အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခြင်းမခံရတဲ့အတွက် စိတ်ပျက်နေတဲ့ လက်စတာကွင်းလယ်ကစားသမား မက်ဒီဆင်

လက်စတာကွင်းလယ်လူ မက်ဒီဆင်က အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခြင်းမခံရလို့ စိတ်ပျက်နေတယ်လို့ ဘရာဂါအသင်းကို ယူရိုပါလိဂ်မှာ (၄-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။ ကွင်းလယ်ကစားသမားဟာ လက်စတာအသင်းအတွက် နောက်ဆုံးအနိုင်ဂိုးကို သွင်းပေးခဲ့တာဖြစ်ပြီး အသင်းကို ရာနှုန်းပြည့်နိုင်ပွဲနဲ့ အုပ်စုအတွင်း ဦးဆောင်စေခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာ ပေါင်ဒဏ်ရာကြောင့် အသင်းရဲ့ ပွဲအများစုကို လွဲချော်ခဲ့ရလို့ မက်ဒီဆင် ရဲ့ တိုးတက်မှုဟာ နှောင့်နှေးခဲ့ပါတယ်။အင်္ဂလန်အသင်းဟာ အိုက်စလန် ၊ ဘယ်လ်ဂျီယံ နဲ့ အိုင်ယာလန်အသင်းတို့ နဲ့ပွဲမှာ မက်ဒီဆင်ကို ရွေးချယ်ခဲ့ခြင်းမရှိသော်လည်း ကစာသသမားက နောက်တစ်ခေါက်မှာ ပါဝင်ရန် ကြိုးစားသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ မက်ဒီဆင်ဟာ အင်္ဂလန်အသင်းအတွက် ပြီးခဲ့တဲ့နှစ်က မွန်တီနီဂရိုးအသင်းနဲ့ တစ်ပွဲပဲ ပါဝင်ကစားခွင့်ရခဲ့သူဖြစ်ပါတယ်။

“အရိုးသားဆုံးပြောရရင် ဟုတ်ပါတယ်။ ကျွန်တော် အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာ ပါချင်ပါတယ်။ ဒါဟာ ကျွန်တော် ငယ်ငယ်ကတည်းက အိပ်မက်မက်ခဲ့တဲ့ အရာပါ။ ကျွန်တော် အရသာ ခံစားခဲ့ရဖူးလို့ ထပ်ပြီး လိုချင်နေပါတယ်။ ကျွန်တော် ပြန်လည် ကြံ့ခိုင်မှု ပြည့်လာပါပြီ။ ပြီးခဲ့တဲ့ရာသီက ကျွန်တော် တော်တော်ကြာ ဒဏ်ရာ ရခဲ့ပါတယ်။

ဒီနှစ်မှာလည်း အစောပိုင်းပွဲတွေကို မပါနိုင်ခဲ့ပါဘူး။ အင်္ဂလန်လူစာရင်းက ကျွန်တော်ရွေးချယ်တာမဟုတ်လို့ ကျွန်တော် မထိန်းချုပ်နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော် လက်စတာအသင်းအတွက် ပဲ အာရုံစိုက်သွားမှာပါ” လို့ မက်ဒီဆင်က BT Sport သတင်းဌာနကို ပြောသွားခဲ့ပါတယ်။

အဂၤလန္လက္ေရြးစင္အသင္းမွာ ေရြးခ်ယ္ျခင္းမခံရတဲ့အတြက္ စိတ္ပ်က္ေနတဲ့ လက္စတာကြင္းလယ္ကစားသမား မက္ဒီဆင္

လက္စတာကြင္းလယ္လူ မက္ဒီဆင္က အဂၤလန္လက္ေရြးစင္အသင္းအတြက္ ေရြးခ်ယ္ျခင္းမခံရလို႔ စိတ္ပ်က္ေနတယ္လို႔ ဘရာဂါအသင္းကို ယူရိုပါလိဂ္မွာ (၄-၀) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲအျပီးမွာ ေျပာသြားခဲ့ပါတယ္။ ကြင္းလယ္ကစားသမားဟာ လက္စတာအသင္းအတြက္ ေနာက္ဆံုးအႏိုင္ဂိုးကို သြင္းေပးခဲ့တာျဖစ္ျပီး အသင္းကို ရာႏႈန္းျပည့္ႏိုင္ပြဲနဲ႔ အုပ္စုအတြင္း ဦးေဆာင္ေစခဲ့တာျဖစ္ပါတယ္။

ဒီရာသီမွာ ေပါင္ဒဏ္ရာေၾကာင့္ အသင္းရဲ႕ ပြဲအမ်ားစုကို လြဲေခ်ာ္ခဲ့ရလို႔ မက္ဒီဆင္ ရဲ႕ တိုးတက္မႈဟာ ေႏွာင့္ေနွးခဲ့ပါတယ္။အဂၤလန္အသင္းဟာ အိုက္စလန္ ၊ ဘယ္လ္ဂ်ီယံ နဲ႔ အိုင္ယာလန္အသင္းတို႔ နဲ႔ပြဲမွာ မက္ဒီဆင္ကို ေရြးခ်ယ္ခဲ့ျခင္းမရွိေသာ္လည္း ကစာသသမားက ေနာက္တစ္ေခါက္မွာ ပါ၀င္ရန္ ၾကိဳးစားသြားမယ္လို႔ ဆံုးျဖတ္ထားပါတယ္။ မက္ဒီဆင္ဟာ အဂၤလန္အသင္းအတြက္ ျပီးခဲ့တဲ့ႏွစ္က မြန္တီနီဂရိုးအသင္းနဲ႔ တစ္ပြဲပဲ ပါ၀င္ကစားခြင့္ရခဲ့သူျဖစ္ပါတယ္။

“အရိုးသားဆံုးေျပာရရင္ ဟုတ္ပါတယ္။ ကၽြန္ေတာ္ အဂၤလန္အသင္းရဲ႕ လူစာရင္းမွာ ပါခ်င္ပါတယ္။ ဒါဟာ ကၽြန္ေတာ္ ငယ္ငယ္ကတည္းက အိပ္မက္မက္ခဲ့တဲ့ အရာပါ။ ကၽြန္ေတာ္ အရသာ ခံစားခဲ့ရဖူးလို႔ ထပ္ျပီး လိုခ်င္ေနပါတယ္။ ကၽြန္ေတာ္ ျပန္လည္ ၾကံ့ခိုင္မႈ ျပည့္လာပါျပီ။ ျပီးခဲ့တဲ့ရာသီက ကၽြန္ေတာ္ ေတာ္ေတာ္ၾကာ ဒဏ္ရာ ရခဲ့ပါတယ္။

ဒီႏွစ္မွာလည္း အေစာပိုင္းပြဲေတြကို မပါႏိုင္ခဲ့ပါဘူး။ အဂၤလန္လူစာရင္းက ကၽြန္ေတာ္ေရြးခ်ယ္တာမဟုတ္လို႔ ကၽြန္ေတာ္ မထိန္းခ်ဳပ္ႏိုင္ပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ္ လက္စတာအသင္းအတြက္ ပဲ အာရံုစိုက္သြားမွာပါ” လို႔ မက္ဒီဆင္က BT Sport သတင္းဌာနကို ေျပာသြားခဲ့ပါတယ္။