၁၉၉၉ ခုနှစ်ဖလားသုံးလုံးချန်ပီယံဖြစ်ခဲ့တဲ့ ယူနိုက်တက်ရဲ့ သူရဲကောင်း အင်ဒီကိုးက အသင်းမှာ စိတ်ပိုင်းဆိုင်ရာကြံခိုင်မှု လိုအပ်နေတယ်လို့ ပြောခဲ့


ယူနိုက်တက်အသင်းရဲ့ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ၁၉၉၉ ခုနှစ်က ချန်ပီယံလိဂ်အပါအဝင် တစ်ရာသီအတွင်းဖလား သုံးလုံးရရှိမှုမှာ အဓိက,ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ အင်ဒီကိုးက လက်ရှိယူနိုက်တက်အသင်းရဲ့အခြေအနေက စိတ်ပိုင်း ဆိုင်ရာ ကြံခိုင်မှုလိုအပ်နေတယ်လို့ ပြောခဲ့ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိမှာ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီး နည်းပြ ဆိုးလ်ရှားရဲ့ အနာဂတ်ကလည်း မသေမချာဖြစ်နေတယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။


အသက် ၄၉ နှစ်ရှိနေပြီဖြစ်တဲ့ အင်ဒီကိုးက ဖလားသုံးလုံးရယူနိုင်ခဲ့ချိန်မှာ အသင်းဖော်ဖြစ်ခဲ့တဲ့ လက်ရှိနည်းပြ ဆိုးလ်ရှား အနေနဲ့ အသင်းကို အကောင်းဆုံးဦးဆောင်နိုင်ပေမယ့် ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာကြံခိုင်မှုအားနည်းနေတာ ကြောင့် အသင်းအနေနဲ့ ရုန်းကန်နေရတာဖြစ်ပြီး ကစားသမားတွေအနေနဲ့ အနိုင်ရလိုစိတ်မြင့်မားနေဖို့ လိုအပ်ကြောင်းကို လည်း ပြောခဲ့ပါတယ်။


အင်ဒီကိုးက “ အသင်းတစ်သင်းအနေနဲ့ အောင်မြင်မှုရဖို့ ကြိုးစားနေတဲ့အချိန်မှာ တစ်ယောက်တည်းကြိုးစားနေလို့ မရပါ ဘူး။ အသင်းရဲ့ဂန္တဝင်နည်းပြကြီး ဖာဂူဆန်ဆိုရင် အသင်းကိုစိတ်ဓာတ်မြှင့်တင်မှု အကောင်းဆုံးလုပ်နိုင်ပြီး ကစားသမား တွေကလည်း နိုင်ချင်စိတ်အပြည့်ရှိတာကြောင့် အသင်းကအောင်မြင်မှုတွေရခဲ့ပြီး ပရီးမီးယားလိဂ်မှာ ချန်ပီယံ ၁၃ ကြိမ် အထိဖြစ်ခဲ့ပါတယ်။ အောင်မြင်မှုတွေထဲမှာ ၁၉၉၉ ခုနှစ်ချန်ပီယံလိဂ်အောင်မြင်မှုက အသင်းရဲ့အနိုင်လိုချင်တဲ့စိတ်ဓာတ်ကို တွေ့ရမှာပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version

၁၉၉၉ ခုႏွစ္ဖလားသံုးလံုးခ်န္ပီယံျဖစ္ခဲ့တဲ့ ယူႏိုက္တက္ရဲ႕ သူရဲေကာင္း အင္ဒီကိုးက အသင္းမွာ စိတ္ပိုင္းဆိုင္ရာၾကံခိုင္မႈ လိုအပ္ေနတယ္လို႔ ေျပာခဲ့
ယူႏိုက္တက္အသင္းရဲ႕ကစားသမားေဟာင္းတစ္ဦးျဖစ္ၿပီး ၁၉၉၉ ခုႏွစ္က ခ်န္ပီယံလိဂ္အပါအဝင္ တစ္ရာသီအတြင္းဖလား သံုးလံုးရရွိမႈမွာ အဓိက,ကစားသမားတစ္ဦးျဖစ္ခဲ့တဲ့ အင္ဒီကိုးက လက္ရွိယူႏိုက္တက္အသင္းရဲ႕အေျခအေနက စိတ္ပိုင္း ဆိုင္ရာ ၾကံခိုင္မႈလိုအပ္ေနတယ္လို႔ ေျပာခဲ့ပါတယ္။ ယူႏိုက္တက္ဟာ လက္ရွိမွာ ပံုမွန္ေျခစြမ္းျပဖို႔ ႐ုန္းကန္ေနရၿပီး နည္းျပ ဆိုးလ္ရွားရဲ႕ အနာဂတ္ကလည္း မေသမခ်ာျဖစ္ေနတယ္လို႔ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။
အသက္ ၄၉ ႏွစ္ရွိေနၿပီျဖစ္တဲ့ အင္ဒီကိုးက ဖလားသံုးလံုးရယူႏိုင္ခဲ့ခ်ိန္မွာ အသင္းေဖာ္ျဖစ္ခဲ့တဲ့ လက္ရွိနည္းျပ ဆိုးလ္ရွား အေနနဲ႔ အသင္းကို အေကာင္းဆံုးဦးေဆာင္ႏိုင္ေပမယ့္ ကစားသမားေတြရဲ႕ စိတ္ပိုင္းဆိုင္ရာၾကံခိုင္မႈအားနည္းေနတာ ေၾကာင့္ အသင္းအေနနဲ႔ ႐ုန္းကန္ေနရတာျဖစ္ျပီး ကစားသမားေတြအေနနဲ႔ အႏိုင္ရလိုစိတ္ျမင့္မားေနဖို႔ လိုအပ္ေၾကာင္းကို လည္း ေျပာခဲ့ပါတယ္။
အင္ဒီကိုးက “ အသင္းတစ္သင္းအေနနဲ႔ ေအာင္ျမင္မႈရဖို႔ ႀကိဳးစားေနတဲ့အခ်ိန္မွာ တစ္ေယာက္တည္းႀကိဳးစားေနလို႔ မရပါ ဘူး။ အသင္းရဲ႕ဂႏၲဝင္နည္းျပႀကီး ဖာဂူဆန္ဆိုရင္ အသင္းကိုစိတ္ဓာတ္ႁမွင့္တင္မႈ အေကာင္းဆံုးလုပ္ႏိုင္ၿပီး ကစားသမား ေတြကလည္း ႏိုင္ခ်င္စိတ္အျပည့္ရွိတာေၾကာင့္ အသင္းကေအာင္ျမင္မႈေတြရခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ခ်န္ပီယံ ၁၃ ႀကိမ္ အထိျဖစ္ခဲ့ပါတယ္။ ေအာင္ျမင္မႈေတြထဲမွာ ၁၉၉၉ ခုႏွစ္ခ်န္ပီယံလိဂ္ေအာင္ျမင္မႈက အသင္းရဲ႕အႏိုင္လိုခ်င္တဲ့စိတ္ဓာတ္ကို ေတြ႕ရမွာပါ” လို႔ ေျပာခဲ့ပါတယ္။