ချဲလ်ဆီးကစားသမားတွေက ဒိုင်ဗင်ထိုးသူတွေလို့ စပါးနည်းပြမော်ရင်ဟို ဝေဖန်တာက သူ့ကို ဘာမှ မဖြစ်စေဘူးလို့ ပြောသွားခဲ့တဲ့ နည်းပြလမ်းပတ်

မော်ရင်ဟိုရဲ့ ချဲလ်ဆီးကစားသမားတွေက ဒိုင်ဗစ်ထိုးသူတွေလို့ ဝေဖန်ချက်က သူ့အပေါ်ဘာမှ မဖြစ်သွားဘူးလို့ နည်းပြ လမ်းပတ်က ပြောသွားခဲ့ပါတယ်။ စပါးနည်းပြမော်ရင်ဟိုဟာ ပြီးခဲ့တဲ့အပတ်က ဘရိုက်တန်အသင်းကို (၂-၁) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဟယ်ရီကန်း ရဲ့ အငြင်းပွားဖွယ် ပင်နယ်တီ နဲ့ ပတ်သက်ပြီး ကာကွယ်ပြောသွားခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း ချဲလ်ဆီးနည်းပြ လမ်းပတ်က မော်ရင်ဟိုရဲ့ ဝေဖန်မှုက သူ့အပေါ်ကို ဘာမှ သက်ရောက်မှု မရှိဘူးလို့ ပြောသွားခဲ့ပါတယ်။ ချဲလ်ဆီး နဲ့ စပါး ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ကာရာဘောင်ဖလားပွဲတွေ့ဆုံခဲ့ရာမှာ မော်ရင်ဟိုရဲ့ အသင်းက လမ်းပတ်ရဲ့ အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ နိုင်ပြီး နောက်တစ်ဆင့် တက်ရောက်ခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုရဲ့ ဝေဖန်မှုကို လမ်းပတ်က “ကိန်းလား ? သူ ရှုပ်ထွေးနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ့အနေနဲ့ ယူနိုက်တက်ကစားသမား၊ မန်စီးတီးကစားသမားတွေ၊ လီဗာပူးလ်ကစားသမားတွေနဲ့ ချဲလ်ဆီးကစားသမားတွေ အကြောင်းကို ပြောနိုင်ပါတယ်။ ဒီရာသီ ကျွန်တော်မြင်ရသလောက် ချဲလ်ဆီးအသင်းမှာ ဒိုင်ဗစ်ထိုးတာ လုံးဝမရှိပါဘူး။ အဲ့ဒီပြောဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော် မအံ့သြပါဘူး။ နည်းပြတိုင်းက တစ်ယောက်နဲ့ တစ်ယောက် ဒီလိုတွေ ပြောတတ်စိန်ခေါ်တတ်ကြပါတယ်။ အဲ့ဒါက ကျွန်တော့်ကို ဘာထိခိုက်မှုမှ မရှိပါဘူး” လို့ လမ်းပတ်က ပြောသွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဒီရာသီမှာ ပင်နယ်တီ (၈) ကြိမ်အထိ ရရှိခဲ့ပေမယ့် လမ်းပတ်ကတော့ တစ်ကြိမ်မှ ဒိုင်ဗင်ထိုးခဲ့တာ မပါဘူးလို့ ပြောသွားခဲ့တာဖြစ်ပါတယ်။ နည်းပြလမ်းပတ်ဟာ ပြီးခဲ့တဲ့ပွဲမှာ ပင်နယ်တီကန်နေကျ ဂျော်ဂျင်ဟို (၂) ကြိမ် ဆက်တိုက် လွဲချော်ခဲ့လို့ တီမိုဝါနာ ကို ကန်စေခဲ့ပါတယ်။ ဂျာမန်တိုက်စစ်မှူးဟာ ဗုဒ္ဓဟူးနေ့က ချန်ပီယံလိဂ်မှာ ရန်းနက်စ်အသင်းကို (၃-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲ၌ ပင်နယ်တီကနေ (၂) လုံးကန်သွင်းခဲ့သူဖြစ်ပါတယ်။

ခ်ဲလ္ဆီးကစားသမားေတြက ဒိုင္ဗင္ထိုးသူေတြလို႔ စပါးနည္းျပေမာ္ရင္ဟို ေ၀ဖန္တာက သူ႔ကို ဘာမွ မျဖစ္ေစဘူးလို႔ ေျပာသြားခဲ့တဲ့ နည္းျပလမ္းပတ္

