ဒီရာသီ ပရီးမီးယားလိဂ်အိမ်ကွင်းစွမ်းဆောင်ရည်အရ လက်ရှိအချိန်မှာ ယူနိုက်တက်အနေနဲ့ အဆင့်-၁၉ နေရာရောက်နေ


The Sun သတင်းစာရဲ့ ဖော်ပြချက်အရ ဒီရာသီပရီးမီးယားလိဂ် အိမ်ကွင်းစွမ်းဆောင်ရည်အရ ဆိုရင် ယူနိုက်တက်အနေနဲ့ အဆင့်-၁၉ နေရာမှာ ရောက်ရှိနေတယ်လို့ သိရပါတယ်။ ဒီရာသီမှာ ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်အိမ်ကွင်း ၄ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲမရသေးဘဲ တစ်ပွဲသာ သရေကျခဲ့ပြီး သုံးပွဲရှုံးခဲ့တာကြောင့် အိမ်ကွင်းပွဲစဉ်တွေထဲက ရနိုင်တဲ့ အမှတ် ၁၂ မှတ်ကနေ ၁ မှတ်သာရရှိထားတာဖြစ်ပါတယ်။

လက်ရှိအမှတ်ပေးဇယားအရ ယူနိုက်တက်အသင်းထက် အိမ်ကွင်းစွမ်းဆောင်ရည်ညံ့တဲ့အသင်းက ဘန်လေအသင်းဖြစ်ပြီး ဒီရာသီအိမ်ကွင်းပွဲစဉ်အဖြစ် သုံးပွဲကစားပြီးချိန်မှာ သုံးပွဲကစားပြီးချိန်မှာ သုံးပွဲစလုံးရှုံးထားပြီး သွင်းဂိုးလည်း တစ်ဂိုးမှမသွင်း ယူထားနိုင်တာပဲ ဖြစ်ပါတယ်။ ဒီရာသီအိမ်ကွင်းစွမ်းဆောင်ရည်အကောင်းဆုံးအသင်းက လက်ရှိချန်ပီယံ လီဗာပူးဖြစ်ပြီး လေးပွဲကစားပြီးချိန်မှာ ရာနှုန်းပြည့်နိုင်ပွဲရထားတာပဲ ဖြစ်ပါတယ်။


လက်ရှိရာသီ ပရီးမီးယားလိဂ်အိမ်ကွင်းနိုင်ပွဲမရသေးတဲ့အသင်းက ငါးသင်းအထိရှိတယ်ဆိုပေမယ့် အသင်းကြီးတွေထဲက ယူနိုက်တက် တစ်သင်းတည်းပဲပါဝင်နေတာကြောင့် အသင်းပရိသတ်တွေအနေနဲ့ ဒေါသထွက်မှုတွေဖြစ်နေတယ်လို့လည်း သတင်းတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။ ယူနိုက်တက်အသင်းတာဝန်ရှိသူတွေက နည်းပြအပြောင်းအလဲပြုလုပ်ဖို့ လုပ် ဆောင်နေတယ် ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

zawgyi version

ဒီရာသီ ပရီးမီးယားလိဂ္အိမ္ကြင္းစြမ္းေဆာင္ရည္အရ လက္ရွိအခ်ိန္မွာ ယူႏိုက္တက္အေနနဲ႔ အဆင့္-၁၉ ေနရာေရာက္ေန
The Sun သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ ဒီရာသီပရီးမီးယားလိဂ္ အိမ္ကြင္းစြမ္းေဆာင္ရည္အရ ဆိုရင္ ယူႏိုက္တက္အေနနဲ႔ အဆင့္-၁၉ ေနရာမွာ ေရာက္ရွိေနတယ္လို႔ သိရပါတယ္။ ဒီရာသီမွာ ယူႏိုက္တက္အေနနဲ႔ ပရီးမီးယားလိဂ္အိမ္ကြင္း ၄ပြဲ ကစားၿပီးခ်ိန္မွာ ႏိုင္ပြဲမရေသးဘဲ တစ္ပြဲသာ သေရက်ခဲ့ၿပီး သံုးပြဲရႈံးခဲ့တာေၾကာင့္ အိမ္ကြင္းပြဲစဥ္ေတြထဲက ရႏိုင္တဲ့ အမွတ္ ၁၂ မွတ္ကေန ၁ မွတ္သာရရွိထားတာျဖစ္ပါတယ္။
လက္ရွိအမွတ္ေပးဇယားအရ ယူႏိုက္တက္အသင္းထက္ အိမ္ကြင္းစြမ္းေဆာင္ရည္ညံ့တဲ့အသင္းက ဘန္ေလအသင္းျဖစ္ၿပီး ဒီရာသီအိမ္ကြင္းပြဲစဥ္အျဖစ္ သံုးပြဲကစားၿပီးခ်ိန္မွာ သံုးပြဲကစားၿပီးခ်ိန္မွာ သံုးပြဲစလံုးရႈံးထားၿပီး သြင္းဂိုးလည္း တစ္ဂိုးမွမသြင္း ယူထားႏိုင္တာပဲ ျဖစ္ပါတယ္။ ဒီရာသီအိမ္ကြင္းစြမ္းေဆာင္ရည္အေကာင္းဆံုးအသင္းက လက္ရွိခ်န္ပီယံ လီဗာပူးျဖစ္ၿပီး ေလးပြဲကစားၿပီးခ်ိန္မွာ ရာႏႈန္းျပည့္ႏိုင္ပြဲရထားတာပဲ ျဖစ္ပါတယ္။
လက္ရွိရာသီ ပရီးမီးယားလိဂ္အိမ္ကြင္းႏိုင္ပြဲမရေသးတဲ့အသင္းက ငါးသင္းအထိရွိတယ္ဆိုေပမယ့္ အသင္းႀကီးေတြထဲက ယူႏိုက္တက္ တစ္သင္းတည္းပဲဲပါဝင္ေနတာေၾကာင့္ အသင္းပရိသတ္ေတြအေနနဲ႔ ေဒါသထြက္မႈေတြျဖစ္ေနတယ္လို႔လည္း သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရသိရပါတယ္။ ယူႏိုက္တက္အသင္းတာဝန္ရွိသူေတြက နည္းျပအေျပာင္းအလဲျပဳလုပ္ဖို႔ လုပ္ ေဆာင္ေနတယ္ ဆိုတဲ့သတင္းေတြလည္း ထြက္ေပၚေနပါတယ္။