ဇန်နဝါရီမှာ ဘာစီလိုနာက ရောင်းချချင်နေတဲ့ အူစမန်နီဒမ်ဘီလီကို ထပ်ပြီး ကမ်းလှမ်းဦးမယ့် ယူနိုက်တက်အသင်း

ခက်ခဲတဲ့ ရာသီအစနဲ့ တွေ့ကြုံနေရတဲ့ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က လက်လွှတ်ခဲ့ရတဲ့ ကစားသမားတွေကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ထပ်ပြီး ခေါ်ယူသွားမယ်လို့ သိရပါတယ်။ အိုးထရက်ဖိုဒ့်က အကြီးအကဲတွေဟာ ဘာစီလိုနာအသင်းရဲ့ အူစမန်နီဒမ်ဘီလီကို စိတ်ဝင်စားနေဆဲဖြစ်ပြီး ၂၀၂၁ အစမှာပဲ ကမ်းလှမ်းသွားဖွယ်ရှိပါတယ်။ သို့သော်လည်း စပိန်သတင်းစာများရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ အသက် ၃၁ နှစ်အရွယ်ကစားသမားကို ရာသီကုန်အထိသာ အငှားနဲ့ ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။

ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေ ကြုံတွေ့နေရတာ ဖြစ်တဲ့အတွက် လိုချင်တဲ့ ဈေးနှုန်းရရှိပါက ရောင်းချသွားဖွယ်ရှိတယ်လို့လည်း သိရပါတယ်။ ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းဟာ အသင်းကို ပြန်လည်တည်ဆောက်နေပြီး လိုင်ယွန်က ဒီပေးကို ခေါ်ယူလိုနေချင်နေတဲ့အတွက် အသုံးစရိတ်လိုအပ်နေတာ ဖြစ်ပါတယ်။

ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းဆီကို ၂၀၁၇ ခုနှစ်က ဒေါ့မွန်အသင်းဆီကနေ ပြောင်းရွှေ့ကြေး ပေါင် ၁၃၃.၅ သန်းနဲ့ ရောက်ရှိလာပေမယ့် ဒဏ်ရာပြဿနာပေါင်းစုံနဲ့ ရုန်းကန်နေရပါတယ်။ ဒီရာသီမှာ ရော်နယ်ကိုးမန်းရဲ့အသင်းအတွက် (၇) ပွဲကစားထားပြီး (၂) ဂိုးသွင်းပေးထားသူဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်မှာ အစ္စတန်ဘူလ်ကို ရှုံးခဲ့တာဖြစ်ပြီး နည်းပြဆိုးလ်ရှားအပေါ် ဝေဖန်နေကြပေမယ့် အသင်းကတော့ နည်းပြအပေါ်ကို အားပေးထောက်ခံနေဆဲဖြစ်တယ်လို့ သိရပါတယ်။ စနေနေ့မှာတော့ ယူနိုက်တက်အသင်းဟာ အန်စလော့တီရဲ့ အဲဗာတန်အသင်းနဲ့ ဂွတ်ဆင်ပတ်ခ်ကွင်းမှာ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။

ဇန္န၀ါရီမွာ ဘာစီလိုနာက ေရာင္းခ်ခ်င္ေနတဲ့ အူစမန္နီဒမ္ဘီလီကို ထပ္ျပီး ကမ္းလွမ္းဦးမယ့္ ယူႏိုက္တက္အသင္း

ခက္ခဲတဲ့ ရာသီအစနဲ႔ ေတြ႔ၾကံဳေနရတဲ့ ယူႏုိက္တက္အသင္းဟာ ျပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕က လက္လႊတ္ခဲ့ရတဲ့ ကစားသမားေတြကို ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ထပ္ျပီး ေခၚယူသြားမယ္လို႔ သိရပါတယ္။ အုိးထရက္ဖိုဒ့္က အၾကီးအကဲေတြဟာ ဘာစီလိုနာအသင္းရဲ႕ အူစမန္နီဒမ္ဘီလီကို စိတ္၀င္စားေနဆဲျဖစ္ျပီး ၂၀၂၁ အစမွာပဲ ကမး္လွမ္းသြားဖြယ္ရွိပါတယ္။ သို႔ေသာ္လည္း စပိန္သတင္းစာမ်ားရဲ႕ ေဖာ္ျပခ်က္အရ ယူႏိုက္တက္အသင္းဟာ အသက္ ၃၁ ႏွစ္အရြယ္ကစားသမားကို ရာသီကုန္အထိသာ အငွားနဲ႔ ေခၚယူႏိုင္ဖြယ္ရွိေနပါတယ္။

ဘာစီလိုနာအသင္းဟာ ဘ႑ာေရးအခက္အခဲေတြ ၾကံဳေတြ႔ေနရတာ ျဖစ္တဲ့အတြက္ လိုခ်င္တဲ့ ေစ်းႏႈန္းရရွိပါက ေရာင္းခ်သြားဖြယ္ရွိတယ္လို႔လည္း သိရပါတယ္။ ဘာစီလိုနာနည္းျပသစ္ ေရာ္နယ္ကိုးမန္းဟာ အသင္းကို ျပန္လည္တည္ေဆာက္ေနျပီး လိုင္ယြန္က ဒီေပးကို ေခၚယူလိုေနခ်င္ေနတဲ့အတြက္ အသံုးစရိတ္လိုအပ္ေနတာ ျဖစ္ပါတယ္။

ဒမ္ဘီလီဟာ ဘာစီလိုနာအသင္းဆီကို ၂၀၁၇ ခုႏွစ္က ေဒါ့မြန္အသင္းဆီကေန ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၃၃.၅ သန္းနဲ႔ ေရာက္ရွိလာေပမယ့္ ဒဏ္ရာျပႆနာေပါင္းစံုနဲ႔ ရုန္းကန္ေနရပါတယ္။ ဒီရာသီမွာ ေရာ္နယ္ကိုးမန္းရဲ႕အသင္းအတြက္ (၇) ပြဲကစားထားျပီး (၂) ဂိုးသြင္းေပးထားသူျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ခ်န္ပီယံလိဂ္မွာ အစၥတန္ဘူလ္ကို ရႈံးခဲ့တာျဖစ္ျပီး နည္းျပဆိုးလ္ရွားအေပၚ ေ၀ဖန္ေနၾကေပမယ့္ အသင္းကေတာ့ နည္းျပအေပၚကို အားေပးေထာက္ခံေနဆဲျဖစ္တယ္လို႔ သိရပါတယ္။ စေနေန႔မွာေတာ့ ယူႏိုက္တက္အသင္းဟာ အန္စေလာ့တီရဲ႕ အဲဗာတန္အသင္းနဲ႔ ဂြတ္ဆင္ပတ္ခ္ကြင္းမွာ ရင္ဆိုင္ကစားရမွာ ျဖစ္ပါတယ္။