ေမာ္ရင္ဟိုရဲ႕  ခ်ဲလ္ဆီးကစားသမားေတြက ဒိုင္ဗစ္ထိုးသူေတြလို႔ ေ၀ဖန္ခ်က္က သူ႔အေပၚဘာမွ မျဖစ္သြားဘူးလို႔ နည္းျပ လမ္းပတ္က ေျပာသြားခဲ့ပါတယ္။ စပါးနည္းျပေမာ္ရင္ဟိုဟာ ျပီးခဲ့တဲ့အပတ္က ဘရိုက္တန္အသင္းကို (၂-၁) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ဟယ္ရီကန္း ရဲ႕ အျငင္းပြားဖြယ္ ပင္နယ္တီ နဲ႔ ပတ္သက္ျပီး ကာကြယ္ေျပာသြားခဲ့တာျဖစ္ပါတယ္။

သို႔ေသာ္လည္း ခ်ဲလ္ဆီးနည္းျပ လမ္းပတ္က ေမာ္ရင္ဟိုရဲ႕ ေ၀ဖန္မႈက သူ႔အေပၚကို ဘာမွ သက္ေရာက္မႈ မရွိဘူးလို႔ ေျပာသြားခဲ့ပါတယ္။ ခ်ဲလ္ဆီး နဲ႔ စပါး ျပီးခဲ့တဲ့ စက္တင္ဘာလတုနး္က ကာရာေဘာင္ဖလားပြဲေတြ႕ဆံုခဲ့ရာမွာ ေမာ္ရင္ဟိုရဲ႕ အသင္းက လမ္းပတ္ရဲ႕ အသင္းကို ပင္နယ္တီအဆံုးအျဖတ္နဲ႔ ႏိုင္ျပီး ေနာက္တစ္ဆင့္ တက္ေရာက္ခဲ့တာျဖစ္ပါတယ္။

ေမာ္ရင္ဟိုရဲ႕ ေ၀ဖန္မႈကို လမ္းပတ္က “ကိန္းလား ? သူ ရႈပ္ေထြးေနတယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ သူ႔အေနနဲ႔ ယူႏိုက္တက္ကစားသမား၊ မန္စီးတီးကစားသမားေတြ၊ လီဗာပူးလ္ကစားသမားေတြနဲ႔ ခ်ဲလ္ဆီးကစားသမားေတြ အေၾကာင္းကို ေျပာႏိုင္ပါတယ္။ ဒီရာသီ ကၽြန္ေတာ္ျမင္ရသေလာက္ ခ်ဲလ္ဆီးအသင္းမွာ ဒိုင္ဗစ္ထိုးတာ လံုး၀မရွိပါဘူး။ အဲ့ဒီေျပာဆိုတာနဲ႔ ပတ္သက္ျပီး ကၽြန္ေတာ္ မအံ့ၾသပါဘူး။ နည္းျပတိုင္းက တစ္ေယာက္နဲ႔ တစ္ေယာက္ ဒီလိုေတြ ေျပာတတ္စိန္ေခၚတတ္ၾကပါတယ္။ အဲ့ဒါက ကၽြန္ေတာ့္ကို ဘာထိခိုက္မႈမွ မရွိပါဘူး” လို႔ လမ္းပတ္က ေျပာသြားခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ဒီရာသီမွာ ပင္နယ္တီ (၈) ၾကိမ္အထိ ရရွိခဲ့ေပမယ့္ လမး္ပတ္ကေတာ့ တစ္ၾကိမ္မွ ဒိုင္ဗင္ထိုးခဲ့တာ မပါဘူးလို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။ နည္းျပလမ္းပတ္ဟာ ျပီးခဲ့တဲ့ပြဲမွာ ပင္နယ္တီကန္ေနက် ေဂ်ာ္ဂ်င္ဟို (၂) ၾကိမ္ ဆက္တိုက္ လြဲေခ်ာ္ခဲ့လို႔ တီမုိ၀ါနာ ကို ကန္ေစခဲ့ပါတယ္။ ဂ်ာမန္တိုက္စစ္မွဴးဟာ ဗုဒၶဟူးေန႔က ခ်န္ပီယံလိဂ္မွာ ရန္းနက္စ္အသင္းကို (၃-၀) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲ၌ ပင္နယ္တီကေန (၂) လံုးကန္သြင္းခဲ့သူျဖစ္ပါတယ္။