ရှက်ဖီးယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ပွဲမှာ တစ်ပွဲတည်း ဂိုးရနိုင်တဲ့ ဖန်တီးမှု ၆ ကြိမ်အထိပြုလုပ်နိုင်ခဲ့တဲ့ ချဲလ်ဆီးကစားသ မား ဇီယက်


နွေရာသီအပြောင်းအရွှေ့တုန်းက အေဂျက်ကနေ ချဲလ်ဆီးအသင်းကို ရောက်ရှိလာခဲ့ပေမယ့် ပွဲထွက်ခွင့်ရဖို့အတွက် ရုန်း ကန်နေရတဲ့ ဇီယက်ဟာ ရှက်ဖီးယူနိုက်တက်ကို လေးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာတော့ ပွဲထွက်ခွင့်ရခဲ့ပြီး အဲ့ဒီပွဲတစ်ပွဲ တည်းမှာ ဂိုးရနိုင်တဲ့ ဖန်တီးမှု ၆ ကြိမ်အထိပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ ၆ကြိမ်မှာ ဇီယက်အနေနဲ့ ဂိုးဖန်တီးမှု ၂ကြိမ်အထိ အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။


အခုလိုတစ်ပွဲတည်းမှာ ဂိုးရနိုင်တဲ့ဖန်တီးမှုကို ၆ ကြိမ်အထိပြုလုပ်နိုင်ခဲ့တဲ့ ကစားသမားတွေထဲမှာ ဇီယက်အပြင် ချဲလ်ဆီး အသင်းရဲ့နောက်ထပ်ကစားသမားတစ်ဦးဖြစ်တဲ့ ရီဆီဂျိမ်းစ်ကလည်း ဝက်ဘရွန်းနဲ့ သုံးဂိုးစီသရေကျခဲ့တဲ့ပွဲမှာ လုပ်နိုင်ခဲ့ တယ်လို့ သိရပါတယ်။ ဒီလိုတစ်ပွဲတည်းမှာ ဂိုးရနိုင်တဲ့ ဖန်တီးမှု ၆ကြိမ်လုပ်နိုင်တာဟာ မန်စီးတီးက ဒီဘရူနီနဲ့ ယူနိုက် တက်က ဖာနန်ဒက်စ်တို့လည်း လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။


ဝက်ဘရွန်းကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာတော့ ချဲလ်ဆီးကစားသမားဇီယက်က “ ပွဲကောင်းတစ်ပွဲပါပဲ။ ပွဲအစ ၁၀ မိနစ်မှာ ခက်ခဲခဲ့တယ်ဆိုပေမယ့် တစ်ပွဲလုံးကို အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ကိုယ်တိုင်ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပေမယ့် ဂိုးဖန် တီးမှုတွေ ပြုလုပ်နိုင်ခဲ့တာကြောင့် ကျေနပ်မိပါတယ်။ အသင်းဖော်တွေအတွက် ဂိုးဖန်တီးမှုလုပ်နိုင်ခဲ့သလို အသင်းကလည်း နိုင်ပွဲရခဲ့တာကြောင့် ပျော်ရွှင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

ရွက္ဖီးယူႏိုက္တက္ကို အႏိုင္ရခဲ့တဲ့ပြဲမွာ တစ္ပြဲတည္း ဂိုးရႏိုင္တဲ့ ဖန္တီးမႈ ၆ ႀကိမ္အထိျပဳလုပ္ႏိုင္ခဲ့တဲ့ ခ်ဲလ္ဆီးကစားသ မား ဇီယက္
ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ေအဂ်က္ကေန ခ်ဲလ္ဆီးအသင္းကို ေရာက္ရွိလာခဲ့ေပမယ့္ ပြဲထြက္ခြင့္ရဖို႔အတြက္ ႐ုန္း ကန္ေနရတဲ့ ဇီယက္ဟာ ရွက္ဖီးယူႏိုက္တက္ကို ေလးဂိုးတစ္ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာေတာ့ ပြဲထြက္ခြင့္ရခဲ့ၿပီး အဲ့ဒီပြဲတစ္ပြဲ တည္းမွာ ဂိုးရႏိုင္တဲ့ ဖန္တီးမႈ ၆ ႀကိမ္အထိျပဳလုပ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ အဲ့ဒီ ၆ႀကိမ္မွာ ဇီယက္အေနနဲ႔ ဂိုးဖန္တီးမႈ ၂ႀကိမ္အထိ ေအာင္ျမင္ခဲ့တာပဲ ျဖစ္ပါတယ္။
အခုလိုတစ္ပြဲတည္းမွာ ဂိုးရႏိုင္တဲ့ဖန္တီးမႈကို ၆ ႀကိမ္အထိျပဳလုပ္ႏိုင္ခဲ့တဲ့ ကစားသမားေတြထဲမွာ ဇီယက္အျပင္ ခ်ဲလ္ဆီး အသင္းရဲ႕ေနာက္ထပ္ကစားသမားတစ္ဦးျဖစ္တဲ့ ရီဆီဂ်ိမ္းစ္ကလည္း ဝက္ဘရြန္းနဲ႔ သံုးဂိုးစီသေရက်ခဲ့တဲ့ပြဲမွာ လုပ္ႏိုင္ခဲ့ တယ္လို႔ သိရပါတယ္။ ဒီလိုတစ္ပြဲတည္းမွာ ဂိုးရႏိုင္တဲ့ ဖန္တီးမႈ ၆ႀကိမ္လုပ္ႏိုင္တာဟာ မန္စီးတီးက ဒီဘ႐ူနီနဲ႔ ယူႏိုက္ တက္က ဖာနန္ဒက္စ္တို႔လည္း လုပ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။
၀က္ဘရြန္းကို အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာေတာ့ ခ်ဲလ္ဆီးကစားသမားဇီယက္က “ ပြဲေကာင္းတစ္ပြဲပါပဲ။ ပြဲအစ ၁၀ မိနစ္မွာ ခက္ခဲခဲ့တယ္ဆိုေပမယ့္ တစ္ပြဲလံုးကို အေကာင္းဆံုးကစားႏိုင္ခဲ့ပါတယ္။ ကိုယ္တိုင္ဂိုးသြင္းယူႏိုင္ခဲ့ျခင္းမရွိေပမယ့္ ဂိုးဖန္ တီးမႈေတြ ျပဳလုပ္ႏိုင္ခဲ့တာေၾကာင့္ ေက်နပ္မိပါတယ္။ အသင္းေဖာ္ေတြအတြက္ ဂိုးဖန္တီးမႈလုပ္ႏိုင္ခဲ့သလို အသင္းကလည္း ႏိုင္ပြဲရခဲ့တာေၾကာင့္ ေပ်ာ္ရႊင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။