နိုင်ပွဲတွေရချင်တယ်ဆိုရင် ဂိုးမပေးရဖို့ လိုအပ်တယ်လို့ အသင်းရဲ့ နောက်တန်းလိုအပ်ချက်ကို ပြောသွားခဲ့တဲ့ အဲဗာတန်နည်းပြ အန်စလော့တီ

အဲဗာတန်နည်းပြ အန်စလော့တီက နိုင်ငံတကာပွဲတွေလာတဲ့အချိန်မှာ အသင်းရဲ့ နောက်တန်းပြဿနာကို အာရုံပြန်စိုက်ပြီး ဖြေရှင်းရမယ်လို့ ပြောသွားခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၄) ပွဲမှာ (၁) မှတ်ပဲ ရထားပြီး အမှတ်ပေးဇယား ထိပ်ဆုံးကနေ တဖြည်းဖြည်း အောက်ကို ဆင်းလာနေတာဖြစ်ပါတယ်။ စနေနေ့ကလည်း အိမ်ကွင်းမှာ ယူနိုက်တက်အသင်းကို (၃-၁) နဲ့ ရှုံးခဲ့ရတာနဲ့ ပတ်သက်ပြီး နည်းပြ အန်စလော့တီက မပျော်မရွှင်ဖြစ်နေပါတယ်။

အဲဗာတန်အသင်းအတွက် အစောပိုင်းကတည်းက ဘားနက်က ဦးဆောင်ဂိုးသွင်းထားပေမယ့် ယူနိုက်တက်ဘက်က ဘရူနိုဖာနန်ဒက်စ်က အဲဗာတန်နောက်တန်းရဲ့ နေရာလွတ်တွေကနေ (၂) ဂိုးသွင်းခဲ့ပြီး ပွဲပြီးခါနီးမှာ ကာဗာနီက သွင်းသွားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ နောက်တန်းပြဿနာကို အာရုံစိုက်ရပါမယ်။ ဒီအတွက် ပိုလုပ်ဖို့ လိုအပ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ပြီးခဲ့တဲ့ (၅) ပွဲမှာ (၁၁) ဂိုးအထိ ဂိုးတွေ အများကြီး ပေးခဲ့ရပါတယ်။

နိုင်ပွဲတွေ လိုချင်ရင် ဂိုးမပေးရဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ပွဲရဖို့ (၃) ဂိုး ကနေ (၄) ဂိုးအထိ သွင်းရုံနဲ့ မရပါဘူး။ ဒါက ကျွန်တော့်အတွက် မထူညီတဲ့ အခက်အခဲဖြစ်ပေမယ့် ကျွန်တော် ဒါကို ဖြေရှင်းနိုင်ပါတယ်။ နှစ်တိုင်း အခက်အခဲတွေ တွေ့ရပါတယ်။ ဒါကို ကျွန်တော် ဖြေရှင်းမှာပါ။ နိုင်ငံတကာ ပွဲပြီးရင်တော့ ကျွန်တော့်ကစားသမားတွေ ဒဏ်ရာ အနာတရမဖြစ်ဘဲနဲ့ ပြန်လာမယ်လို့ မျှော်လင်ပါတယ်။ ကျွန်တော်တို့ ရာသီအစကို အကောင်းဆုံး စတင်နိုင်ခဲ့ပါတယ်။ အခုလောလောဆယ် ရလဒ်တွေ ဆိုးရွားနေလို့ အာရုံစိုက်ရပါမယ်” လို့ နောက်ဆုံး (၃) ပွဲဆက်တိုက် ရှုံးပွဲအပြီးမှာ အီတလီလူမျိုးနည်းပြက ပြောသွားခဲ့ပါတယ်။

ႏိုင္ပြဲေတြရခ်င္တယ္ဆိုရင္ ဂိုးမေပးရဖို႔ လိုအပ္တယ္လို႔ အသင္းရဲ႕ ေနာက္တန္းလိုအပ္ခ်က္ကို ေျပာသြားခဲ့တဲ့ အဲဗာတန္နည္းျပ အန္စေလာ့တီ

