စပါးအသင်းမှာ ဘယ်တော့မှ မကစားဘူးလို့ ပြောခဲ့တဲ့ အာဆင်နယ်လူငယ်အကယ်ဒမီထွက် ဝီရှိုင်းယား


လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေပြီး အသက် ၂၈ နှစ်သာရှိသေးတဲ့ အာဆင်နယ်လူငယ်အကယ်ဒမီထွက် ဝီရှိုင်းယားက အာဆင်နယ်အသင်းပရိသတ်တစ်ဦးဖြစ်သလို အာဆင်နယ်ကစားသမားဟောင်းလည်းဖြစ်တာကြောင့် ခါးသီးပြိုင်ဘက် ဖြစ်တဲ့ စပါးအသင်းမှာ ဘယ်တော့မှကစားမှာ မဟုတ်ကြောင်းပြောခဲ့ပါတယ်။ ဝီရှိုင်းယားဟာ အာဆင်နယ်အသင်းမှာ ၁၀ နှစ်ကြာကစားခဲ့သူလည်း ဖြစ်ပါတယ်။


အာဆင်နယ်အသင်းကြီးအတွက် အသက်အငယ်ဆုံးကစားသမားအဖြစ် ပွဲထွက်ခွင့်ရခဲ့တဲ့ ဝီရှိုင်းယားဟာ ပုံမှန်နေရာရဖို့ ရုန်းကန်ခဲ့ရပြီး ဘော်လ်တန်၊ ဘုန်းမောက်အသင်းတွေကို အဌားသွားကစားခဲ့ရပါတယ်။ ၂၀၁၈ ခုနှစ်မှာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ဝက်စ်ဟမ်းကို သုံးနှစ်စာချုပ်သက်တမ်းနဲ့ ပြောင်းရွှေ့ခဲ့တယ်ဆိုပေမယ့် ဒဏ်ရာမကြာ ခဏ ရရှိမှုတွေကြောင့် အသင်းနဲ့ လမ်းခွဲခဲ့တာပဲ ဖြစ်ပါတယ်။


Super 6 podcast နဲ့ တွေ့ဆုံမေးမြန်းမှုမှာတော့ ဝီရှိုင်းယားက “ ကျွန်တော်အနေနဲ့ မော်ရင်ဟိုကို လေးစားသလိုချစ်လည်း ချစ်ပါတယ်။ သူက မယုံကြည်နိုင်လောက်အောင် ထူးချွန်တဲ့နည်းပြတစ်ဦးပါ။ ကျွန်တော်ရဲ့ စိတ်ထဲမှာ အာဆင်နယ်ရှိတာ ကြောင့် မော်ရင်ဟိုရှိနေပေမယ့်လည်း စပါးအသင်းမှာ ဘယ်တော့မှ ကစားမှာမဟုတ်ပါဘူး၊ ကျွန်တော်အသက်က အခုမှ ၂၈ နှစ်ပဲရှိသေးတာကြောင့် အခြားအသင်းတွေမှာ ကစားလို့ရပါသေးတယ်” လို့ပြောခဲ့ပါတယ်။

zawgyi version

စပါးအသင္းမွာ ဘယ္ေတာ့မွ မကစားဘူးလို႔ ေျပာခဲ့တဲ့ အာဆင္နယ္လူငယ္အကယ္ဒမီထြက္ ဝီရႈိင္းယား
လက္ရွိမွာ အသင္းလက္မဲ့ျဖစ္ေနၿပီး အသက္ ၂၈ ႏွစ္သာရွိေသးတဲ့ အာဆင္နယ္လူငယ္အကယ္ဒမီထြက္ ဝီရႈိင္းယားက အာဆင္နယ္အသင္းပရိသတ္တစ္ဦးျဖစ္သလို အာဆင္နယ္ကစားသမားေဟာင္းလည္းျဖစ္တာေၾကာင့္ ခါးသီးၿပိဳင္ဘက္ ျဖစ္တဲ့ စပါးအသင္းမွာ ဘယ္ေတာ့မွကစားမွာ မဟုတ္ေၾကာင္းေျပာခဲ့ပါတယ္။ ဝီရႈိင္းယားဟာ အာဆင္နယ္အသင္းမွာ ၁၀ ႏွစ္ၾကာကစားခဲ့သူလည္း ျဖစ္ပါတယ္။
အာဆင္နယ္အသင္းႀကီးအတြက္ အသက္အငယ္ဆံုးကစားသမားအျဖစ္ ပြဲထြက္ခြင့္ရခဲ့တဲ့ ဝီရႈိင္းယားဟာ ပံုမွန္ေနရာရဖို႔ ႐ုန္းကန္ခဲ့ရၿပီး ေဘာ္လ္တန္၊ ဘုန္းေမာက္အသင္းေတြကို အဌားသြားကစားခဲ့ရပါတယ္။ ၂၀၁၈ ခုႏွစ္မွာ အာဆင္နယ္နဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးၿပီးေနာက္ ဝက္စ္ဟမ္းကို သံုးႏွစ္စာခ်ဳပ္သက္တမ္းနဲ႔ ေျပာင္းေရႊ႕ခဲ့တယ္ဆိုေပမယ့္ ဒဏ္ရာမၾကာ ခဏ ရရွိမႈေတြေၾကာင့္ အသင္းနဲ႔ လမ္းခြဲခဲ့တာပဲ ျဖစ္ပါတယ္။
Super 6 podcast နဲ႔ ေတြ႕ဆံုေမးျမန္းမႈမွာေတာ့ ဝီရႈိင္းယားက “ ကြ်န္ေတာ္အေနနဲ႔ ေမာ္ရင္ဟိုကို ေလးစားသလိုခ်စ္လည္း ခ်စ္ပါတယ္။ သူက မယံုၾကည္ႏိုင္ေလာက္ေအာင္ ထူးခၽြန္တဲ့နည္းျပတစ္ဦးပါ။ ကြ်န္ေတာ္ရဲ႕ စိတ္ထဲမွာ အာဆင္နယ္ရွိတာ ေၾကာင့္ ေမာ္ရင္ဟိုရွိေနေပမယ့္လည္း စပါးအသင္းမွာ ဘယ္ေတာ့မွ ကစားမွာမဟုတ္ပါဘူး၊ ကြ်န္ေတာ္အသက္က အခုမွ ၂၈ ႏွစ္ပဲရွိေသးတာေၾကာင့္ အျခားအသင္းေတြမွာ ကစားလို႔ရပါေသးတယ္” လို႔ေျပာခဲ့ပါတယ္။