ဆိုးလ်ရှားနေရာအတွက် လိုက်ပ်ဇစ်နည်းပြ ဂျူလီယန်နာဂယ်လ်စ်မန်းကိုလည်း စဉ်းစားသင့်တယ်လို့ သတင်းတွေက ဖော်ပြ

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားနေရာမှာ အစားထိုးရန်အတွက် လိုက်ပ်ဇစ်နည်းပြ ဂျူလီယန်နာဂယ်လ်စမန်းကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်လို့ သတင်းများက ဖော်ပြနေပါတယ်။ အသက် ၃၃ နှစ်အရွယ် လိုက်ပ်ဇစ်နည်းပြရဲ့ ဂုဏ်သတင်းဟာ ကျော်ကြားနေသော်လည်း ပြီးခဲ့တဲ့လက ယူနိုက်တက်နဲ့ ချန်ပီယံလိဂ်ပွဲမှာ (၅-ဝ) နဲ့ ရှုံးခဲ့ရတာဖြစ်ပါတယ်။

အစ္စတန်ဘူလ်ကို ရှုံးခဲ့သော်လည်း ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို ဆက်လက်အားပေးထောက်ခံနေပြီး စပါးနည်းပြဟောင်း ပိုချက်တီနိုကို ဆက်သွယ်မှု မလုပ်ထားဘူးလို့ လည်း သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။သို့သော်လည်း ESPN သတင်းဌာနက ယူနိုက်တက်အသင်းသာ ဆိုးလ်ရှားကို ထုတ်ပယ်ဖြစ်ပါက ပိုချက်တီနိုသာမက ဂျူလီယန်နာဂယ်လ်စမန်းကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ အာဆင်နယ်အသင်းကို ရှုံးပြီးနောက် ချန်ပီယံလိဂ်မှာ အစ္စတန်ဘူလ်ကို အံ့အားသင့်ဖွယ်ရှုံးခဲ့ရလို့ ဝေဖန်မှုတွေ ခံနေရပါတယ်။လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် (၁၅) နေရာ၌ ရပ်တည်နေပြီး စနေနေ့မှာ အဲဗာတန်နဲ့ ပွဲကျပ်ကစားရမှာ ဖြစ်ပါတယ်။

ဆိုးလ္ရွားေနရာအတြက္ လိုက္ပ္ဇစ္နည္းျပ ဂ်ဴလီယန္နာဂယ္လ္စ္မန္းကိုလည္း စဥ္းစားသင့္တယ္လို႔ သတင္းေတြက ေဖာ္ျပ

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားေနရာမွာ အစားထိုးရန္အတြက္ လိုက္ပ္ဇစ္နည္းျပ ဂ်ဴလီယန္နာဂယ္လ္စမန္းကိုလည္း ထည့္သြင္းစဥ္းစားသင့္တယ္လို႔ သတင္းမ်ားက ေဖာ္ျပေနပါတယ္။ အသက္ ၃၃ ႏွစ္အရြယ္ လိုက္ပ္ဇစ္နည္းျပရဲ႕ ဂုဏ္သတင္းဟာ ေက်ာ္ၾကားေနေသာ္လည္း ျပီးခဲ့တဲ့လက ယူႏိုက္တက္နဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ (၅-၀) နဲ႔ ရႈံးခဲ့ရတာျဖစ္ပါတယ္။

အစၥတန္ဘူလ္ကို ရႈံးခဲ့ေသာ္လည္း ယူႏိုက္တက္အသင္းဟာ ဆုိးလ္ရွားကို ဆက္လက္အားေပးေထာက္ခံေနျပီး စပါးနည္းျပေဟာင္း ပိုခ်က္တီႏိုကို ဆက္သြယ္မႈ မလုပ္ထားဘူးလို႔ လည္း သတင္းထုတ္ျပန္ခဲ့ပါေသးတယ္။သို႔ေသာ္လည္း ESPN သတင္းဌာနက ယူႏိုက္တက္အသင္းသာ ဆိုးလ္ရွားကို ထုတ္ပယ္ျဖစ္ပါက ပိုခ်က္တီႏိုသာမက ဂ်ဴလီယန္နာဂယ္လ္စမန္းကိုလည္း ထည့္သြင္းစဥ္းစားသင့္တယ္လို႔ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာ အာဆင္နယ္အသငး္ကို ရႈံးျပီးေနာက္ ခ်န္ပီယံလိဂ္မွာ အစၥတန္ဘူလ္ကို အံ့အားသင့္ဖြယ္ရႈံးခဲ့ရလို႔ ေ၀ဖန္မႈေတြ ခံေနရပါတယ္။လက္ရွိ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာ အဆင့္ (၁၅) ေနရာ၌ ရပ္တည္ေနျပီး စေနေန႔မွာ အဲဗာတန္နဲ႔ ပြဲက်ပ္ကစားရမွာ ျဖစ္ပါတယ္။