အင်တာမီလန်ကွင်းလယ်ကစားသမား ဘာရယ်လာကို စိတ်ဝင်စားနေတဲ့ ဘာစီလိုနာ နဲ့ ယူနိုက်တက်

ဘာစီလိုနာ နဲ့ ယူနိုက်တက်အသင်းတို့ဟာ အင်တာမီလန်ကွင်းလယ်လူ ဘာရယ်လာကို ခေါ်ယူရန် စိတ်ဝင်စာေးနတဲ့ အသင်းတွေထဲ ပါဝင်လာပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ကက်ဂလီယာရီအသင်းကနေ အင်တာမီလန်အသင်းဆီကို အငှားနဲ့ ပြောင်းရွှေ့ကစားခဲ့ပြီးနောက် ပြီးခဲ့တဲ့အပြောင်းအရွှေ့မှာပဲ အပြီးသတ်ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ဘာရယ်လာဟာ ဒီရာသီမှာ နည်းပြ ကွန်တီရဲ့ အသင်းအတွက် ခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲစုံ (၄) ဂိုးဖန်တီးပေးထားပါတယ်။ အီတလီလက်ရွေးစင်ကစားသမားရဲ့ စာချုပ်သက်တမ်းက ၂၀၂၄ ဇွန်လအထိ ရှိနေပေမယ့် FCINterNews သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာ နဲ့ ယူနိုက်တက်အသင်းတို့ (၂) သင်းစလုံးက ကွင်းလယ်ဗဟိုကစားသမားကို ခေါ်ယူရန် စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ကွန်တီရဲ့ အသင်းဟာ ဘာရယ်လာကို နောက်ထပ်တစ်နှစ်စာချုပ်သက်တမ်းတိုးရန် ကြိုးစားနေပေမယ့် အင်္ဂလန် က အသင်းတွေဖြစ်တဲ့ အာဆင်နယ် နဲ့ လီဗာပူးလ်အသင်းတို့ကလည်း အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ အီတလီကစားသမားဟာ အင်တာမီလန်အသင်းအတွက် ပွဲ (၅၀) ကစားထားပြီး (၄) ဂိုးသွင်း (၁၂) ဂိုးဖန်တီးပေးထားသူ ဖြစ်ပါတယ်။

အင္တာမီလန္ကြင္းလယ္ကစားသမား ဘာရယ္လာကို စိတ္၀င္စားေနတဲ့ ဘာစီလိုနာ နဲ႔ ယူႏိုက္တက္

ဘာစီလိုနာ နဲ႔ ယူႏုိက္တက္အသင္းတို႔ဟာ အင္တာမီလန္ကြင္းလယ္လူ ဘာရယ္လာကို ေခၚယူရန္ စိတ္၀င္စာေးနတဲ့ အသင္းေတြထဲ ပါ၀င္လာျပီလို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ကစားသမားဟာ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ ကက္ဂလီယာရီအသင္းကေန အင္တာမီလန္အသင္းဆီကို အငွားနဲ႔ ေျပာင္းေရႊ႕ကစားခဲ့ျပီးေနာက္ ျပီးခဲ့တဲ့အေျပာင္းအေရႊ႕မွာပဲ အျပီးသတ္ေျပာင္းေရႊ႕ခဲ့တာ ျဖစ္ပါတယ္။

ဘာရယ္လာဟာ ဒီရာသီမွာ နည္းျပ ကြန္တီရဲ႕ အသင္းအတြက္ ေျခစြမ္းျပကစားေနျပီး ျပိဳင္ပြဲစံု (၄) ဂိုးဖန္တီးေပးထားပါတယ္။ အီတလီလက္ေရြးစင္ကစားသမားရဲ႕ စာခ်ဳပ္သက္တမ္းက ၂၀၂၄ ဇြန္လအထိ ရွိေနေပမယ့္ FCINterNews သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ဘာစီလိုနာ နဲ႔ ယူႏိုက္တက္အသင္းတို႔ (၂) သင္းစလံုးက ကြင္းလယ္ဗဟိုကစားသမားကို ေခၚယူရန္ စိတ္၀င္စားေနတာျဖစ္ပါတယ္။

ကြန္တီရဲ႕ အသင္းဟာ ဘာရယ္လာကို ေနာက္ထပ္တစ္ႏွစ္စာခ်ဳပ္သက္တမ္းတိုးရန္ ၾကိဳးစားေနေပမယ့္ အဂၤလန္ က အသင္းေတြျဖစ္တဲ့ အာဆင္နယ္ နဲ႔ လီဗာပူးလ္အသင္းတို႔ကလည္း အနီးကပ္ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။ အီတလီကစားသမားဟာ အင္တာမီလန္အသင္းအတြက္ ပြဲ (၅၀) ကစားထားျပီး (၄) ဂိုးသြင္း (၁၂) ဂိုးဖန္တီးေပးထားသူ ျဖစ္ပါတယ္။