ငရဲခန်းကို ဖြတ်ကျော်ဖို့အတွက် ဗန်ဒိုက်ခ်မှာ ကြံခိုင်မှုအပြည့်ရှိတယ်ဆိုပြီး ပြောခဲ့တဲ့ အသင်းဖော် ဝီနယ်လ်ဒန်


လီဗာပူးအသင်းကစားသမားတွေဖြစ်တဲ့ ဝီနယ်လ်ဒန်က အသင်းဖော်ဖြစ်တဲ့ ဗန်ဒိုက်ခ်အနေနဲ့ ဒူးဒဏ်ရာကြောင့် ကာလရှည် အနားယူရဖို့ရှိနေပေမယ့် အကောင်းဆုံးဖြတ်ကျော်နိုင်ဖို့ ကြံခိုင်မှုအပြည့်အဝရှိတယ်လို့ ပြောခဲ့ပါတယ်။ မာဆေးဆိုက်ဒါဘီပွဲ မှာ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်နဲ့ ထိခိုက်မိပြီး ဒူးဒဏ်ရာရခဲ့တာကြောင့် ရာသီကုန်အထိ ဗန်ဒိုက်ခ်အနေနဲ့ အနားယူရဖို့ရှိနေ တယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဝီနယ်လ်ဒန်နဲ့ ဗန်ဒိုက်ခ်တို့ဟာ နယ်သာလန်လက်ရွေးစင်အသင်းဖော်တွေလည်းဖြစ်ပြီး ဝီနယ်လ်ဒန်က ဗန်ဒိုက်ခ်မပါပေ မယ့် စပိန်၊ ဘော့စနီယား နဲ့ ပိုလန်အသင်းတွေနဲ့ ကစားရမယ့်ပွဲစဉ်တွေမှာလည်း အကောင်းဆုံးရလဒ်တွေရအောင် နယ် သာလန်အနေနဲ့ လုပ်ဆောင်နိုင်မယ်လို့ ပြောခဲ့ပါတယ်။ နယ်သာလန်ဟာ ပြီးခဲ့တဲ့နေးရှင်းလိဂ်ပြိုင်ပွဲတုန်းက ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီး ပေါ်တူဂီကို ရှုံးခဲ့တာကြောင့် ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပြီး ဒီနှစ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ကြိုးစားနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။


ဝီနယ်လ်ဒန်က “ လက်ရှိအချိန်က ဗန်ဒိုက်ခ်အတွက် ခက်ခဲတဲ့အချိန်ဆိုပေမယ့် သူက အရမ်းကို ကျန်းမာပြီး ကြံခိုင်တဲ့သူ ပါ။ အခုလက်ရှိအနေအထားကို ဗန်ဒိုက်ခ်အနေနဲ့ ငရဲခန်းကို ဖြတ်သွားရတယ်လို့ ဆိုရင် ဘုရားသခင်နဲ့အတူ ဗန်ဒိုက်ခ်က အကောင်းဆုံးပြန်လာနိုင်မယ့်သူပါ။ လက်ရှိအချိန်မှာလည်း သူနဲ့ တွေ့ဆုံတိုင်း သူရဲ့ဒဏ်ရာအခြေအနေတိုးတက်လာတာ ကို အမြဲကြားရပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

ငရဲခန္းကို ျဖတ္ေက်ာ္ဖို႔အတြက္ ဗန္ဒိုက္ခ္မွာ ၾကံခိုင္မႈအျပည့္ရွိတယ္ဆိုၿပီး ေျပာခဲ့တဲ့ အသင္းေဖာ္ ဝီနယ္လ္ဒန္
လီဗာပူးအသင္းကစားသမားေတြျဖစ္တဲ့ ဝီနယ္လ္ဒန္က အသင္းေဖာ္ျဖစ္တဲ့ ဗန္ဒိုက္ခ္အေနနဲ႔ ဒူးဒဏ္ရာေၾကာင့္ ကာလရွည္ အနားယူရဖို႔ရွိေနေပမယ့္ အေကာင္းဆံုးျဖတ္ေက်ာ္ႏိုင္ဖို႔ ၾကံခိုင္မႈအျပည့္အဝရွိတယ္လို႔ ေျပာခဲ့ပါတယ္။ မာေဆးဆိုက္ဒါဘီပြဲ မွာ အဲဗာတန္ဂိုးသမား ပစ္ဖို႔ဒ္နဲ႔ ထိခိုက္မိၿပီး ဒူးဒဏ္ရာရခဲ့တာေၾကာင့္ ရာသီကုန္အထိ ဗန္ဒိုက္ခ္အေနနဲ႔ အနားယူရဖို႔ရွိေန တယ္လို႔ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။
ဝီနယ္လ္ဒန္နဲ႔ ဗန္ဒိုက္ခ္တို႔ဟာ နယ္သာလန္လက္ေရြးစင္အသင္းေဖာ္ေတြလည္းျဖစ္ၿပီး ဝီနယ္လ္ဒန္က ဗန္ဒိုက္ခ္မပါေပ မယ့္ စပိန္၊ ေဘာ့စနီယား နဲ႔ ပိုလန္အသင္းေတြနဲ႔ ကစားရမယ့္ပြဲစဥ္ေတြမွာလည္း အေကာင္းဆံုးရလဒ္ေတြရေအာင္ နယ္ သာလန္အေနနဲ႔ လုပ္ေဆာင္ႏိုင္မယ္လို႔ ေျပာခဲ့ပါတယ္။ နယ္သာလန္ဟာ ၿပီးခဲ့တဲ့ေနးရွင္းလိဂ္ၿပိဳင္ပြဲတုန္းက ဗိုလ္လုပြဲအထိ တက္ေရာက္ႏိုင္ခဲ့ၿပီး ေပၚတူဂီကို ရႈံးခဲ့တာေၾကာင့္ ဒုတိယနဲ႔ပဲ ေက်နပ္ခဲ့ရၿပီး ဒီႏွစ္ၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ဖို႔ ႀကိဳးစားေနတဲ့ အသင္းလည္း ျဖစ္ပါတယ္။
ဝီနယ္လ္ဒန္က “ လက္ရွိအခ်ိန္က ဗန္ဒိုက္ခ္အတြက္ ခက္ခဲတဲ့အခ်ိန္ဆိုေပမယ့္ သူက အရမ္းကို က်န္းမာၿပီး ၾကံခိုင္တဲ့သူ ပါ။ အခုလက္ရွိအေနအထားကို ဗန္ဒိုက္ခ္အေနနဲ႔ ငရဲခန္းကို ျဖတ္သြားရတယ္လို႔ ဆိုရင္ ဘုရားသခင္နဲ႔အတူ ဗန္ဒိုက္ခ္က အေကာင္းဆံုးျပန္လာႏိုင္မယ့္သူပါ။ လက္ရွိအခ်ိန္မွာလည္း သူနဲ႔ ေတြ႕ဆံုတိုင္း သူရဲ႕ဒဏ္ရာအေျခအေနတိုးတက္လာတာ ကို အၿမဲၾကားရပါတယ္” လို႔ ေျပာခဲ့ပါတယ္။