အာတီတာရဲ့ လက်အောက်မှာ အာဆင်နယ်အနေနဲ့ အတော် အခြေအနေဆိုးနေပြီလို့ သတင်းတွေက ဖော်ပြခဲ့ကြ


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်ဟာ အက်စ်တွန်ဗီလာကို အိမ်ကွင်းမှာကစားရတာဖြစ်ပေမယ့် သုံးဂိုး ပြတ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ် ၈ ပွဲကစားပြီးချိန်မှာ ရှုံးပွဲ ၄ ပွဲအထိရှိခဲ့တာကြောင့် နည်းပြ အာ တီတာရဲ့လက်အောက်မှာ အာဆင်နယ်အနေနဲ့ အခြေအနေဆိုးနေပြီလို့ သတင်းတွေကဖော်ပြခဲ့ကြတာပဲ ဖြစ်ပါတယ်။ အက်စ်တွန်ဗီလာနဲ့ပွဲမှာ အာဆင်နယ်အနေနဲ့ ချေပဂိုးရနိုင်တဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ဘူးလို့လည်း သတင်းတွေ ရဲ့ ဖော်ပြချက်အရ သိရပါတယ်။


အာဆင်နယ်ဟာ အက်စ်တွန်ဗီလာနဲ့ပွဲမှာ အဓိက,ကစားသမားအများစုကို အသုံးပြုခဲ့ပေမယ့် ပွဲချိန် ၂၅ မိနစ်မှာ တောင်ပံ ကစားသမား ဆာကာနဲ့ ကိုယ်ဂိုးကိုယ်သွင်းယူမှုကြောင့် အက်စ်တွန်ဗီလာက ဦးဆောင်ဂိုးရခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာ ဝီလီယံအနေနဲ့ ချေပဂိုးရနိုင်တဲ့အခွင့်အရေးကို အသုံးမချနိုင်ခဲ့တာကြောင့် အာဆင်နယ်တို့ ချေပဂိုးမရခဲ့တာဖြစ်ပြီး အက်စ် တွန်ဗီလာအတွက်ဂိုးတွေကိုတော့ တိုက်စစ်မှူး ဝှစ်ကင်းက ပွဲချိန် ၇၂ မိနစ်နဲ့ ၇၅ မိနစ်တွေမှာ သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။


အက်စ်တွန်ဗီလာဘက်က ဂရီလစ်ရှ်၊ ဂျွန်မက္ကင်း၊ဘာကလေနဲ ဝှစ်ကင်းတို့ရဲ့ တိုက်စစ်ကစားအားကို အာဆင်နယ်ခံစစ်အ နေနဲ့ ထိန်းချုပ်လို့ မရတာကြောင့် ရှုံးခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး အာဆင်နယ်နည်းပြဖြစ်လာပြီး တစ် နှစ်အတွင်းမှာ နည်းပြ အာတီတာအနေနဲ့ အခက်ခဲဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီဖြစ်ကြောင်းလည်း ဖော်ပြခဲ့ကြ တာ ဖြစ်ပါတယ်။

zawgyi version

အာတီတာရဲ႕ လက္ေအာက္မွာ အာဆင္နယ္အေနနဲ႔ အေတာ္ အေျခအေနဆိုးေနၿပီလို႔ သတင္းေတြက ေဖာ္ျပခဲ့ၾက
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ အာဆင္နယ္ဟာ အက္စ္တြန္ဗီလာကို အိမ္ကြင္းမွာကစားရတာျဖစ္ေပမယ့္ သံုးဂိုး ျပတ္နဲ႔ အေရးနိမ့္ခဲ့တာေၾကာင့္ ဒီရာသီပရီးမီးယားလိဂ္ပြဲစဥ္ ၈ ပြဲကစားၿပီးခ်ိန္မွာ ရႈံးပြဲ ၄ ပြဲအထိရွိခဲ့တာေၾကာင့္ နည္းျပ အာ တီတာရဲ႕လက္ေအာက္မွာ အာဆင္နယ္အေနနဲ႔ အေျခအေနဆိုးေနၿပီလို႔ သတင္းေတြကေဖာ္ျပခဲ့ၾကတာပဲ ျဖစ္ပါတယ္။ အက္စ္တြန္ဗီလာနဲ႔ပြဲမွာ အာဆင္နယ္အေနနဲ႔ ေခ်ပဂိုးရႏိုင္တဲ့ အခြင့္အေရးေတြကို အသံုးမခ်ႏိုင္ခဲ့ဘူးလို႔လည္း သတင္းေတြ ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
အာဆင္နယ္ဟာ အက္စ္တြန္ဗီလာနဲ႔ပြဲမွာ အဓိက,ကစားသမားအမ်ားစုကို အသံုးျပဳခဲ့ေပမယ့္ ပြဲခ်ိန္ ၂၅ မိနစ္မွာ ေတာင္ပံ ကစားသမား ဆာကာနဲ႔ ကိုယ္ဂိုးကိုယ္သြင္းယူမႈေၾကာင့္ အက္စ္တြန္ဗီလာက ဦးေဆာင္ဂိုးရခဲ့ပါတယ္။ ဒုတိယပိုင္းအစမွာ ဝီလီယံအေနနဲ႔ ေခ်ပဂိုးရႏိုင္တဲ့အခြင့္အေရးကို အသံုးမခ်ႏိုင္ခဲ့တာေၾကာင့္ အာဆင္နယ္တို႔ ေခ်ပဂိုးမရခဲ့တာျဖစ္ၿပီး အက္စ္ တြန္ဗီလာအတြက္ဂိုးေတြကိုေတာ့ တိုက္စစ္မွဴး ဝွစ္ကင္းက ပြဲခ်ိန္ ၇၂ မိနစ္နဲ႔ ၇၅ မိနစ္ေတြမွာ သြင္းယူခဲ့တာပဲ ျဖစ္ပါတယ္။
အက္စ္တြန္ဗီလာဘက္က ဂရီလစ္ရွ္၊ ဂၽြန္မကၠင္း၊ဘာကေလနဲ ဝွစ္ကင္းတို႔ရဲ႕ တိုက္စစ္ကစားအားကို အာဆင္နယ္ခံစစ္အ ေနနဲ႔ ထိန္းခ်ဳပ္လို႔ မရတာေၾကာင့္ ရႈံးခဲ့တာျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး အာဆင္နယ္နည္းျပျဖစ္လာၿပီး တစ္ ႏွစ္အတြင္းမွာ နည္းျပ အာတီတာအေနနဲ႔ အခက္ခဲဆံုး အေျခအေနေတြနဲ႔ ရင္ဆိုင္ေနရၿပီျဖစ္ေၾကာင္းလည္း ေဖာ္ျပခဲ့ၾက တာ ျဖစ္ပါတယ္။