ယူနိုက်တက်က အရမ်းအောင်မြင်ခဲ့တဲ့အသင်းဖြစ်လို့ လူတွေက မနာလိုပြီး ဝေဖန်နေကြတာလို့ ပြောဆိုလိုက်တဲ့ မက်ဂွဲရား

ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွဲရားက တစ်ချိန်က အသင်းရဲ့ အောင်မြင်မှုတွေကြောင့် ယခုလို ဝေဖန်ခံနေရတာလို့ ပြောသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ (၄) ရက်အတွင်း (၂) ပွဲရှုံးပြီးနောက ်နည်းပြ ဆိုးလ်ရှားအပေါ် ဝေဖန်မှုတွေ အများကြီး ကျရောက်နေပေမယ့် မနေ့ညက အဲဗာတန်အသင်းကို (၃-၁) နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် ယူနိုက်တက်တို့ ၁၉၈၉-၉၀ နောက်ပိုင်း အဆိုးရွားဆုံး ရာသီမှုကို ရှောင်ရှားနိုင်ခဲ့ပေမယ့် လိဂ်ပွဲ (၇) ပွဲကစားပြီ း(၃) ပွဲသာ အနိုင်ရထားလို့ အမှတ်ပေးဇယား အောက်ဆုံးနားမှာပဲ ရပ်တည်နိုင်ထားပါတယ်။

“ဒီအသင်းမှာ ကျွန်တော် ရောက်နေတာ (၁) နှစ်ခွဲရှိနေပြီဖြစ်ပြီး ကျွန်တော်သတိထားခဲ့မိတာက ကျွန်တော်တို့ဟာ ကမ္ဘာပေါ်က လူပြောအများဆုံးခံနေရတဲ့ အသင်းဖြစ်ပါတယ်။ ဘာကြောင့်လဲ? ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ ကမ္ဘာ့အကြီးဆုံး ကလပ်အသင်း ဖြစ်လို့ပါ။ လူတွေက ကျွန်တော်တို့ ကောင်းတာကို မလိုချင်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဟာ တစ်ချိန်က အရမ်းကို အောင်မြင်ခဲ့လို့ပါ”လို့ မက်ဂွဲရားက ပြောသွားခဲ့တာဖြစ်ပါတယ်။

ယူႏိုက္တက္က အရမ္းေအာင္ျမင္ခဲ့တဲ့အသင္းျဖစ္လို႔ လူေတြက မနာလိုျပီး ေ၀ဖန္ေနၾကတာလို႔ ေျပာဆိုလိုက္တဲ့ မက္ဂြဲရား

ယူႏုိက္တက္အသင္းေခါင္းေဆာင္ မက္ဂြဲရားက တစ္ခ်ိန္က အသင္းရဲ႕ ေအာင္ျမင္မႈေတြေၾကာင့္ ယခုလို ေ၀ဖန္ခံေနရတာလို႔ ေျပာသြားခဲ့ပါတယ္။ ျပီးခဲ့တဲ့ (၄) ရက္အတြင္း (၂) ပြဲရႈံးျပီးေနာက ္နည္းျပ ဆိုးလ္ရွားအေပၚ ေ၀ဖန္မႈေတြ အမ်ားၾကီး က်ေရာက္ေနေပမယ့္ မေန႔ညက အဲဗာတန္အသင္းကို (၃-၁) နဲ႔ အႏိုင္ရခဲ့တာ ျဖစ္ပါတယ္။

ဒီႏိုင္ပြဲေၾကာင့္ ယူႏိုက္တက္တို႔ ၁၉၈၉-၉၀ ေနာက္ပိုင္း အဆိုးရြားဆံုး ရာသီမႈကို ေရွာင္ရွားႏိုင္ခဲ့ေပမယ့္ လိဂ္ပြဲ (၇) ပြဲကစားျပီ း(၃) ပြဲသာ အႏိုင္ရထားလို႔ အမွတ္ေပးဇယား ေအာက္ဆံုးနားမွာပဲ ရပ္တည္ႏိုင္ထားပါတယ္။

“ဒီအသင္းမွာ ကၽြန္ေတာ္ ေရာက္ေနတာ (၁) ႏွစ္ခြဲရွိေနျပီျဖစ္ျပီး ကၽြန္ေတာ္သတိထားခဲ့မိတာက ကၽြန္ေတာ္တို႔ဟာ ကမာၻေပၚက လူေျပာအမ်ားဆံုးခံေနရတဲ့ အသင္းျဖစ္ပါတယ္။ ဘာေၾကာင့္လဲ? ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္တို႔ဟာ ကမာၻ႕အၾကီးဆံုး ကလပ္အသင္း ျဖစ္လို႔ပါ။ လူေတြက ကၽြန္ေတာ္တို႔ ေကာင္းတာကို မလိုခ်င္ၾကပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္တို႔ ဟာ တစ္ခ်ိန္က အရမ္းကို ေအာင္ျမင္ခဲ့လို႔ပါ”လို႔ မက္ဂြဲရားက ေျပာသြားခဲ့တာျဖစ္ပါတယ္။