မန်စီးတီးနဲ့ ပွဲက ဒဏ်ရာကြောင့် တစ်လ လောက် အနားယူရမယ့် လီဗာပူးလ်နောက်ခံလူ အာနိုးလ်

လီဗာပူးလ်အသင်းရဲ့ ဒဏ်ရာရ စာရင်းထဲကို ညာနောက်ခံလူ အာနိုးလ်လည်း ထပ်မံရောက်သွားပြီး (၄) ပတ်လောက် အနားယူရမယ်လို့ သိရပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ပွဲတွေကို လွဲချော်မှာသေချာနေတဲ့ ညာနောက်ခံလူဟာ မန်စီးတီးနဲ့ လီဗာပူးလ် (၁-၁) သရေကျခဲ့တဲ့ တနင်္ဂနွေနေ့က ပရီးမီးယားလိဂ်ပွဲမှာ အဆိုပါ ဒဏ်ရာကို ရရှိခဲ့တာဖြစ်ပြီး ဒီနေ့ စစ်ဆေးခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်ကလည်း အာနိုးလ်ရဲ့ ဒဏ်ရာက စိုးရိမ်စရာဖြစ်တယ်လို့ သိထားပါတယ်။သူဟာ လီဗာပူးလ်နဲ့ လက်စတာ ကစားမယ့် ပရီးမီးယားလိဂ်ပွဲ၊ ဘရိုက်တန် နဲ့ ဝုလ်ဗ်အသင်းတို့ နဲ့ ပွဲတွေအပြင် ချန်ပီယံလိဂ်ပွဲတွေဖြစ်တဲ့ အေဂျက် ၊ အတ္တလန္တာအသင်းတို့နဲ့ ပွဲတွေကိုလည်း လွဲချော်မှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ လုံးပမ်းနေရပါတယ်။ အသင်းဟာ အဓိက ဗဟိုနောက်ခံလူ ဗန်ဒိုက်ကို ရာသီကုန်အထိ လက်လွှတ်ထားရပြီး ဘိုင်ယန်မြူးနစ်အသင်းက ပေါင်သန်း ၂၀ န့ ဲ ရောက်ရှိလာတဲ့ သီယာဂို ၊ ကွင်းလယ်ရော နောက်ခံလူအဖြစ် ကစားနိုင်တဲ့ ဖေဘင်ဟိုတို့ကိုလည်း ဆုံးရှုံးထားတာဖြစ်ပါတယ်။

မန္စီးတီးနဲ႔ ပြဲက ဒဏ္ရာေၾကာင့္ တစ္လ ေလာက္ အနားယူရမယ့္ လီဗာပူးလ္ေနာက္ခံလူ အာႏိုးလ္

လီဗာပူးလ္အသင္းရဲ႕ ဒဏ္ရာရ စာရင္းထဲကို ညာေနာက္ခံလူ အာႏိုးလ္လည္း ထပ္မံေရာက္သြားျပီး (၄) ပတ္ေလာက္ အနားယူရမယ္လို႔ သိရပါတယ္။ အဂၤလန္လက္ေရြးစင္အသင္းရဲ႕ ပြဲေတြကို လြဲေခ်ာ္မွာေသခ်ာေနတဲ့ ညာေနာက္ခံလူဟာ မန္စီးတီးနဲ႔ လီဗာပူးလ္ (၁-၁) သေရက်ခဲ့တဲ့ တနဂၤေႏြေန႔က ပရီးမီးယားလိဂ္ပြဲမွာ အဆိုပါ ဒဏ္ရာကို ရရွိခဲ့တာျဖစ္ျပီး ဒီေန႔ စစ္ေဆးခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့ပ္ကလည္း အာႏိုးလ္ရဲ႕ ဒဏ္ရာက စိုးရိမ္စရာျဖစ္တယ္လို႔ သိထားပါတယ္။သူဟာ လီဗာပူးလ္နဲ႔ လက္စတာ ကစားမယ့္ ပရီးမီးယားလိဂ္ပြဲ၊ ဘရိုက္တန္ နဲ႔ ၀ုလ္ဗ္အသင္းတို႔ နဲ႔ ပြဲေတြအျပင္ ခ်န္ပီယံလိဂ္ပြဲေတြျဖစ္တဲ့ ေအဂ်က္ ၊ အတၱလႏာၱအသင္းတို႔နဲ႔ ပြဲေတြကိုလည္း လြဲေခ်ာ္မွာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ဒီရာသီမွာ ဒဏ္ရာျပႆနာေတြနဲ႔ လံုးပမ္းေနရပါတယ္။ အသင္းဟာ အဓိက ဗဟိုေနာက္ခံလူ ဗန္ဒိုက္ကို ရာသီကုန္အထိ လက္လႊတ္ထားရျပီး ဘိုင္ယန္ျမဴးနစ္အသင္းက ေပါင္သန္း ၂၀ န႔ ဲ ေရာက္ရွိလာတဲ့ သီယာဂို ၊ ကြင္းလယ္ေရာ ေနာက္ခံလူအျဖစ္ ကစားႏိုင္တဲ့ ေဖဘင္ဟိုတို႔ကိုလည္း ဆံုးရႈံးထားတာျဖစ္ပါတယ္။