လူစားလဲမှု ၅ ယောက်အဖြစ်ဆုံးဖြတ်ခဲ့တာဟာ အပြည့်အဝ မှားယွင်းခဲ့တာလို့ လီဗာပူးနည်းပြ ကလော့ပ် ဝေဖန်ခဲ့


လီဗာပူးနည်းပြ ကလော့ပ်က ပရီးမီးယားလိဂ်တာဝန်ရှိသူတွေအနေနဲ့ လက်ရှိရာသီမှာ လူစားလဲကစားသမားအဖြစ် ၅ ယောက်အဖြစ် အသုံးပြုခွင့်ပေးခဲ့တာဟာ အပြည့်အဝမှားယွင်းမှုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ လူစားလဲကစားသမား ၅ ယောက်အသုံးပြုခွင့်အတွက် ပရီးမီးယားလိဂ်နည်းပြတွေအကြားမှာ သဘောထားကွဲလွဲမှုတွေဖြစ်နေပြီး အပြည့်အဝ ထောက်ခံမှုမရသေးဘူးလို့လည်း သိရပါတယ်။


ကစားသမား ၅ယောက်လဲခွင့်ရတာကြောင့် အသင်းကြီးတွေအနေနဲ့ အားသာချက်ရှိတယ်လို့ နည်းပြအချို့က ပြောကြားခဲ့ ပေမယ့် လီဗာပူးနည်းပြ ကလော့ပ်က အသင်းငယ်တွေအနေနဲ့ လူစားလဲခွင့် ၅ ဦးအထိရှိနေတာကြောင့် အသင်းကြီးတွေ ကို အခက်တွေ့အောင်လုပ်ဆောင်နိုင်ကြောင်း ပြောခဲ့ပါတယ်။ဆက်လက်ပြီး ကလော့ပ်က ဥရောပပြိုင်ပွဲကစားနေရတဲ့ အသင်းတွေအနေနဲ့ သုံးရက်ခြားတစ်ပွဲကစားနေရတာကြောင့် ပွဲပန်းနေနိုင်ကြောင်းလည်း ပြောခဲ့ပါတယ်။


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်စီးတီးနဲ့ ပွဲစဉ်မှာတော့ လီဗာပူးဟာ ဆာလက်ရဲ့ပင်နယ်တီသွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ တယ်ဆိုပေမယ့် မန်စီးတီးတိုက်စစ်မှူး ဂျီးဆပ်စ်ရဲ့ ချေပဂိုးကြောင့် တစ်ဂိုးစီသရေကျခဲ့ပါတယ်။ လီဗာပူးအနေနဲ့ ပွဲချိန် ၃၁ မိနစ်မှာ မန်စီးတီးဘက်ကို ပင်နယ်တီပြန်ပေးခဲ့ရပြီး ဒီဘရူနီရဲ့ ကန်သွင်းချက်က ဂိုးမဝင်ခဲ့လို့သာ အဝေးကွင်းမှာ ရမှတ် ၁ မှတ်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

zawgyi version

လူစားလဲမႈ ၅ ေယာက္အျဖစ္ဆံုးျဖတ္ခဲ့တာဟာ အျပည့္အဝ မွားယြင္းခဲ့တာလို႔ လီဗာပူးနည္းျပ ကေလာ့ပ္ ေဝဖန္ခဲ့
လီဗာပူးနည္းျပ ကေလာ့ပ္က ပရီးမီးယားလိဂ္တာဝန္ရွိသူေတြအေနနဲ႔ လက္ရွိရာသီမွာ လူစားလဲကစားသမားအျဖစ္ ၅ ေယာက္အျဖစ္ အသံုးျပဳခြင့္ေပးခဲ့တာဟာ အျပည့္အဝမွားယြင္းမႈျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ လူစားလဲကစားသမား ၅ ေယာက္အသံုးျပဳခြင့္အတြက္ ပရီးမီးယားလိဂ္နည္းျပေတြအၾကားမွာ သေဘာထားကြဲလြဲမႈေတြျဖစ္ေနၿပီး အျပည့္အဝ ေထာက္ခံမႈမရေသးဘူးလို႔လည္း သိရပါတယ္။
ကစားသမား ၅ေယာက္လဲခြင့္ရတာေၾကာင့္ အသင္းႀကီးေတြအေနနဲ႔ အားသာခ်က္ရွိတယ္လို႔ နည္းျပအခ်ိဳ႕က ေျပာၾကားခဲ့ ေပမယ့္ လီဗာပူးနည္းျပ ကေလာ့ပ္က အသင္းငယ္ေတြအေနနဲ႔ လူစားလဲခြင့္ ၅ ဦးအထိရွိေနတာေၾကာင့္ အသင္းႀကီးေတြ ကို အခက္ေတြ႕ေအာင္လုပ္ေဆာင္ႏိုင္ေၾကာင္း ေျပာခဲ့ပါတယ္။ဆက္လက္ၿပီး ကေလာ့ပ္က ဥေရာပၿပိဳင္ပြဲကစားေနရတဲ့ အသင္းေတြအေနနဲ႔ သံုးရက္ျခားတစ္ပြဲကစားေနရတာေၾကာင့္ ပြဲပန္းေနႏိုင္ေၾကာင္းလည္း ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ မန္စီးတီးနဲ႔ ပြဲစဥ္မွာေတာ့ လီဗာပူးဟာ ဆာလက္ရဲ႕ပင္နယ္တီသြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ တယ္ဆိုေပမယ့္ မန္စီးတီးတိုက္စစ္မွဴး ဂ်ီးဆပ္စ္ရဲ႕ ေခ်ပဂိုးေၾကာင့္ တစ္ဂိုးစီသေရက်ခဲ့ပါတယ္။ လီဗာပူးအေနနဲ႔ ပြဲခ်ိန္ ၃၁ မိနစ္မွာ မန္စီးတီးဘက္ကို ပင္နယ္တီျပန္ေပးခဲ့ရၿပီး ဒီဘ႐ူနီရဲ႕ ကန္သြင္းခ်က္က ဂိုးမဝင္ခဲ့လို႔သာ အေဝးကြင္းမွာ ရမွတ္ ၁ မွတ္ရရွိခဲ့တာပဲ ျဖစ္ပါတယ္။