အဂူရို ဝလာတယ်လို့ စွပ်စွဲလိုက်တဲ့ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်း

ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ဒဏ်ရာရရှိပြီး ပြီးခဲ့တဲ့လက အာဆင်နယ်အသင်းနဲ့ ပွဲမှာ ပြန်လည်ကစားလာတဲ့ မန်စီးတီးတိုက်စစ်မှုး အဂူရိုဟာ ဝိတ်တက်လာတယ်လို့ စွပ်စွဲပြောဆိုသွားခဲ့ပါတယ်။ အာဂျင်တီးနား လက်ရွေးစင်ကစားသမားဟာ မန်စီးတီးအသင်းရဲ့ ၂၀၂၀-၂၁ ဘောလုံးရာသီအစကို ဒူးဒဏ်ရာ ခွဲစိတ်ခံထားရလို့ လွဲချော်ခဲ့ပြီးနောက် အာဆင်နယ်၊ ပေါ်တို နဲ့ ဝက်စ်ဟမ်းယူနိုကတက်အသင်းတို့နဲ့ ပွဲတွေမှာ ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။

အဂူရိုဟာ အောက်တိုဘာလ ၂၄ ရက်နေ့က ဝက်စ်ဟမ်းအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ တံကောက်ကြော ဒဏ်ရာ ထပ်မံရရှိခဲ့ပြီး မန်စီးတီးအသင်းရဲ့ နောက်ဆုံး (၄) ပွဲကို လွဲချော်ခဲ့ပါတယ်။အာဂျင်တီးနား လက်ရွေးစင်ကစားသမားနဲ့ ပတ်သက်ပြီး ရွိုင်ကိန်းက “တစ်ကယ်ပါ သေချာကြည့် ပြန်လာပြီးနောက်ပိုင်း သူတစ်ကယ် ဝိတ်တက်လာပါတယ်။

သူဘယ်ဘောင်းဘီ ဆိုဒ်ဝတ်သလဲဆိုတာ ဘုရားပဲ သိပါလိမ့်မယ်။ သူပုံစံက လုံး၀ ဝလာတာပါ။ ကစားသမားတွေအနေနဲ့ ဒဏ်ရာရနေတဲ့အချိန်မှာ တစ်ခါတစ်လေ အသေးစားလေ့ကျင့်ရေးတွေ လုပ်သင့်ပါတယ်” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

အဂူရိုရဲ့ လက်ရှိမန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းက နောက်နွေရာသီမှာ ကုန်ဆုံးတော့မှာပါ။

အဂူရို ၀လာတယ္လို႔ စြပ္စြဲလိုက္တဲ့ ယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္း ရြိဳင္ကိန္း

ယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္း ရြိဳင္ကိန္းက ဒဏ္ရာရရွိျပီး ျပီးခဲ့တဲ့လက အာဆင္နယ္အသင္းနဲ႔ ပြဲမွာ ျပန္လည္ကစားလာတဲ့ မန္စီးတီးတိုက္စစ္မႈး အဂူရိုဟာ ၀ိတ္တက္လာတယ္လို႔ စြပ္စြဲေျပာဆိုသြားခဲ့ပါတယ္။ အာဂ်င္တီးနား လက္ေရြးစင္ကစားသမားဟာ မန္စီးတီးအသင္းရဲ႕ ၂၀၂၀-၂၁ ေဘာလံုးရာသီအစကို ဒူးဒဏ္ရာ ခြဲစိတ္ခံထားရလို႔ လြဲေခ်ာ္ခဲ့ျပီးေနာက္ အာဆင္နယ္၊ ေပၚတို နဲ႔ ၀က္စ္ဟမ္းယူႏို္ကတက္အသင္းတို႔နဲ႔ ပြဲေတြမွာ ပါ၀င္ကစားခဲ့သူျဖစ္ပါတယ္။

အဂူရိုဟာ ေအာက္တိုဘာလ ၂၄ ရက္ေန႔က ၀က္စ္ဟမ္းအသင္းနဲ႔ ကစားခဲ့တဲ့ပြဲမွာ တံေကာက္ေၾကာ ဒဏ္ရာ ထပ္မံရရွိခဲ့ျပီး မန္စီးတီးအသင္းရဲ႕ ေနာက္ဆံုး (၄) ပြဲကို လြဲေခ်ာ္ခဲ့ပါတယ္။အာဂ်င္တီးနား လက္ေရြးစင္ကစားသမားနဲ႔ ပတ္သက္ျပီး ရြိဳင္ကိန္းက “တစ္ကယ္ပါ ေသခ်ာၾကည့္ ျပန္လာျပီးေနာက္ပိုင္း သူတစ္ကယ္ ၀ိတ္တက္လာပါတယ္။

သူဘယ္ေဘာင္းဘီ ဆိုဒ္၀တ္သလဲဆိုတာ ဘုရားပဲ သိပါလိမ့္မယ္။ သူပံုစံက လံုး၀ ၀လာတာပါ။ ကစားသမားေတြအေနနဲ႔ ဒဏ္ရာရေနတဲ့အခ်ိန္မွာ တစ္ခါတစ္ေလ အေသးစားေလ့က်င့္ေရးေတြ လုပ္သင့္ပါတယ္” လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

အဂူရိုရဲ႕ လက္ရွိမန္စီးတီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္းက ေနာက္ေႏြရာသီမွာ ကုန္ဆံုးေတာ့မွာပါ။