လူငယ်ဂိုးသမား ဟန်ဒါဆန်ကို လက်ကျန်ရာသီမှာ အငှားချရန် ရည်ရွယ်ထားတဲ့ ယူနိုက်တက်အသင်း

ယူနိုက်တက်အသင်းဟာ ဂိုးသမား ဟန်ဒါဆန်ကို ၂၀၂၀-၂၁ လက်ကျန်ဘောလုံးရာသီကို အငှားချထားရန် စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ လက်ရှိအိုးထရက်ဖိုဒ့်မှာ ဒီဂီယာရဲ့ အရန်အဖြစ်ကစားနေရပြီး ပရီးမီးယားလိဂ်မှာ တစ်ပွဲမှာ ကစားခွင့် မရသေးသူဖြစ်ပါတယ်။ ဟန်ဒါဆန်ဟာ ကာရာဘောင်ဖလား (၂) ပွဲနဲ့ ချန်ပီယံလိဂ်မှာ အစ္စတန်ဘူလ်ကို (၂-၁) နဲ့ ရှုံးခဲ့တဲ့ပွဲတွေမှာသာ ပွဲထွက်ကစားခွင့်ရထားပါတယ်။

သို့သော်လည်း လက်ရှိမှာ နိုင်ငံတကာပွဲစဉ်တွေ ပြန်လည်ရောက်ရှိလာတာဖြစ်ပြီး အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ဟန်ဒါဆန်ကို လောလောဆယ်ကစားမယ့်ပွဲတွေမှာ ရွေးချယ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ပထမအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရမယ့် ကစားသမားကိုသာ ရွေးချယ်သွားဖွယ်ရှိနေပါတယ်။

ဟန်ဒါဆန်ထက် ပထမပွဲထွက်ကစားခွင့် ပုံမှန်ရနေတဲ့ ပစ်ဖိုဒ့်ကိုပဲ အင်္ဂလန်အသင်းဟာ နံပါတ် (၁) ဂိုးသမားအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ESPN သတင်းဌာနရဲ့ အဆိုအရ ယူနိုက်တက်အသင်းဟာ ရှက်ဖီးယူနိုက်တက်အသင်းမှာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ လက်စွမ်းပြခဲ့တဲ့ ဟန်ဒါဆန်ကို နောက်ထပ် ယာယီအငှားချရန် စဉ်းစားနေတယ်လို့ သိရပါတယ်။

ဟန်ဒါဆန်သာ အငှားချခံရပါက ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာဖို့ မျှော်လင့်နေတဲ့ အာဂျင်တီးနား ဂိုးသမား ရိုမဲရိုးအတွက်တော့ အခက်အခဲဖြစ်ဖွယ်ရှိနေပါတယ်။ ရိုမဲရိုးဟာ ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်လူစာရင်းကနေလည်း ဖယ်ရှားခြင်းခံခဲ့ရသူဖြစ်ပြီး အသင်းကနေ ထွက်ခွာလိုနေသူဖြစ်ပါတယ်။

လူငယ္ဂိုးသမား ဟန္ဒါဆန္ကို လက္က်န္ရာသီမွာ အငွားခ်ရန္ ရည္ရြယ္ထားတဲ့ ယူႏိုက္တက္အသင္း

ယူႏိုက္တက္အသင္းဟာ ဂိုးသမား ဟန္ဒါဆန္ကို ၂၀၂၀-၂၁ လက္က်န္ေဘာလံုးရာသီကို အငွားခ်ထားရန္ စီစဥ္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ကစားသမားဟာ လက္ရွိအိုးထရက္ဖိုဒ့္မွာ ဒီဂီယာရဲ႕ အရန္အျဖစ္ကစားေနရျပီး ပရီးမီးယားလိဂ္မွာ တစ္ပြဲမွာ ကစားခြင့္ မရေသးသူျဖစ္ပါတယ္။ ဟန္ဒါဆန္ဟာ ကာရာေဘာင္ဖလား (၂) ပြဲနဲ႔ ခ်န္ပီယံလိဂ္မွာ အစၥတန္ဘူလ္ကို (၂-၁) နဲ႔ ရႈံးခဲ့တဲ့ပြဲေတြမွာသာ ပြဲထြက္ကစားခြင့္ရထားပါတယ္။

သို႔ေသာ္လည္း လက္ရွိမွာ ႏိုင္ငံတကာပြဲစဥ္ေတြ ျပန္လည္ေရာက္ရွိလာတာျဖစ္ျပီး အဂၤလန္နည္းျပ ေဆာက္ဂိတ္က ဟန္ဒါဆန္ကို ေလာေလာဆယ္ကစားမယ့္ပြဲေတြမွာ ေရြးခ်ယ္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ပထမအသင္းမွာ ပံုမွန္ပြဲထြက္ခြင့္ရမယ့္ ကစားသမားကိုသာ  ေရြးခ်ယ္သြားဖြယ္ရွိေနပါတယ္။

ဟန္ဒါဆန္ထက္ ပထမပြဲထြက္ကစားခြင့္ ပံုမွန္ရေနတဲ့ ပစ္ဖိုဒ့္ကိုပဲ အဂၤလန္အသင္းဟာ နံပါတ္ (၁) ဂိုးသမားအျဖစ္ သတ္မွတ္ထားတာျဖစ္ပါတယ္။ESPN သတင္းဌာနရဲ႕ အဆိုအရ ယူႏိုက္တက္အသင္းဟာ ရွက္ဖီးယူႏိုက္တက္အသင္းမွာ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ လက္စြမ္းျပခဲ့တဲ့ ဟန္ဒါဆန္ကို ေနာက္ထပ္ ယာယီအငွားခ်ရန္ စဥ္းစားေနတယ္လို႔ သိရပါတယ္။

ဟန္ဒါဆန္သာ အငွားခ်ခံရပါက ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ အသင္းက ထြက္ခြာဖို႔ ေမွ်ာ္လင့္ေနတဲ့ အာဂ်င္တီးနား ဂိုးသမား ရိုမဲရိုးအတြက္ေတာ့ အခက္အခဲျဖစ္ဖြယ္ရွိေနပါတယ္။ ရိုမဲရိုးဟာ ယူႏိုက္တက္အသင္းရဲ႕ ပရီးမီးယားလိဂ္လူစာရင္းကေနလည္း ဖယ္ရွားျခင္းခံခဲ့ရသူျဖစ္ျပီး အသင္းကေန ထြက္ခြာလိုေနသူျဖစ္ပါတယ္။