အဲရစ်ဆင်ကို ပြန်ခေါ်မလားလို့ စပါးအသင်းဆီ ကမ်းလှမ်းလိုက်တဲ့ အင်တာမီလန်အသင်း

အင်တာမီလန်အသင်းဟာ ကွင်းလယ်လူ အဲရစ်ဆင်ကို စပါးအသင်းအနေနဲ့ အငှား သို့မဟုတ် အပြီးသတ်ခေါ်ယူမလားလို့ ပြန်ပြီး ကမ်းလှမ်းခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ဒိန်းမတ်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာ စပါးအသင်းဆီကနေ အင်တာမီလန်အသင်းဆီ ဇန်နဝါရီအပြောင်းအရွှေ့ကမှ ပြောင်းရွှေ့ခဲ့သော်လည်း ဆန်စီရိုမှာ ခြေစွမ်းပြရန် ရုန်းကန်နေရပြီး ဒီရာသီမှာ စီးရီးအေ (၃) ပွဲသာ ပွဲထွက်ကစားခွင့်ရထားသူဖြစ်ပါတယ်။

နည်းပြကွန်တီကလည်း ကွင်းလယ်ဖန်တီးရှင်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေလို့ အင်တာမီလန်အသင်းဟာ အဲရစ်ဆင်နဲ့ လမ်းခွဲချင်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ Football Insider က အဆိုအရ အင်တာမီလန်အသင်းက အဲရစ်ဆင်ကို ဇန်နဝါရီမှာ လမ်းခွဲချင်နေပြီး စပါးအသင်းဆီကို ကမ်းလှမ်းခဲ့သေးတယ်လို့ သိရပါတယ်။

အဲရစ်ဆင်ရဲ့ အင်တာမီလန်အသင်းနဲ့ စာချုပ်သက်တမ်းက ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပေမယ့် အီတလီဘီလူးအသင်းက သူ့ကို ပေါင်၁၈ သန်းရရင် အပြီးသတ်ထွက်ခွာခွင့်ပေးမယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်အရွယ်ကစားသမားရဲ့ လက်မှတ်ကို ရရန် အီတလီက ကလပ်အသင်းတွေကလည်း စိတ်ဝင်စားမယ်လို့ အင်တာမီလန်အသင်းက ယုံကြည်ထားတာဖြစ်ပါတယ်။ အဲရစ်ဆင်ဟာ အင်တာမီလန်အသင်းအတွက် စုစုပေါင်း (၃၃) ပွဲကစားထားပြီး (၄) ဂိုးသွင်းယူပေးထားပါတယ်။

အဲရစ္ဆင္ကို ျပန္ေခၚမလားလို႔ စပါးအသင္းဆီ ကမ္းလွမ္းလိုက္တဲ့ အင္တာမီလန္အသင္း

အင္တာမီလန္အသင္းဟာ ကြင္းလယ္လူ အဲရစ္ဆင္ကို စပါးအသင္းအေနနဲ႔ အငွား သို႔မဟုတ္ အျပီးသတ္ေခၚယူမလားလို႔ ျပန္ျပီး ကမ္းလွမ္းခဲ့တယ္လို႔ သတင္းထြက္ေပၚလာခဲ့ပါတယ္။ ဒိန္းမတ္လက္ေရြးစင္ကြင္းလယ္ကစားသမားဟာ စပါးအသင္းဆီကေန အင္တာမီလန္အသင္းဆီ ဇန္န၀ါရီအေျပာင္းအေရႊ႕ကမွ ေျပာင္းေရႊ႕ခဲ့ေသာ္လည္း ဆန္စီရိုမွာ ေျခစြမ္းျပရန္ ရုန္းကန္ေနရျပီး ဒီရာသီမွာ စီးရီးေအ (၃) ပြဲသာ ပြဲထြက္ကစားခြင့္ရထားသူျဖစ္ပါတယ္။

နည္းျပကြန္တီကလည္း ကြင္းလယ္ဖန္တီးရွင္ရဲ႕ စြမ္းေဆာင္ရည္နဲ႔ ပတ္သက္ျပီး မေပ်ာ္မရႊင္ျဖစ္ေနလို႔ အင္တာမီလန္အသင္းဟာ အဲရစ္ဆင္နဲ႔ လမ္းခြဲခ်င္ေနတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ Football Insider က အဆိုအရ အင္တာမီလန္အသင္းက အဲရစ္ဆင္ကို ဇန္န၀ါရီမွာ လမ္းခြဲခ်င္ေနျပီး စပါးအသင္းဆီကို ကမ္းလွမ္းခဲ့ေသးတယ္လို႔ သိရပါတယ္။

အဲရစ္ဆင္ရဲ႕ အင္တာမီလန္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းက ၂၀၂၄ ခုႏွစ္မွာ ကုန္ဆံုးမွာျဖစ္ေပမယ့္ အီတလီဘီလူးအသင္းက သူ႔ကို ေပါင္၁၈ သန္းရရင္ အျပီးသတ္ထြက္ခြာခြင့္ေပးမယ္လို႔ သိရပါတယ္။ အသက္ ၂၈ ႏွစ္အရြယ္ကစားသမားရဲ႕ လက္မွတ္ကို ရရန္ အီတလီက ကလပ္အသင္းေတြကလည္း စိတ္၀င္စားမယ္လို႔ အင္တာမီလန္အသင္းက ယံုၾကည္ထားတာျဖစ္ပါတယ္။ အဲရစ္ဆင္ဟာ အင္တာမီလန္အသင္းအတြက္ စုစုေပါင္း (၃၃) ပြဲကစားထားျပီး (၄) ဂိုးသြင္းယူေပးထားပါတယ္။