အက်စတွန်ဗီလာနဲ့ ပွဲက အာဆင်နယ်အသင်းရဲ့ စွမ်းဆောင်ရည်ကို ဝေဖန်သွားခဲ့တဲ့ အီယန်ရိုက်

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ကစားသမား အီယန်ရိုက်က တနင်္ဂနွေနေ့က အက်စတွန်ဗီလာအသင်းကို အိမ်ကွင်းမှာ (၃-ဝ) နဲ့ ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ စွမ်းဆောင်ရည်ကို ဝေဖန်သွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လက်စတာအသင်းနဲ့ အမှတ်ကွာဟမှုကို လျော့ချနိုင်မယ့် အခွင့်အရေး ရရှိခဲ့သော်လည်း လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

အီယန်ရိုက်က အာဆင်နယ်အသင်းရဲ့ ကစားပုံက ပြီးခဲ့တဲ့ နှစ်တွေအတွင်းက အဆိုးရွားဆုံး ကစားပုံဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

“ဒီကစားပုံက ကျွန်တော်မြင်ဖူးသမျှ အာဆင်နယ်အသင်းရဲ့ အဆိုးရွားဆုံးကစားပုံဖြစ်ပါတယ်။ ဗီလာအသင်းက ကောင်းလာတာကို ကျွန်တော်သိပါတယ်။

ဒါပေမယ့် အာဆင်နယ်အသင်းရဲ့ ကစားပုံကလည်း စိတ်ပျက်စရာပါ။ နေရာစုံက ညံ့ဖျင်းနေပါတယ်။ ယူနိုက်တက်အသင်းကို အနိုင်ရခဲ့တဲ့ပွဲတုန်းက ခြေစွမ်းနဲ့ တခြားစီပါ။ ယူနိုက်တက်ကို အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ ပွဲတုန်းက တန်ပြန်တိုက်စစ်ကစားခဲ့တယ်ဆိုတာ သိပါတယ်။ အခုသူတို့က အခွင့်အရေးတွေတောင် မဖန်တီးနိုင်ခဲ့ပါဘူး” လို့ အီယန်ရိုက်က ပြောသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ လိဒ်ယူနိုက်တက်အသင်းကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားရမှာပါ။

အက္စတြန္ဗီလာနဲ႔ ပြဲက အာဆင္နယ္အသင္းရဲ႕ စြမ္းေဆာင္ရည္ကို ေ၀ဖန္သြားခဲ့တဲ့ အီယန္ရိုက္

အာဆင္နယ္အသင္းရဲ႕ ဂႏၱ၀င္ကစားသမား အီယန္ရိုက္က တနဂၤေႏြေန႔က အက္စတြန္ဗီလာအသင္းကို အိမ္ကြင္းမွာ (၃-၀) နဲ႔ ရႈံးနိမ့္ခဲ့တဲ့ အာဆင္နယ္အသင္းရဲ႕ စြမ္းေဆာင္ရည္ကို ေ၀ဖန္သြားခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ လက္စတာအသင္းနဲ႕ အမွတ္ကြာဟမႈကို ေလ်ာ့ခ်ႏိုင္မယ့္ အခြင့္အေရး ရရွိခဲ့ေသာ္လည္း လက္လႊတ္ခဲ့ရတာျဖစ္ပါတယ္။

အီယန္ရိုက္က အာဆင္နယ္အသင္းရဲ႕ ကစားပံုက ျပီးခဲ့တဲ့ ႏွစ္ေတြအတြင္းက အဆိုးရြားဆံုး ကစားပံုျဖစ္တယ္လို႔ ေျပာသြားခဲ့ပါတယ္။

“ဒီကစားပံုက ကၽြန္ေတာ္ျမင္ဖူးသမွ် အာဆင္နယ္အသင္းရဲ႕ အဆိုးရြားဆံုးကစားပံုျဖစ္ပါတယ္။ ဗီလာအသင္းက ေကာင္းလာတာကို ကၽြန္ေတာ္သိပါတယ္။

ဒါေပမယ့္ အာဆင္နယ္အသင္းရဲ႕ ကစားပံုကလည္း စိတ္ပ်က္စရာပါ။ ေနရာစံုက ညံ့ဖ်င္းေနပါတယ္။ ယူႏိုက္တက္အသင္းကို အႏိုင္ရခဲ့တဲ့ပြဲတုန္းက ေျခစြမ္းနဲ႔ တျခားစီပါ။ ယူႏိုက္တက္ကို အေ၀းကြင္းမွာ အႏိုင္ရခဲ့တဲ့ ပြဲတုန္းက တန္ျပန္တိုက္စစ္ကစားခဲ့တယ္ဆိုတာ သိပါတယ္။ အခုသူတို႔က အခြင့္အေရးေတြေတာင္ မဖန္တီးႏိုင္ခဲ့ပါဘူး” လို႔ အီယန္ရိုက္က ေျပာသြားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ႏို၀င္ဘာလ ၂၂ ရက္ေန႔မွာ လိဒ္ယူႏိုက္တက္အသင္းကို အေ၀းကြင္းမွာ သြားေရာက္ယွဥ္ျပိဳင္ကစားရမွာပါ။