တစ်ပတ်ကို ပေါင်၇၅၀၀၀ နဲ့ နိုင်ပွဲတစ်ပွဲရရင် ပေါင် ၉၀၀၀ ပေးမယ်ဆိုပြီး ကွင်းလယ်လူ ဖိုဒန်ကို စာချုပ်သစ်ချုပ်ဆိုဖို့ လုပ် ဆောင်နေတဲ့ မန်စီးတီး


မန်စီးတီးအသင်းအနေနဲ့ ကွင်းလယ်ကစားသမား ဖိုဒန်ကို တစ်ပတ်ပေါင် ၇၅၀၀၀ နဲ့နိုင်ပွဲတစ်ပွဲရရင် ပေါင် ၉၀၀၀ ပေးမယ် ဆိုပြီး စာချုပ်သစ်ချုပ်ဆိုဖို့အတွက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အသက် ၂၀ သာရှိသေးတဲ့ ကွင်းလယ်ကစားသ မား ဖိုဒန်ဟာ လက်ရှိ မန်စီးတီးအသင်းမှာ တစ်ပတ်လုပ်ခလစာပေါင် ၂၅၀၀၀ သာ ရရှိနေတဲ့ ကစားသမားဖြစ်ပေမယ့် အသင်းအတွက် အရေးပါတဲ့ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။


SundayMirror ရဲ့ ဖော်ပြချက်အရ ၂၀၁၇ ခုနှစ်ကတည်းက မန်စီးတီးအသင်းကြီးအတွက် ကစားခွင့်ရခဲ့တဲ့ ဖိုဒန်ဟာ ဝါရင့် ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားရဲ့ နေရာအတွက် အကောင်းဆုံးအစားထိုးနိုင်မယ့်သူအဖြစ် သတ်မှတ်ခံထားရပြီး ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ရှစ်ဂိုးသွင်းပြီး ဂိုးဖန်တီးမှု လေးကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။ အသက် ၂၀ သာရှိသေးပေမယ့် ဖိုဒန် ဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံ နှစ်ကြိမ်အပါအဝင် ဆုဖလား ၆ကြိမ်အထိရရှိခဲ့သူလည်း ဖြစ်ပါတယ်။


အင်္ဂလန် ယူ-၁၇ အသင်းနဲ့အတူ ၂၀၁၇ ခုနှစ်လူငယ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဖိုဒန်ဟာ အင်္ဂလန်အသင်းကြီး အတွက် ရွေးချယ်ခံခဲ့ရပေမယ့် စည်းကမ်းဖောက်ဖျက်မှုတွေကို ကျူးလွန်ခဲ့တာကြောင့် အသင်းကနေ အိမ်ပြန်ပို့ခံခဲ့ရဖူးပါ တယ်။ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ လာမယ့်တစ်ပတ်အတွင်းမှာ ကစားမယ့် အိုင်ယာလန်၊ ဘယ်ဂျီယံနဲ့ အိုက်စ လန်အသင်းတွေနဲ့ ပွဲအတွက် လူစာရင်းမှာ ဖိုဒန်ကို ပြန်ပြီး ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

zawgyi version

တစ္ပတ္ကို ေပါင္၇၅၀၀၀ နဲ႔ ႏိုင္ပြဲတစ္ပြဲရရင္ ေပါင္ ၉၀၀၀ ေပးမယ္ဆိုၿပီး ကြင္းလယ္လူ ဖိုဒန္ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ လုပ္ ေဆာင္ေနတဲ့ မန္စီးတီး
မန္စီးတီးအသင္းအေနနဲ႔ ကြင္းလယ္ကစားသမား ဖိုဒန္ကို တစ္ပတ္ေပါင္ ၇၅၀၀၀ နဲ႔ႏိုင္ပြဲတစ္ပြဲရရင္ ေပါင္ ၉၀၀၀ ေပးမယ္ ဆိုၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔အတြက္ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ အသက္ ၂၀ သာရွိေသးတဲ့ ကြင္းလယ္ကစားသ မား ဖိုဒန္ဟာ လက္ရွိ မန္စီးတီးအသင္းမွာ တစ္ပတ္လုပ္ခလစာေပါင္ ၂၅၀၀၀ သာ ရရွိေနတဲ့ ကစားသမားျဖစ္ေပမယ့္ အသင္းအတြက္ အေရးပါတဲ့ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။
SundayMirror ရဲ႕ ေဖာ္ျပခ်က္အရ ၂၀၁၇ ခုႏွစ္ကတည္းက မန္စီးတီးအသင္းႀကီးအတြက္ ကစားခြင့္ရခဲ့တဲ့ ဖိုဒန္ဟာ ဝါရင့္ ကြင္းလယ္လူ ေဒးဗစ္ေဆးလ္ဗားရဲ႕ ေနရာအတြက္ အေကာင္းဆံုးအစားထိုးႏိုင္မယ့္သူအျဖစ္ သတ္မွတ္ခံထားရၿပီး ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ ရွစ္ဂိုးသြင္းၿပီး ဂိုးဖန္တီးမႈ ေလးႀကိမ္အထိျပဳလုပ္ႏိုင္ခဲ့ပါတယ္။ အသက္ ၂၀ သာရွိေသးေပမယ့္ ဖိုဒန္ ဟာ မန္စီးတီးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္ခ်န္ပီယံ ႏွစ္ႀကိမ္အပါအဝင္ ဆုဖလား ၆ႀကိမ္အထိရရွိခဲ့သူလည္း ျဖစ္ပါတယ္။
အဂၤလန္ ယူ-၁၇ အသင္းနဲ႔အတူ ၂၀၁၇ ခုႏွစ္လူငယ္ကမ႓ာ့ဖလားၿပိဳင္ပြဲမွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ ဖိုဒန္ဟာ အဂၤလန္အသင္းႀကီး အတြက္ ေရြးခ်ယ္ခံခဲ့ရေပမယ့္ စည္းကမ္းေဖာက္ဖ်က္မႈေတြကို က်ဴးလြန္ခဲ့တာေၾကာင့္ အသင္းကေန အိမ္ျပန္ပို႔ခံခဲ့ရဖူးပါ တယ္။ အဂၤလန္နည္းျပ ေဆာက္ဂိတ္ကေတာ့ လာမယ့္တစ္ပတ္အတြင္းမွာ ကစားမယ့္ အိုင္ယာလန္၊ ဘယ္ဂ်ီယံနဲ႔ အိုက္စ လန္အသင္းေတြနဲ႔ ပြဲအတြက္ လူစာရင္းမွာ ဖိုဒန္ကို ျပန္ၿပီး ေရြးခ်ယ္ခဲ့တယ္လို႔ သိရပါတယ္။