ပေါ်တူဂီနိုင်ငံထုတ် နောက်ထပ်ကစားသမားတစ်ယောက်ကို ခေါ်ယူဖို့လုပ်ဆောင်နေတဲ့ ဝုလ်ဗာဟမ်တန်အသင်း


အသင်းနည်းပြကစပြီး ကစားသမားတွေထဲမှာလည်း ပေါ်တူဂီနိုင်ငံသားတွေများနေတဲ့ ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ဝုလ်ဗာဟမ်တန်အသင်းကို ပေါ်တူဂီကလပ်လို့တောင် အများစုကနောက်ပြောင်ခေါ်ဆိုလေ့ရှိကြပါတယ်။ အသင်းမှာ ပေါ်တူဂီနိုင်ငံကိုယ်စားပြုထားတဲ့ ကစားသမား ၁၀ ဦးလောက်အထိရှိနေပေမယ့် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ လည်း နောက်ထပ် ပေါ်တူဂီသား တစ်ယောက်ကိုခေါ်ယူဖို့လုပ်ဆောင်နေတယ်လို့ သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါ တယ်။


ဝုလ်ဗာဟမ်တန်အသင်းက လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ကစားသမားကတော့ လက်ရှိ လိုင်လီအသင်းမှာ ကစားနေတဲ့ ပေါ်တူဂီကစားသမား ရီနာတိုဆန်းချက်စ်ပဲ ဖြစ်ပါတယ်။ ဘင်ဖီကာလူငယ်အကယ်ဒမီက နေ ပေါ်ထွက်လာပြီး အသင်းကြီးကနေတဆင့် ဘိုင်ယန်မြူးနစ်ရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရတဲ့ ရီနာတိုဆန်းချက်စ်ဟာ ပရီးမီး ယားလိဂ် ဆွမ်ဆီးမှာလည်း အဌားနဲ့ လာရောက်ကစားခဲ့ဖူးပါတယ်။


ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်မှာ ပုံမှန်ပွဲထွက်ခွင့်မရတာကြောင့် အသက် ၂၃ နှစ်ပဲရှိသေးတဲ့ ရီနာတိုဆန်းချက်စ်ဟာ ပြင်သစ်ကလပ် လိုင်လီအသင်းကိုပြောင်းရွှေ့သွားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ရီနာတိုဆန်းချက်စ်ဟာ ၂၀၁၆ ခုနှစ်က ကမ္ဘာ့အကောင်းဆုံးလူငယ်ကစားဆုဖြစ်တဲ့ Golden Boys ဆုကို ရရှိခဲ့သူဖြစ်သလို လိုင်လီအသင်းသမိုင်းမှာ ဈေးအကြီး ဆုံးကစားသမားလည်း ဖြစ်ပါတယ်။

zawgyi version

ေပၚတူဂီႏိုင္ငံထုတ္ ေနာက္ထပ္ကစားသမားတစ္ေယာက္ကို ေခၚယူဖို႔လုပ္ေဆာင္ေနတဲ့ ဝုလ္ဗာဟမ္တန္အသင္း
အသင္းနည္းျပကစၿပီး ကစားသမားေတြထဲမွာလည္း ေပၚတူဂီႏိုင္ငံသားေတြမ်ားေနတဲ့ ပရီးမီးယားလိဂ္မွာ ကစားေနတဲ့ ဝုလ္ဗာဟမ္တန္အသင္းကို ေပၚတူဂီကလပ္လို႔ေတာင္ အမ်ားစုကေနာက္ေျပာင္ေခၚဆိုေလ့ရွိၾကပါတယ္။ အသင္းမွာ ေပၚတူဂီႏိုင္ငံကိုယ္စားျပဳထားတဲ့ ကစားသမား ၁၀ ဦးေလာက္အထိရွိေနေပမယ့္ လာမယ့္ဇန္နဝါရီအေျပာင္းအေရႊ႕မွာ လည္း ေနာက္ထပ္ ေပၚတူဂီသား တစ္ေယာက္ကိုေခၚယူဖို႔လုပ္ေဆာင္ေနတယ္လို႔ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါ တယ္။
ဝုလ္ဗာဟမ္တန္အသင္းက လာမယ့္ဇန္နဝါရီအေျပာင္းအေရႊ႕မွာ ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ကစားသမားကေတာ့ လက္ရွိ လိုင္လီအသင္းမွာ ကစားေနတဲ့ ေပၚတူဂီကစားသမား ရီနာတိုဆန္းခ်က္စ္ပဲ ျဖစ္ပါတယ္။ ဘင္ဖီကာလူငယ္အကယ္ဒမီက ေန ေပၚထြက္လာၿပီး အသင္းႀကီးကေနတဆင့္ ဘိုင္ယန္ျမဴးနစ္ရဲ႕ ေခၚယူျခင္းကို ခံခဲ့ရတဲ့ ရီနာတိုဆန္းခ်က္စ္ဟာ ပရီးမီး ယားလိဂ္ ဆြမ္ဆီးမွာလည္း အဌားနဲ႔ လာေရာက္ကစားခဲ့ဖူးပါတယ္။
ၿပီးခဲ့တဲ့ရာသီက ဘိုင္ယန္ျမဴးနစ္မွာ ပံုမွန္ပြဲထြက္ခြင့္မရတာေၾကာင့္ အသက္ ၂၃ ႏွစ္ပဲရွိေသးတဲ့ ရီနာတိုဆန္းခ်က္စ္ဟာ ျပင္သစ္ကလပ္ လိုင္လီအသင္းကိုေျပာင္းေရႊ႕သြားခဲ့ၿပီး ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ ရီနာတိုဆန္းခ်က္စ္ဟာ ၂၀၁၆ ခုႏွစ္က ကမ႓ာ့အေကာင္းဆံုးလူငယ္ကစားဆုျဖစ္တဲ့ Golden Boys ဆုကို ရရွိခဲ့သူျဖစ္သလို လိုင္လီအသင္းသမိုင္းမွာ ေစ်းအႀကီး ဆံုးကစားသမားလည္း ျဖစ္ပါတယ္။