ဘိုင်ယန်မြူးနစ် နောက်ခံလူ ဘိုတန်းကို ခေါ်ယူရန် စဉ်းစားနေတဲ့ စပါးအသင်း

စပါးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဝါရင့်နောက်ခံလူ ဘိုတန်းကို ခေါ်ယူရန် စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသက် ၃၂ နှစ်အရွယ်ကစားသမားဟာ ဘွန်ဒက်စ်လီဂါကလပ်အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်နေပေမယ့် အသင်းအတွက် ဒီရာသီမှာလည်း အဓိက အခန်းကဏ္ဍကနေ ပါဝင်ကစားနေပြီး (၆) ပွဲအထိ ပွဲထွက်ကစားပေးထားသူဖြစ်ပါတယ်။

သို့သော်လည်း ဘိုတန်းဟာ ဒီနွေရာသီအကုန်မှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာရန် ရည်ရွယ်ထားပြီး ဂျာမနီလက်ရွေးစင်ကစားသမားဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးရန် ငြင်းဆန်ထားတယ်လို့ သိရပါတယ်။ Bild သတင်းဌာနရဲ့ ဖော်ပြချက်အရ စပါးအသင်းဟာ ဘိုတန်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အနီးကပ်စောင့်ကြည့်နေပြီး မော်ရင်ဟိုဟာ ဗဟိုနောက်ခံလူကို ခေါ်ယူရန် စဉ်းစားနေတယ်လို့ သိရပါတယ်။

ဘိုတန်းဟာ ပရီးမီးယားလိဂ်မှာတုန်းက မန်စီးတီးအသင်းမှာ ၂၀၁၀-၁၁ ခုနှစ်ဘောလုံးရာသီတုန်းက ကစားခဲ့ပြီး နောက်တစ်နှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းထံကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီကတည်းက ဘိုတန်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ အဓိက ဆုဖလား (၂၀) ရရှိခဲ့ပြီး ပြိုင်ပွဲစုံ (၃၃၃) ပွဲကစားကာ (၉) ဂိုးသွင်းပေးထားပါတယ်။

ဘိုင္ယန္ျမဴးနစ္ ေနာက္ခံလူ ဘိုတန္းကို ေခၚယူရန္ စဥ္းစားေနတဲ့ စပါးအသင္း

စပါးအသင္းဟာ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ၀ါရင့္ေနာက္ခံလူ ဘိုတန္းကို ေခၚယူရန္ စဥ္းစားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ အသက္ ၃၂ ႏွစ္အရြယ္ကစားသမားဟာ ဘြန္ဒက္စ္လီဂါကလပ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ေနာက္ဆံုးႏွစ္ထဲကို ေရာက္ေနေပမယ့္ အသင္းအတြက္ ဒီရာသီမွာလည္း အဓိက အခန္းက႑ကေန ပါ၀င္ကစားေနျပီး (၆) ပြဲအထိ ပြဲထြက္ကစားေပးထားသူျဖစ္ပါတယ္။

သို႔ေသာ္လည္း ဘိုတန္းဟာ ဒီေႏြရာသီအကုန္မွာ ဘိုင္ယန္ျမဴးနစ္အသင္းကေန ထြက္ခြာရန္ ရည္ရြယ္ထားျပီး ဂ်ာမနီလက္ေရြးစင္ကစားသမားဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးရန္ ျငင္းဆန္ထားတယ္လို႔ သိရပါတယ္။ Bild သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ စပါးအသင္းဟာ ဘိုတန္းရဲ႕ အနာဂတ္နဲ႔ ပတ္သက္ျပီး အနီးကပ္ေစာင့္ၾကည့္ေနျပီး ေမာ္ရင္ဟိုဟာ ဗဟိုေနာက္ခံလူကို ေခၚယူရန္ စဥ္းစားေနတယ္လို႔ သိရပါတယ္။

ဘိုတန္းဟာ ပရီးမီးယားလိဂ္မွာတုန္းက မန္စီးတီးအသင္းမွာ ၂၀၁၀-၁၁ ခုႏွစ္ေဘာလံုးရာသီတုန္းက ကစားခဲ့ျပီး ေနာက္တစ္ႏွစ္မွာ ဘိုင္ယန္ျမဴးနစ္အသင္းထံကို ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။ အဲ့ဒီကတည္းက ဘိုတန္းဟာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔အတူ အဓိက ဆုဖလား (၂၀) ရရွိခဲ့ျပီး ျပိဳင္ပြဲစံု (၃၃၃) ပြဲကစားကာ (၉) ဂိုးသြင္းေပးထားပါတယ္။