ဒန်နီရယ်လ်ဂျိမ်းစ်ကို ဇန်နဝါရီမှာ အငှားချရန် စီစဉ်နေတဲ့ ယူနိုက်တက်အသင်း

ယူနိုက်တက်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ တောင်ပံတိုက်စစ်ကစားသမား ဒန်နီရယ်လ်ဂျိမ်းစ်ကို အငှားချသွားဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ၂၀၂၀-၂၁ ဘောလုံးရာသီ၌ ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ် (၃) ပွဲအပါအဝင် စုစုပေါင်း (၅) ပွဲကစားထားသော်လည်း ခြေစွမ်းပြနိုင်ခြင်းမရှိခဲ့ပါဘူး။

ဒန်နီရယ်လ်ဂျိမ်းစ်ဟာ ယူနိုက်တက်ရဲ့ နောက်ဆုံး ပရီးမီးယားလိဂ် (၂) ပွဲမှာလည်း ပါဝင်ကစားခွင့်မရခဲ့တဲ့အပြင် အသင်းဆီကို နောက်ထပ်တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ ကာဗာနီ ရောက်ရှိလာတဲ့အတွက် ဒီရာသီမှာ ပုံမှန်ကစားချိန်ရဖို့တောင် ရုန်းကန်ရနိုင်ပါတယ်။ ဝေးလ်လက်ရွေးစင်ကစားသမားကို နွေရာသီအပြောင်းအရွှေ့တုန်းက လိဒ်ယူနိုက်တက်အသင်းက ခေါ်ယူရန် ဆက်သွယ်ခဲ့ပေမယ့် ယူနိုက်တက်အသင်းက အဲ့ဒီတုန်းက လက်မခံခဲ့တာဖြစ်ပါတယ်။

The Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ ၂၀၂၁ မှာ အသင်းဆီကို အတ္တလန္တာက ဒီယာလိုလည်း ရောက်လာမှာဖြစ်တဲ့အတွက် ဆိုးလ်ရှားဟာ ဆွမ်ဆီးတိုက်စစ်ကစားသမားဟောင်းကို အငှားချဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒန်နီရယ်လ်ဂျိမ်းစ်ဟာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၅၁) ပွဲကစားထားပြီး (၄) ဂိုးသွင်း (၇) ဂိုးဖန်တီးပေးထားသူလည်းဖြစ်ပါတယ်။

ဒန္နီရယ္လ္ဂ်ိမး္စ္ကို ဇန္န၀ါရီမွာ အငွားခ်ရန္ စီစဥ္ေနတဲ့ ယူႏိုက္တက္အသင္း

ယူႏိုက္တက္အသင္းဟာ ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ေတာင္ပံတိုက္စစ္ကစားသမား ဒန္နီရယ္လ္ဂ်ိမ္းစ္ကို အငွားခ်သြားဖြယ္ရွိတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ကစားသမားဟာ ၂၀၂၀-၂၁ ေဘာလံုးရာသီ၌ ယူႏိုက္တက္အသင္းအတြက္ ပရီးမီးယားလိဂ္ (၃) ပြဲအပါအ၀င္ စုစုေပါင္း (၅) ပြဲကစားထားေသာ္လည္း ေျခစြမ္းျပႏိုင္ျခင္းမရွိခဲ့ပါဘူး။

ဒန္နီရယ္လ္ဂ်ိမး္စ္ဟာ ယူႏိုက္တက္ရဲ႕ ေနာက္ဆံုး ပရီးမီးယားလိဂ္ (၂) ပြဲမွာလည္း ပါ၀င္ကစားခြင့္မရခဲ့တဲ့အျပင္ အသင္းဆီကို ေနာက္ထပ္တိုက္စစ္မွဴးတစ္ေယာက္ျဖစ္တဲ့ ကာဗာနီ ေရာက္ရွိလာတဲ့အတြက္ ဒီရာသီမွာ ပံုမွန္ကစားခ်ိန္ရဖို႔ေတာင္ ရုန္းကန္ရႏိုင္ပါတယ္။   ေ၀းလ္လက္ေရြးစင္ကစားသမားကို ေႏြရာသီအေျပာင္းအေရႊ႕တုန္းက လိဒ္ယူႏိုက္တက္အသင္းက ေခၚယူရန္ ဆက္သြယ္ခဲ့ေပမယ့္ ယူႏိုက္တက္အသင္းက အဲ့ဒီတုန္းက လက္မခံခ့ဲတာျဖစ္ပါတယ္။

The Mirror သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ၂၀၂၁ မွာ အသင္းဆီကို အတၱလႏာၱက ဒီယာလိုလည္း ေရာက္လာမွာျဖစ္တဲ့အတြက္ ဆိုးလ္ရွားဟာ ဆြမ္ဆီးတိုက္စစ္ကစားသမားေဟာင္းကို အငွားခ်ဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။ ဒန္နီရယ္လ္ဂ်ိမ္းစ္ဟာ ယူႏိုက္တက္အသင္းအတြက္ ျပိဳင္ပြဲစံု (၅၁) ပြဲကစားထားျပီး (၄) ဂိုးသြင္း (၇) ဂိုးဖန္တီးေပးထားသူလည္းျဖစ္ပါတယ္။