ယူနိုက်တက်နည်းပြဖြစ်ရတာ ကမ္ဘာပေါ်က အသင်းတွေအားလုံးထက် ပိုပြီး ဖိအားများတယ်လို့ ဆိုးလ်ရှားကို သတိပေးလိုက်တဲ့ နည်းပြဟောင်း ဒေးဗစ်မိုယက်စ်

ယူနိုက်တက်နည်းပြဟောင်း ဒေးဗစ်မိုယက်စ်က လက်ရှိယူနိုက်တက်မှာ ဖိအားတွေ ရင်ဆိုင်နေရတဲ့ နည်းပြဆိုးလ်ရှားကို သတိပေးစကားပြောသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် (၆) ပွဲကစားပြီးချိန်မှာ ယူနိုက်တက်အသင်းဟာ (၇) မှတ်သာ ရထားပြီး အမှတ်ပေးဇယား အဆင့် (၁၅) နေရာမှာ ရပ်တည်နေပြီး ထုတ်ပယ်ခြင်းခံရဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

အိမ်ကွင်းမှာ စပါး အသင်းကို (၆-၁) နဲ့ ခရစ္စတယ်ပဲလေ့စ်ကို (၃-၁) ရလဒ်တွေနဲ့ ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း အစ္စတန်ဘူလ်ကို (၂-၁) နဲ့ အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့ပါတယ်။ စနေနေ့မှာ အဲဗာတန်အသင်းနဲ့ ပွဲကျပ်ကစားရမှာဖြစ်ပြီး ရှုံးသွားပါက ဆိုးလ်ရှားရဲ့ အနာဂတ်ဟာ ပိုပြီး လှုပ်ခတ်လာဖွယ်ရှိနေတာဖြစ်ပါတယ်။ လက်ရှိ ဝက်စ်ဟမ်းနည်းပြဖြစ်တဲ့ ဒေးဗစ်မိုယက်စ်ဟာ အိုးထရက်ဖိုဒ့်မှာ ၂၀၁၄ ခုနှစ်တုန်းကလည်း အဲဗာတန်အသင်းကို (၂-ဝ) နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

“နည်းပြတွေအားလုံးကတော့ ဖိအားတွေ ရှိပါတယ်။ ယူနိုက်တက်မှာတော့ ကမ္ဘာပေါ်က အသင်းတွေ အားလုံးထက် ပိုပြီး ဖိအားများပါတယ်။ နိုင်ပွဲတွေ လုံလုံလောက်လောက်မရဘူးဆိုရင်တော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကျွန်တော်တို့တွေ သိပါတယ်”လို့ ဒေးဗစ်မိုယက်စ်က ဝက်စ်ဟမ်းနဲ့ ဖူလ်ဟမ်အသင်း ကစားမယ့်ပွဲမတိုင်ခင် ပြောသွားခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ စပါးနည်းပြ ဟောင်း ပိုချက်တီနိုကို ဆိုးလ်ရှားနေရာမှာ အစားထိုးခန့်အပ်ရန် ရည်သွားထားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ သို့သော်လည်း ကြာသပတေးနေ့ (ယနေ့) မှာပဲ အသင်းက ဆိုးလ်ရှားကိုပဲ အားပေးထောက်ခံသွာမယ်လို့ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ယူႏိုက္တက္နည္းျပျဖစ္ရတာ ကမာၻေပၚက အသင္းေတြအားလံုးထက္ ပိုျပီး ဖိအားမ်ားတယ္လို႔ ဆိုးလ္ရွားကို သတိေပးလိုက္တဲ့ နည္းျပေဟာင္း ေဒးဗစ္မိုယက္စ္

ယူႏိုက္တက္နည္းျပေဟာင္း ေဒးဗစ္မိုယက္စ္က လက္ရွိယူႏိုက္တက္မွာ ဖိအားေတြ ရင္ဆိုင္ေနရတဲ့ နညး္ျပဆိုးလ္ရွားကို သတိေပးစကားေျပာသြားခဲ့ပါတယ္။ ပရီးမီးယားလိဂ္ (၆) ပြဲကစားျပီးခ်ိန္မွာ ယူႏိုက္တက္အသင္းဟာ (၇) မွတ္သာ ရထားျပီး အမွတ္ေပးဇယား အဆင့္ (၁၅) ေနရာမွာ ရပ္တည္ေနျပီး ထုတ္ပယ္ျခင္းခံရဖို႔ ေရပန္းအစားဆံုး ျဖစ္ေနပါတယ္။

အိမ္ကြင္းမွာ စပါး အသင္းကို (၆-၁) နဲ႔ ခရစၥတယ္ပဲေလ့စ္ကို (၃-၁) ရလဒ္ေတြနဲ႔ ရႈံးနိမ့္ခဲ့ျပီး ခ်န္ပီယံလိဂ္မွာလည္း အစၥတန္ဘူလ္ကို (၂-၁) နဲ႔ အံ့အားသင့္ဖြယ္ရႈံးနိမ့္ခဲ့ပါတယ္။ စေနေန႔မွာ အဲဗာတန္အသင္းနဲ႔ ပြဲက်ပ္ကစားရမွာျဖစ္ျပီး ရႈံးသြားပါက ဆိုးလ္ရွားရဲ႕ အနာဂတ္ဟာ ပိုျပီး လႈပ္ခတ္လာဖြယ္ရွိေနတာျဖစ္ပါတယ္။ လက္ရွိ ၀က္စ္ဟမ္းနညး္ျပျဖစ္တဲ့ ေဒးဗစ္မိုယက္စ္ဟာ အိုးထရက္ဖိုဒ့္မွာ ၂၀၁၄ ခုႏွစ္တုန္းကလည္း အဲဗာတန္အသင္းကို (၂-၀) နဲ႔ ရႈံးနိမ့္ခဲ့ျပီးေနာက္ ထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

“နည္းျပေတြအားလံုးကေတာ့ ဖိအားေတြ ရွိပါတယ္။ ယူႏိုက္တက္မွာေတာ့ ကမာၻေပၚက အသင္းေတြ အားလံုးထက္ ပိုျပီး ဖိအားမ်ားပါတယ္။ ႏိုင္ပြဲေတြ လံုလံုေလာက္ေလာက္မရဘူးဆိုရင္ေတာ့ ဘာေတြဆက္ျဖစ္လာမလဲဆိုတာ ကၽြန္ေတာ္တို႔ေတြ သိပါတယ္”လို႔ ေဒးဗစ္မိုယက္စ္က ၀က္စ္ဟမ္းနဲ႔ ဖူလ္ဟမ္အသင္း ကစားမယ့္ပြဲမတိုင္ခင္ ေျပာသြားခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ စပါးနည္းျပ ေဟာင္း ပိုခ်က္တီႏိုကို ဆုိးလ္ရွားေနရာမွာ အစားထိုးခန္႔အပ္ရန္ ရည္သြားထားတယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။ သို႔ေသာ္လည္း ၾကာသပေတးေန႔ (ယေန႔) မွာပဲ အသင္းက ဆိုးလ္ရွားကိုပဲ အားေပးေထာက္ခံသြာမယ္လို႔ သတင္းထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။