အဲဗာတန္နည္းျပ အန္စေလာ့တီက ႏိုင္ငံတကာပြဲေတြလာတဲ့အခ်ိန္မွာ အသင္းရဲ႕ ေနာက္တန္းျပႆနာကို အာရံုျပန္စိုက္ျပီး ေျဖရွင္းရမယ္လို႔ ေျပာသြားခဲ့ပါတယ္။ အဲဗာတန္အသင္းဟာ ေနာက္ဆံုးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ (၄) ပြဲမွာ (၁) မွတ္ပဲ ရထားျပီး အမွတ္ေပးဇယား ထိပ္ဆံုးကေန တျဖည္းျဖည္း ေအာက္ကို ဆင္းလာေနတာျဖစ္ပါတယ္။ စေနေန႔ကလည္း အိမ္ကြင္းမွာ ယူႏိုက္တက္အသင္းကို (၃-၁) နဲ႔ ရႈံးခဲ့ရတာနဲ႔ ပတ္သက္ျပီး နည္းျပ အန္စေလာ့တီက မေပ်ာ္မရႊင္ျဖစ္ေနပါတယ္။

အဲဗာတန္အသင္းအတြက္ အေစာပိုင္းကတည္းက ဘားနက္က ဦးေဆာင္ဂိုးသြင္းထားေပမယ့္ ယူႏိုက္တက္ဘက္က ဘရူႏိုဖာနန္ဒက္စ္က အဲဗာတန္ေနာက္တန္းရဲ႕ ေနရာလြတ္ေတြကေန (၂) ဂိုးသြင္းခဲ့ျပီး ပြဲျပီးခါနီးမွာ ကာဗာနီက သြင္းသြားခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔ ေနာက္တန္းျပႆနာကို အာရံုစိုက္ရပါမယ္။ ဒီအတြက္ ပိုလုပ္ဖို႔ လိုအပ္ေနပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္တို႔ ျပီးခဲ့တဲ့ (၅) ပြဲမွာ (၁၁) ဂိုးအထိ ဂိုးေတြ အမ်ားၾကီး ေပးခဲ့ရပါတယ္။

ႏိုင္ပြဲေတြ လိုခ်င္ရင္ ဂိုးမေပးရဖို႔ လိုအပ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ႏိုင္ပြဲရဖို႔ (၃) ဂိုး ကေန (၄) ဂိုးအထိ သြင္းရံုနဲ႔ မရပါဘူး။ ဒါက ကၽြန္ေတာ့္အတြက္ မထူညီတဲ့ အခက္အခဲျဖစ္ေပမယ့္ ကၽြန္ေတာ္ ဒါကို ေျဖရွင္းႏိုင္ပါတယ္။ ႏွစ္တိုင္း အခက္အခဲေတြ ေတြ႕ရပါတယ္။ ဒါကို ကၽြန္ေတာ္ ေျဖရွင္းမွာပါ။ ႏိုင္ငံတကာ ပြဲျပီးရင္ေတာ့ ကၽြန္ေတာ့္ကစားသမားေတြ ဒဏ္ရာ အနာတရမျဖစ္ဘဲန႔ဲ ျပန္လာမယ္လို႔ ေမွ်ာ္လင္ပါတယ္။ ကၽြန္ေတာ္တို႔ ရာသီအစကို အေကာင္းဆံုး စတင္ႏိုင္ခဲ့ပါတယ္။ အခုေလာေလာဆယ္ ရလဒ္ေတြ ဆိုးရြားေနလို႔ အာရံုစိုက္ရပါမယ္” လို႔ ေနာက္ဆံုး (၃) ပြဲဆက္တိုက္ ရႈံးပြဲအျပီးမွာ အီတလီလူမ်ိဳးနည္းျပက ေျပာသြားခဲ့ပါတယ္။