ရပ်ရှ်ဖိုဒ့် ရဲ့ ဒဏ်ရာသတင်းကို စောင့်ပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရဖို့ နီးစပ်နေတဲ့ လိဒ်ယူနိုက်တက်တိုက်စစ်မှူး ပက်ထရစ်ဘမ်းဖိုဒ့်

ယူနိုက်တက်တိုက်စစ်မှူး ရပ်ရှ်ဖိုဒ့်သာ ကြံ့ခိုင်မှု မပြည့်ဝပါက လိဒ်ယူနိုက်တက်တိုက်စစ်မှူး ပက်ထရစ်ဘမ်းဖိုဒ့်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းကြီးတွက် ရွေးချယ်ခြင်းခံရဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ ယူနိုက်တက်တိုက်စစ်မှူးရပ်ရှ်ဖိုဒ့်ဟာ အဲဗာတန်အသင်းကို တနင်္ဂနွေနေ့က (၃-၁) နဲ့ အနိုင်ရခဲ့ပွဲမှာ ပခုံးဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါဟာ ဒီလမှာ ဆောက်သမ်တန်တိုက်စစ်မှူး ဒန်နီအင်းစ်ကို လက်လွှတ်ခဲ့ရတဲ့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်အတွက်တော့ ထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ လာမယ့် လက်ရွေးစင်ပွဲတွေမှာ ဂရင်းဝုဒ်ကို ကစားစေချင်ပေမယ့် အင်္ဂလန်အသင်းက ရွေးချယ်ခဲ့ခြင်းမရှိပါဘူး။ ရပ်ရှ်ဖိုဒ့်ကို ယူနိုက်တက်အသင်းရဲ့ ဆရာဝန်တွေက တနလာၤနေ့မှာ စစ်ဆေးဦးမှာ ဖြစ်ပါတယ်။ လိဒ်ယူနိုက်တက်တိုက်စစ်မှုး ပက်ထရစ်ဘမ်းဖိုဒ့်ဟာ အင်္ဂလန်တိုက်စစ်တစ်နေရာအတွက် ဟယ်ရီဘားနက်စ်နဲ့ ဝီလ်ဆင် တို့နဲ့ ယှဉ်ပြိုင်ရဦးမယ်လို့လည်း သိရပါတယ်။

အင်္ဂလန်ယူ-၂၁ ဆောက်ဂိတ်လက်အောက်မှာ ကစားခဲ့တဲ့ ဘမ်းဖိုဒ့်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ (၇) ဂိုးသွင်းပေးထားသူဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ယူ-၂၁ အသင်းမှာ (၂) ကြိမ်ကစားခဲ့ပါတယ်။ဝီလ်ဆင်ကတော့ ဒီနှစ်အစောပိုင်းမှာ နယူးကာဆယ်အသင်းကို ဘုန်းမောက်အသင်းဆီကနေ ပေါင်သန်း ၂၀ နဲ့ ရောက်ရှိလာသူဖြစ်ပြီး (၉) ပွဲကစား (၆) ဂိုးသွင်းထားပါတယ်။

ရပ္ရွ္ဖိုဒ့္ ရဲ႕ ဒဏ္ရာသတင္းကို ေစာင့္ျပီး အဂၤလန္လက္ေရြးစင္အသင္းအတြက္ ေရြးခ်ယ္မႈခံရဖို႔ နီးစပ္ေနတဲ့ လိဒ္ယူႏိုက္တက္တိုက္စစ္မွဴး ပက္ထရစ္ဘမ္းဖိုဒ့္

ယူႏိုက္တက္တိုက္စစ္မွဴး ရပ္ရွ္ဖိုဒ့္သာ ၾကံ့ခိုင္မႈ မျပည့္၀ပါက လိဒ္ယူႏိုက္တက္တိုက္စစ္မွဴး ပက္ထရစ္ဘမ္းဖိုဒ့္ဟာ အဂၤလန္လက္ေရြးစင္အသင္းၾကီးတြက္ ေရြးခ်ယ္ျခင္းခံရဖို႔ နီးစပ္ေနျပီျဖစ္ပါတယ္။ ယူႏိုက္တက္တိုက္စစ္မွဴးရပ္ရွ္ဖိုဒ့္ဟာ အဲဗာတန္အသင္းကို တနဂၤေႏြေန႔က (၃-၁) နဲ႔ အႏိုင္ရခဲ့ပြဲမွာ ပခံုးဒဏ္ရာ ရရွိခဲ့ပါတယ္။ ဒါဟာ ဒီလမွာ ေဆာက္သမ္တန္တိုက္စစ္မွဴး ဒန္နီအင္းစ္ကို လက္လႊတ္ခဲ့ရတဲ့ အဂၤလန္နည္းျပ ေဆာက္ဂိတ္အတြက္ေတာ့ ထိုးႏွက္ခ်က္တစ္ခုျဖစ္ပါတယ္။

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားကေတာ့ လာမယ့္ လက္ေရြးစင္ပြဲေတြမွာ ဂရင္း၀ုဒ္ကို ကစားေစခ်င္ေပမယ့္ အဂၤလန္အသင္းက ေရြးခ်ယ္ခဲ့ျခင္းမရွိပါဘူး။ ရပ္ရွ္ဖုိဒ့္ကို ယူႏိုက္တက္အသင္းရဲ႕ ဆရာ၀န္ေတြက တနလာၤေန႔မွာ စစ္ေဆးဦးမွာ ျဖစ္ပါတယ္။ လိဒ္ယူႏိုက္တက္တိုက္စစ္မႈး ပက္ထရစ္ဘမ္းဖိုဒ့္ဟာ အဂၤလန္တိုက္စစ္တစ္ေနရာအတြက္ ဟယ္ရီဘားနက္စ္နဲ႔ ၀ီလ္ဆင္ တို႔နဲ႔ ယွဥ္ျပိဳင္ရဦးမယ္လို႔လည္း သိရပါတယ္။

အဂၤလန္ယူ-၂၁ ေဆာက္ဂိတ္လက္ေအာက္မွာ ကစားခဲ့တဲ့ ဘမ္းဖိုဒ့္ဟာ ဒီရာသီပရီးမီးယားလိဂ္မွာ (၇) ဂိုးသြင္းေပးထားသူျဖစ္ပါတယ္။ အသက္ ၂၇ နွစ္အရြယ္ကစားသမားဟာ ယူ-၂၁ အသင္းမွာ (၂) ၾကိမ္ကစားခဲ့ပါတယ္။၀ီလ္ဆင္ကေတာ့ ဒီႏွစ္အေစာပိုင္းမွာ နယူးကာဆယ္အသင္းကို ဘုန္းေမာက္အသင္းဆီကေန ေပါင္သန္း ၂၀ နဲ႔ ေရာက္ရွိလာသူျဖစ္ျပီး (၉) ပြဲကစား (၆) ဂိုးသြင္းထားပါတယ္။