စပါးအသင်း ဒီနှစ်ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးရယူနိုင်တယ်လို့ ယုံကြည်နေတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက သူ့အသင်းဟာ ၂၀၂၀-၂၁ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်တယ်လို့ ယုံကြည်ထားပါတယ်။ မော်ရင်ဟိုရဲ့ အသင်းဟာ ဒီရာသီအစမှာ အကောင်းဆုံး စွမ်းဆောင်ထားနိုင်ပြီး အမှတ်ပေးဇယး အဆင့် (၅) နေရာမှာ ထိပ်ဆုံးက ဆောက်သမ်တန်အသင်းထက် (၁) ပွဲလျော့ကစားထားပြီး (၂) မှတ်ပဲ ကွာဟနေတာ ဖြစ်ပါတယ်။ စပါးအသင်းဟာ ၂၀၀၈ နောက်ပိုင်း အဓိက ဖလားဆွတ်ခူးနိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်လို့ ဟယ်ရီကိန်းက လက်ရှိအသင်းရဲ့ စုဖွဲ့မှုက အောင်မြင်မှုတွေ ရနိုင်တယ်လို့ ယုံကြည်နေပါတယ်။

“ကျွန်တော်တို့အသင်းရဲ့ စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်တယ်ဆိုတာ အသေအချာပါပဲ။ ဒါပေမယ့်ပြီးခဲ့တဲ့ (၄) (၅) နှစ်တုန်းကလည်း ကျွန်တော်တို့ဟာ နီးစပ်ခဲ့ပေမယ့် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ အခုအရမ်းကောင်းတဲ့ လူစာရင်းရှိပေမယ့် ပွဲအနည်းငယ်ပဲ အနိုင်ကစားထားလို့ ဆုဖလားကို စိန်ခေါ်နိုင်ပြီလို့ မပြောနိုင်သေးပါဘူး။

ဒီနှစ်မှာတော့ မနှစ်က လီဗာပူးလ်တစ်သင်းတည်း ရှေ့ဆုံးကနေ ပြေးသွားမယ်လို့ မထင်ပါဘူး။ ဒါကြောင့် အခြားအသင်းတွေအတွက်လည်း အမှတ်ပေးဇယား ထိပ်ကို တက်ရောက်နိုင်ဖို့ အခွင့်အရေးတွေ ရှိနေပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းကစားရင် ကျွန်တော်တို့ နိုင်ပွဲတွေ ရနေမှာပါ။ ပြီးခဲ့တဲ့ (၂) ပွဲမှာ ကျွန်တော်တို့အတွက် ယုံကြည်မှုကောင်းတွေ ရခဲ့ပါတယ်။ ဒါဟာ ကျေနပ်စရာဖြစ်ပေမယ့် ရှေ့မှာကစားရဖို့ အများကြီး ကျန်ပါသေးတယ်။ ကျွန်တော်တို့ ဖေဖော်ဝါရီ ဒါမှမဟုတ် မတ်လ လောက်မှာ ဘာဖြစ်မလဲဆိုတာ ကြည့်ရပါမယ်” လို့ ဟယ်ရီကိန်းက The Mirror သတင်းဌာနကို ပြောသွားခဲ့တာ ဖြစ်ပါတယ်။

စပါးအသင္း ဒီႏွစ္ပရီးမီးယားလိဂ္ဖလားကို ဆြတ္ခူးရယူႏိုင္တယ္လို႔ ယံုၾကည္ေနတဲ့ တိုက္စစ္မွဴး ဟယ္ရီကိန္း

စပါးတုိက္စစ္မွဴး ဟယ္ရီကိန္းက သူ႔အသင္းဟာ ၂၀၂၀-၂၁ ပရီးမီးယားလိဂ္ဖလားကို ဆြတ္ခူးႏိုင္တယ္လို႔ ယံုၾကည္ထားပါတယ္။ ေမာ္ရင္ဟိုရဲ႕ အသင္းဟာ ဒီရာသီအစမွာ အေကာင္းဆံုး စြမး္ေဆာင္ထားႏိုင္ျပီး အမွတ္ေပးဇယး အဆင့္ (၅) ေနရာမွာ ထိပ္ဆံုးက ေဆာက္သမ္တန္အသင္းထက္ (၁) ပြဲေလ်ာ့ကစားထားျပီး (၂) မွတ္ပဲ ကြာဟေနတာ ျဖစ္ပါတယ္။ စပါးအသင္းဟာ ၂၀၀၈ ေနာက္ပိုင္း အဓိက ဖလားဆြတ္ခူးႏိုင္ခဲ့ျခင္းမရွိခဲ့တာျဖစ္လို႔ ဟယ္ရီကိန္းက လက္ရွိအသင္းရဲ႕ စုဖြဲ႔မႈက ေအာင္ျမင္မႈေတြ ရႏိုင္တယ္လို႔ ယံုၾကည္ေနပါတယ္။

“ကၽြန္ေတာ္တို႔အသင္းရဲ႕ စြမ္းေဆာင္ရည္ကို ၾကည့္မယ္ဆိုရင္ ကၽြန္ေတာ္တို႔ဟာ အမွတ္ေပးဖလားကို ဆြတ္ခူးႏိုင္တယ္ဆိုတာ အေသအခ်ာပါပဲ။ ဒါေပမယ္ ့ျပီးခဲ့တဲ့ (၄) (၅) ႏွစ္တုန္းကလည္း ကၽြန္ေတာ္တုိ႔ဟာ နီးစပ္ခဲ့ေပမယ့္ မစြမ္းေဆာင္ႏိုင္ခဲ့ပါဘူး။ အခုအရမ္းေကာင္းတဲ့ လူစာရင္းရွိေပမယ့္ ပြဲအနည္းငယ္ပဲ အႏိုင္ကစားထားလို႔ ဆုဖလားကို စိန္ေခၚႏိုင္ျပီလို႔ မေျပာႏိုင္ေသးပါဘူး။

ဒီႏွစ္မွာေတာ့ မႏွစ္က လီဗာပူးလ္တစ္သင္းတည္း ေရွ႕ဆံုးကေန ေျပးသြားမယ္လို႔ မထင္ပါဘူး။ ဒါေၾကာင့္ အျခားအသင္းေတြအတြက္လည္း အမွတ္ေပးဇယား ထိပ္ကို တက္ေရာက္ႏိုင္ဖို႔ အခြင့္အေရးေတြ ရွိေနပါတယ္။ ကၽြန္ေတာ္တို႔ ေကာင္းေကာင္းကစားရင္ ကၽြန္ေတာ္တို႔ ႏိုင္ပြဲေတြ ရေနမွာပါ။ ျပီးခဲ့တဲ့ (၂) ပြဲမွာ ကၽြန္ေတာ္တို႔အတြက္ ယံုၾကည္မႈေကာင္းေတြ ရခဲ့ပါတယ္။ ဒါဟာ ေက်နပ္စရာျဖစ္ေပမယ့္ ေရွ႕မွာကစားရဖို႔ အမ်ားၾကီး က်န္ပါေသးတယ္။ ကၽြန္ေတာ္တို႔ ေဖေဖာ္၀ါရီ ဒါမွမဟုတ္ မတ္လ ေလာက္မွာ ဘာျဖစ္မလဲဆိုတာ ၾကည့္ရပါမယ္” လို႔ ဟယ္ရီကိန္းက The Mirror သတင္းဌာနကို ေျပာသြားခဲ့တာ ျဖစ္ပါတယ္။