လက်တွဲခဲ့တဲ့ကစားသမားတွေထဲမှာ စတာလင်က အကောင်းဆုံးတွေထဲက တစ်ယောက်လို့ လီဗာပူးလ်နဲ့ ပွဲမတိုင်မီ ချီးကျူးလိုက်တဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ

ဂွါဒီယိုလာက စတာလင်က သူနည်းပြခဲ့ဖူးတဲ့ ကစားသမားတွေထဲက အကောင်းဆုံးတွေထဲက တစ်ယောက်လို့ မန်စီးတီး နဲ့ လီဗာပူးလ် ပွဲမတိုင်မီ ချီးကျူးသွားခဲ့ပါတယ်။ အင်္ဂလန်တိုက်စစ်ကစားသမားဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ဂိုးအများဆုံးသွင်းထားသူတစ်ယောက်ဖြစ်ပြီး (၉) ပွဲကစား (၅) ဂိုးသွင်းပေးထားသူဖြစ်ပါတယ်။

စတာလင်ဟာ ဒီနေ့ညမှာတော့ အသင်းဟောင်း လီဗာပူးလ်နဲ့ ပရီးမီးယားလိဂ်ပွဲကစားရမှာဖြစ်ပြီး လီဗာပူးလ်နဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ (၃) ပွဲမှာ (၂) ဂိုးသွင်းထားပါတယ်။မန်စီးတီးကို ပေါင်သန်း ၅၀ နဲ့ ၂၀၁၅ ခုနှစ်က မပြောင်းရွှေ့မီ စတာလင်ဟာ လီဗာပူးလ်အသင်းအတွက် (၁၂၉) ပွဲကစားခဲ့သူလည်း ဖြစ်ပါတယ်။

လီဗာပူးလ် နဲ့ ပွဲမှာ စတာလင်ပါမလားလို့ ဂွါဒီယိုလာကို မေးမြန်းခဲ့ရာ “သူအဲ့ဒီပွဲမှာ ပါလာမှာပါ။ သူခဏအနားယူခဲ့ပေမယ့် သူဟာ ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ ဒါကြောင့်ပဲ သူ့ကို ကျွန်တော်တို့ အနားပေးလို့မရတာပေါ့။ သူဟာ ချွင်းချက်မရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ ကြံ့ခိုင်မှုပိုင်းနဲ့ သူဟာ မိနစ်တိုင်းကစားနိုင်ပါတယ်။ ကျွန်တော့်နည်းပြဘဝမှာ သူဟာ အကောင်းဆုံးတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူဒီကို စရောက်တုန်းကထက် ပိုကောင်းနေပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

ဘာစီလိုနာ နဲ့ ဘိုင်ယန်မြူးနစ်နည်းပြဟောင်း လက်အောက်မှာ စတာလင်ဟာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၂၀၅) ပွဲကစားထားပြီး (၉၄) ဂိုးသွင်းပေးထားသူဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက သူ့ရဲ့ အကောင်းဆုံးရာသီဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ် ဂိုး (၂၀) အပါအဝင် စုစုပေါင်း (၃၁) ဂိုးအထိ သွင်းပေးခဲ့ပါတယ်။

လက္တြဲခဲ့တဲ့ကစားသမားေတြထဲမွာ စတာလင္က အေကာင္းဆံုးေတြထဲက တစ္ေယာက္လို႔ လီဗာပူးလ္နဲ႔ ပြဲမတိုင္မီ ခ်ီးက်ဴးလိုက္တဲ့ မန္စီးတီးနည္းျပ ဂြါဒီယိုလာ

ဂြါဒီယိုလာက စတာလင္က သူနည္းျပခဲ့ဖူးတဲ့ ကစားသမားေတြထဲက အေကာင္းဆံုးေတြထဲက တစ္ေယာက္လို႔ မန္စီးတီး နဲ႔ လီဗာပူးလ္ ပြဲမတိုင္မီ ခ်ီးက်ဴးသြားခဲ့ပါတယ္။ အဂၤလန္တိုက္စစ္ကစားသမားဟာ ဒီရာသီမွာ မန္စီးတီးအသင္းအတြက္ ဂိုးအမ်ားဆံုးသြင္းထားသူတစ္ေယာက္ျဖစ္ျပီး (၉) ပြဲကစား (၅) ဂိုးသြင္းေပးထားသူျဖစ္ပါတယ္။

စတာလင္ဟာ ဒီေန႔ညမွာေတာ့ အသင္းေဟာင္း လီဗာပူးလ္နဲ႔ ပရီးမီးယားလိဂ္ပြဲကစားရမွာျဖစ္ျပီး လီဗာပူးလ္နဲ႔ ေနာက္ဆံုးေတြ႕ခဲ့တဲ့ (၃) ပြဲမွာ (၂) ဂိုးသြင္းထားပါတယ္။မန္စီးတီးကို ေပါင္သန္း ၅၀ နဲ႔ ၂၀၁၅ ခုႏွစ္က မေျပာင္းေရႊ႕မီ စတာလင္ဟာ လီဗာပူးလ္အသင္းအတြက္ (၁၂၉) ပြဲကစားခဲ့သူလည္း ျဖစ္ပါတယ္။

လီဗာပူးလ္ နဲ႔ ပြဲမွာ စတာလင္ပါမလားလို႔ ဂြါဒီယိုလာကို ေမးျမန္းခဲ့ရာ “သူအဲ့ဒီပြဲမွာ ပါလာမွာပါ။ သူခဏအနားယူခဲ့ေပမယ့္ သူဟာ ကၽြန္ေတာ္တို႔အတြက္ အေရးၾကီးပါတယ္။ ဒါေၾကာင့္ပဲ သူ႔ကို ကၽြန္ေတာ္တို႔ အနားေပးလို႔မရတာေပါ့။ သူဟာ ခၽြင္းခ်က္မရွိတဲ့ ကစားသမားတစ္ေယာက္ျဖစ္ပါတယ္။ သူရဲ႕ ၾကံ့ခိုင္မႈပိုင္းနဲ႔ သူဟာ မိနစ္တိုင္းကစားႏိုင္ပါတယ္။ ကၽြန္ေတာ့္နည္းျပဘ၀မွာ သူဟာ အေကာင္းဆံုးေတြထဲက တစ္ေယာက္ျဖစ္ပါတယ္။ သူဒီကို စေရာက္တုန္းကထက္ ပိုေကာင္းေနပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။

ဘာစီလိုနာ နဲ႔ ဘိုင္ယန္ျမဴးနစ္နည္းျပေဟာင္း လက္ေအာက္မွာ စတာလင္ဟာ မန္စီးတီးအသင္းအတြက္ ျပိဳင္ပြဲစံု (၂၀၅) ပြဲကစားထားျပီး (၉၄) ဂိုးသြင္းေပးထားသူျဖစ္ပါတယ္။ အသက္ ၂၅ ႏွစ္အရြယ္ကစားသမားဟာ ျပီးခဲ့တဲ့ရာသီက သူ႔ရဲ႕ အေကာင္းဆံုးရာသီျဖစ္ခဲ့ျပီး ပရီးမီးယားလိဂ္ ဂိုး (၂၀) အပါအ၀င္ စုစုေပါင္း (၃၁) ဂိုးအထိ သြင္းေပးခဲ့ပါတယ္။