အက်စ်တွန်ဗီလာကို အိမ်ကွင်းမှာ ရှုံးပြီးနောက် အာတီတာကိုထုတ်ပယ်ပြီး ပိုချက်တီနိုနဲ့ အလီဂရီတို့ နှစ်ဦးထဲက တစ်ဦးကို ခန့်အပ်ဖို့ အာဆင်နယ်ပရိသတ်တွေ အလိုရှိနေ


ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်ဟာ အိမ်ကွင်းမှာကစားရတာဖြစ်ပေမယ့် အက်စ်တွန်ဗီလာကို သုံးဂိုးပြတ်နဲ့ ရှုံး ခဲ့တာကြောင့် လက်ရှိနည်းပြဖြစ်တဲ့ အာတီတာကို ထုတ်ပယ်ပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ ပိုချက်တီနိုနဲ့ အလီဂရီတို့ နှစ်ဦး ထဲက တစ်ဦးကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အသင်းပရိသတ်တွေအနေနဲ့ အလိုရှိနေတယ်လို့ သိရပါတယ်။ ဒီနည်းပြ နှစ် ယောက်စလုံးကို ယူနိုက်တက်ကလည်း နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စောင့်ကြည့်နေတယ်လို့လည်း သိရပါတယ်။


ယူနိုက်တက်အသင်းအနေနဲ့ ပိုချက်တီနိုကို နည်းပြအဖြစ်ခန့်အပ်ဖို့အတွက် အစောပိုင်းကတည်းက စိတ်ဝင်စားနေခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ တာဝန်ရှိသူတွေအနေနဲ့ ဆွေးနွေးမှုပြုလုပ်နေပြီလို့လည်း သတင်းတွေရဲ့ဖော်ပြချက်အရ သိ ရပါတယ်။ အာဆင်နယ်ပရိသတ်တွေကလည်း နိုင်ငံတကာပွဲစဉ်တွေကစားမယ့် ရက်သတ္တပတ်အပြီးမှာ အာတီတာကို ထုတ်ပယ်ပြီး နည်းပြသစ်ခန့်အပ်ဖို့အတွက် လုပ်ဆောင်ချင်နေတယ်လို့လည်း သိရပါတယ်။


အာဆင်နယ်ပရိသတ်တစ်ဦးဖြစ်တဲ့ ဂေါ်နာရစ်ချီက “ ကျွန်တော်အနေနဲ့ အာဆင်နယ်ပရိသတ်တွေ အများကြီးနဲ့ စကား ပြောဖြစ်ခဲ့ပါတယ်။ အာတီတာအနေနဲ့ အသင်းကို အက်ဖ်အေဖလားရအောင်စွမ်းဆောင်ပေးနိုင်ခဲ့တယ်ဆိုပေမယ့် အသင်း ပရိသတ်တွေ လိုချင်နေတာက အခုလိုအနေအထားမျိုးမဟုတ်ပါဘူး။ အောင်မြင်မှုမရရင်တောင် အသင်းအနေနဲ့ အကောင်းဆုံးကစားနိုင်တဲ့ ကစားဟန်မျိုးကို အသင်းပရိသတ်တွေအနေနဲ့ အလိုရှိတာပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version

အက္စ္တြန္ဗီလာကို အိမ္ကြင္းမွာ ရႈံးၿပီးေနာက္ အာတီတာကိုထုတ္ပယ္ၿပီး ပိုခ်က္တီႏိုနဲ႔ အလီဂရီတို႔ ႏွစ္ဦးထဲက တစ္ဦးကို ခန္႔အပ္ဖို႔ အာဆင္နယ္ပရိသတ္ေတြ အလိုရွိေန
ၿပီးခဲ့တဲ့ပရီးမီးယားလိဂ္ပြဲစဥ္မွာ အာဆင္နယ္ဟာ အိမ္ကြင္းမွာကစားရတာျဖစ္ေပမယ့္ အက္စ္တြန္ဗီလာကို သံုးဂိုးျပတ္နဲ႔ ရႈံး ခဲ့တာေၾကာင့္ လက္ရွိနည္းျပျဖစ္တဲ့ အာတီတာကို ထုတ္ပယ္ၿပီး အသင္းလက္မဲ့ျဖစ္ေနတဲ့ ပိုခ်က္တီႏိုနဲ႔ အလီဂရီတို႔ ႏွစ္ဦး ထဲက တစ္ဦးကို နည္းျပသစ္အျဖစ္ ခန္႔အပ္ဖို႔ အသင္းပရိသတ္ေတြအေနနဲ႔ အလိုရွိေနတယ္လို႔ သိရပါတယ္။ ဒီနည္းျပ ႏွစ္ ေယာက္စလံုးကို ယူႏိုက္တက္ကလည္း နည္းျပသစ္အျဖစ္ ခန္႔အပ္ဖို႔ ေစာင့္ၾကည့္ေနတယ္လို႔လည္း သိရပါတယ္။
ယူႏိုက္တက္အသင္းအေနနဲ႔ ပိုခ်က္တီႏိုကို နည္းျပအျဖစ္ခန္႔အပ္ဖို႔အတြက္ အေစာပိုင္းကတည္းက စိတ္ဝင္စားေနခဲ့တာ ျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ တာဝန္ရွိသူေတြအေနနဲ႔ ေဆြးေႏြးမႈျပဳလုပ္ေနၿပီလို႔လည္း သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိ ရပါတယ္။ အာဆင္နယ္ပရိသတ္ေတြကလည္း ႏိုင္ငံတကာပြဲစဥ္ေတြကစားမယ့္ ရက္သတၱပတ္အၿပီးမွာ အာတီတာကို ထုတ္ပယ္ၿပီး နည္းျပသစ္ခန္႔အပ္ဖို႔အတြက္ လုပ္ေဆာင္ခ်င္ေနတယ္လို႔လည္း သိရပါတယ္။
အာဆင္နယ္ပရိသတ္တစ္ဦးျဖစ္တဲ့ ေဂၚနာရစ္ခ်ီက “ ကြ်န္ေတာ္အေနနဲ႔ အာဆင္နယ္ပရိသတ္ေတြ အမ်ားႀကီးနဲ႔ စကား ေျပာျဖစ္ခဲ့ပါတယ္။ အာတီတာအေနနဲ႔ အသင္းကို အက္ဖ္ေအဖလားရေအာင္စြမ္းေဆာင္ေပးႏိုင္ခဲ့တယ္ဆိုေပမယ့္ အသင္း ပရိသတ္ေတြ လိုခ်င္ေနတာက အခုလိုအေနအထားမ်ိဳးမဟုတ္ပါဘူး။ ေအာင္ျမင္မႈမရရင္ေတာင္ အသင္းအေနနဲ႔ အေကာင္းဆံုးကစားႏိုင္တဲ့ ကစားဟန္မ်ိဳးကို အသင္းပရိသတ္ေတြအေနနဲ႔ အလိုရွိတာပါ” လို႔ ေျပာခဲ့ပါတယ္။