စပါးအနေနဲ့ ပရီးမီးယားလိဂ်အပြင် ဥရောပပြိုင်ပွဲတွေမှာပါ ချန်ပီယံဖြစ်နိုင်ကြောင်း ပြောခဲ့တဲ့ နည်းပြ မော်ရင်ဟို


စပါးနည်းပြ မော်ရင်ဟိုက ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝက်ဘရွန်းစ်နဲ့ပွဲမှာ အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ မှာ အဆင့်-၂ နေရာကို ရောက်လာခဲ့တာကြောင့် အသင်းအနေနဲ့ ပရီးမီးယားလိဂ်အပြင် ဥရောပပြိုင်ပွဲတွေမှာပါ ချန်ပီယံ ဖြစ်နိုင်ကြောင်း ပြောခဲ့ပါတယ်။ မော်ရင်ဟိုရဲ့ စပါးဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ၉ ပွဲနိုင်ပြီး ၁ပွဲပဲ ရှုံးခဲ့တာ ကြောင့် ခြေစွမ်းကောင်းရနေတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။


မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက နိုဝင်ဘာလမှာ စပါးနည်းပြဖြစ်လာပြီးနောက် အသင်းကို အကောင်းဆုံး တည်ဆောက်နိုင်ခဲ့သလို နွေရာသီအပြောင်းအရွှေ့မှာလည်း ကစားသမားကောင်းတွေကို ခေါ်ယူထားတာကြောင့် ဒီရာသီ မှာ အောင်မြင်မှုရရှိနိုင်တယ်လို့လည်း ထင်ကြေးပေးခံနေရသူုဖြစ်ပါတယ်။ ရာသီအစပိုင်းတုန်းက ပွဲစဉ်ဆက်တိုက်ကစားရ မှုကြောင့် မော်ရင်ဟိုအနေနဲ့ ဝေဖန်မှုတွေရှိခဲ့ပေမယ့် အသင်းကတော့ ရလဒ်ကောင်းတွေ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။


ဝက်ဘရွန်းစ်ကို အနိုင်ရတဲ့ပွဲပြီးမှာတော့ စပါးနည်းပြ မော်ရင်ဟိုက “ လက်ရှိအသင်းရဲ့အနေအထားက အကောင်းဆုံး ဖြစ် နေတာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်သလို ဥရောပပြိုင်ပွဲတွေမှာလည်း ချန်ပီယံဖြစ်နိုင်ပါတယ်။ တကယ်လို့ အခြားဥရောပနိုင်ငံတွေမှာသာ စပါးအနေနဲ့ ကစားနေမယ်ဆိုရင် ချန်ပီယံဆုကို သေချာပေါက်ရရှိမှာပဲ ဖြစ်ပါတယ်။ တစ်ပွဲ ချင်းရလဒ်တွေကို ဂရုစိုက်နေမှာမဟုတ်ဘူးဆိုပေမယ့် ရာသီအကုန်မှာ အသင်းအနေနဲ့ အောင်မြင်မှုရယူနိုင်မယ်လို့ ထင်ပါ တယ်” ဆိုပြီး ပြောခဲ့ပါတယ်။

zawgyi version

စပါးအေနနဲ႔ ပရီးမီးယားလိဂ္အျပင္ ဥေရာပၿပိဳင္ပြဲေတြမွာပါ ခ်န္ပီယံျဖစ္ႏိုင္ေၾကာင္း ေျပာခဲ့တဲ့ နည္းျပ ေမာ္ရင္ဟို
စပါးနည္းျပ ေမာ္ရင္ဟိုက ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဝက္ဘရြန္းစ္နဲ႔ပြဲမွာ အႏိုင္ရခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ မွာ အဆင့္-၂ ေနရာကို ေရာက္လာခဲ့တာေၾကာင့္ အသင္းအေနနဲ႔ ပရီးမီးယားလိဂ္အျပင္ ဥေရာပၿပိဳင္ပြဲေတြမွာပါ ခ်န္ပီယံ ျဖစ္ႏိုင္ေၾကာင္း ေျပာခဲ့ပါတယ္။ ေမာ္ရင္ဟိုရဲ႕ စပါးဟာ ေနာက္ဆံုးကစားခဲ့တဲ့ ၿပိဳင္ပြဲစံု ၁၂ ပြဲမွာ ၉ ပြဲႏိုင္ၿပီး ၁ပြဲပဲ ရႈံးခဲ့တာ ေၾကာင့္ ေျခစြမ္းေကာင္းရေနတယ္လို႔ ဆိုရမွာပဲ ျဖစ္ပါတယ္။
ေမာ္ရင္ဟိုဟာ ၿပီးခဲ့တဲ့ေဘာလံုးရာသီတုန္းက ႏိုဝင္ဘာလမွာ စပါးနည္းျပျဖစ္လာၿပီးေနာက္ အသင္းကို အေကာင္းဆံုး တည္ေဆာက္ႏိုင္ခဲ့သလို ေႏြရာသီအေျပာင္းအေရႊ႕မွာလည္း ကစားသမားေကာင္းေတြကို ေခၚယူထားတာေၾကာင့္ ဒီရာသီ မွာ ေအာင္ျမင္မႈရရွိႏိုင္တယ္လို႔လည္း ထင္ေၾကးေပးခံေနရသူုျဖစ္ပါတယ္။ ရာသီအစပိုင္းတုန္းက ပြဲစဥ္ဆက္တိုက္ကစားရ မႈေၾကာင့္ ေမာ္ရင္ဟိုအေနနဲ႔ ေဝဖန္မႈေတြရွိခဲ့ေပမယ့္ အသင္းကေတာ့ ရလဒ္ေကာင္းေတြ ရရွိခဲ့တာပဲ ျဖစ္ပါတယ္။
ဝက္ဘရြန္းစ္ကို အႏိုင္ရတဲ့ပြဲၿပီးမွာေတာ့ စပါးနည္းျပ ေမာ္ရင္ဟိုက “ လက္ရွိအသင္းရဲ႕အေနအထားက အေကာင္းဆံုး ျဖစ္ ေနတာေၾကာင့္ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ႏိုင္သလို ဥေရာပၿပိဳင္ပြဲေတြမွာလည္း ခ်န္ပီယံျဖစ္ႏိုင္ပါတယ္။ တကယ္လို႔ အျခားဥေရာပႏိုင္ငံေတြမွာသာ စပါးအေနနဲ႔ ကစားေနမယ္ဆိုရင္ ခ်န္ပီယံဆုကို ေသခ်ာေပါက္ရရွိမွာပဲ ျဖစ္ပါတယ္။ တစ္ပြဲ ခ်င္းရလဒ္ေတြကို ဂ႐ုစိုက္ေနမွာမဟုတ္ဘူးဆိုေပမယ့္ ရာသီအကုန္မွာ အသင္းအေနနဲ႔ ေအာင္ျမင္မႈရယူႏိုင္မယ္လို႔ ထင္ပါ တယ္” ဆိုၿပီး ေျပာခဲ့ပါတယ္။