလား ရတယ်လို့ ပြောနေတာကို ကျွန်တော်သိပါတယ်။

ဒါပေမယ့် သူဒီကို ရောက်လာတော့လည်း သူဟာ လမ်းပတ် တို့ ဂျာရတ်တို့လို စွမ်းဆောင်နိုင်မယ်လို့ ကျွန်တော်ထင်ခဲ့ပါတယ်” လို့ ကာရေဂါက talkSPORT အစီအစဉ်မှာ ပြောသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပေါ့ဘာကို နောက်နွေရာသီမှာ ခေါ်ယူရန် စဉ်းစားနေပြီး ဂျူဗင်တပ်စ်အသင်းကလည်း သူတို့ရဲ့ ကစားသမားဟောင်းကို ပြန်လည်ခေါ်ယူရန် စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ေပါ့ဘာကို ယူႏိုက္တက္အသင္း ျဖစ္ႏိုင္သမွ် ျမန္ျမန္ေရာင္းခ်သင့္တယ္လို႔ ဆိုလိုက္တဲ့ ကာေရဂါ

လီဗာပူးလ္အသင္းေခါင္းေဆာင္ေဟာင္း ကာေရဂါက ယူႏိုက္တက္အသင္းရဲ႕ ကြင္းလယ္လူ ေပါ့ဘာက ကစားသမားေကာင္းတစ္ေယာက္ မဟုတ္တဲ့အတြက္ ျဖစ္ႏိုင္သမွ် ျမန္ျမန္ ေရာင္းခ်သင့္တယ္လို႔ တိုက္တြန္းေျပာဆိုသြားခဲ့ပါတယ္။ အသက္ ၂၇ ႏွစ္အရြယ္ကစားသမားဟာ ၂၀၁၆ ခုႏွစ္က ဂ်ဴဗင္တပ္စ္အသင္းဆီကေန ေျပာင္းေရႊ႕ခဲ့ေသာ္လည္း အေစာပိုင္းမွာ ေျခစြမ္းျပခဲ့ေပမယ့္ ေနာက္ပိုင္း ရုန္းကန္ခဲ့ေနရသူျဖစ္ပါတယ္။

လက္ရွိရာသီမွာလည္း ေပါ့ဘာဟာ ပံုမွန္ကစားခြင့္ေတာင္ မရေတာ့တဲ့ အေနအထားကို ေရာက္ေနပါတယ္။ မၾကာေသးခင္က ထြက္ရွိလာတဲ့ သတင္းမ်ားအရ ယူႏိုက္တက္အသင္းဟာ ေနာက္ေႏြရာသီမွာ ေပါ့ဘာကို ေပါင္ ၅၄ သန္းနဲ႔ ေရာင္းခ်ခ်င္ေနတယ္လို႔ သိရပါတယ္။ ကာေရဂါက ယူႏုိက္တက္အေနနဲ႔ ေပါ့ဘာရဲ႕ စာခ်ဳပ္သက္တမ္း မကုန္ဆံုးခင္ ေရာင္းခ်သင့္တယ္လို႔ တိုက္တြန္းသြားခဲ့တာျဖစ္ပါတယ္။

“သူဟာ ဘယ္ေနရာ ၊ ဘယ္လို နည္းစနစ္နဲ႔မဆို အဆင္မေျပ ျဖစ္ေနပါတယ္။ နည္းျပေတြ ဘယ္ေလာက္ေျပာင္းေျပာင္း ဒီအတိုင္းပါပဲ။ သူ႔ကို ယူႏိုက္တက္မွာ ကၽြန္ေတာ့္အေနနဲ႔ ေရြးခ်ယ္မလားဆိုရင္ No ပါ။ သူဟာ နာမည္ၾကီးလို႔ ဒီကို ေျပာင္းေရႊ႕ေၾကး ျမင့္ျမင့္မားမားနဲ႔ ေရာက္လာတာပါ။ ဒါေပမယ့္ သူဟာ ၾကီးက်ယ္တဲ့ ကစားသမားေကာင္းတစ္ေယာက္မဟုတ္ပါဘူး။ လူေတြက သူဟာ ကမာၻ႕ဖလား ရတယ္လို႔ ေျပာေနတာကို ကၽြန္ေတာ္သိပါတယ္။

ဒါေပမယ့္ သူဒီကို ေရာက္လာေတာ့လည္း သူဟာ လမ္းပတ္ တို႔ ဂ်ာရတ္တို႔လို စြမ္းေဆာင္ႏိုင္မယ္လို႔ ကၽြန္ေတာ္ထင္ခဲ့ပါတယ္” လို႔ ကာေရဂါက talkSPORT အစီအစဥ္မွာ ေျပာသြားခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ ေပါ့ဘာကို ေနာက္ေႏြရာသီမွာ ေခၚယူရန္ စဥ္းစားေနျပီး ဂ်ဴဗင္တပ္စ္အသင္းကလည္း သူတို႔ရဲ႕ ကစားသမားေဟာင္းကို ျပန္လည္ေခၚယူရန္ စိတ္၀င္စားေနတာ ျဖစ္ပါတယ္။