ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးနဲ့ လီဗာပူးတို့ တွေ့ဆုံတဲ့ပွဲတွေမှာ အနိုင်ရတဲ့အသင်းက ချန်ပီယံဖြစ်မယ်လို့ ပြောခဲ့တဲ့ မန်စီးတီးဂန္တဝင်နောက်ခံလူ ရစ်ချက်ဒန်း


မန်စီးတီးအသင်းရဲ့ဂန္တဝင်နောက်ခံလူတစ်ဦးဖြစ်တဲ့ ရစ်ချက်ဒန်းက ပရီးမီးယားလိဂ်ချိန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုမှာ မန်စီး တီးနဲ့ လီဗာပူးတို့ တွေ့ဆုံတဲ့ပွဲစဉ်တွေမှာ အနိုင်ရတဲ့အသင်းက ချန်ပီယံဖြစ်မယ်လို့ ပြောခဲ့ပါတယ်။ မန်စီးတီးဟာ ဂွါဒီယို လာ ရောက်လာပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို နှစ်ကြိမ်ရရှိခဲ့သလို လီဗာပူးကလည်း ပြီးခဲ့တဲ့နှစ်က နှစ် ၃၀ ကြာ ဝေးကွာနေတဲ့ အမှတ်ပေးချန်ပီယံဆုကို ပြန်လည်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။


ဒီရာသီမှာ ငွေကြေးများစွာအသုံးပြုထားပြီး ကစားသမားကောင်းတွေကို ခေါ်ယူထားတဲ့ ချဲလ်ဆီးအနေနဲ့ ချန်ပီယံဆုကို ရည်မှန်းနိုင်တယ်လို့ သတင်းတွေထွက်နေပေမယ့် ကစားသမားသစ်တွေအနေနဲ့ အထိုင်ကျဖို့ အချိန်ယူရဦးမှာဖြစ်ပြီး အရင်က ချန်ပီယံဆုအတွက် အဓိကယှဉ်ပြိုင်ခဲ့ရတဲ့ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ကလည်း လက်ရှိမှာ ရုန်းကန်နေရတဲ့ အနေအထားတွေကြောင့် ချန်ပီယံဆုအတွက် မန်စီးတီးနဲ့ လီဗာပူးပဲ အဓိကယှဉ်ပြိုင်ရမယ်လို့ ရစ်ချက်ဒန်းက သုံးသပ်ခဲ့တာ ပဲဖြစ်ပါတယ်။


ရစ်ချက်ဒန်း က “ လက်ရှိအနေအထားတွေအရ ဒီနှစ်သင်းဟာ အကောင်းဆုံးအနေအထားတွေမှာရှိနေပြီး ပွဲတွေအများ ကြီးလည်း မရှုံးထားပါဘူး။ သူတို့ရဲ့ ခြေစွမ်းတွေက အခြားအသင်းတွေထက်သာနေတာကြောင့် သူတို့နှစ်သင်းထိပ်တိုက် တွေ့ဆုံမှုမှာ အနိုင်ရတဲ့အသင်းက ချန်ပီယံဆုကို ရဖို့အတွက် အခွင့်အရေးပိုများသွားမှာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ လီဗာပူး က ခံစစ်ပိုင်းအားနည်းမှုတွေရှိနေပေမယ့် မန်စီးတီးကလည်း တိုက်စစ်ပိုင်းမှာ အားနည်းနေပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ မန္စီးတီးနဲ႔ လီဗာပူးတို႔ ေတြ႕ဆံုတဲ့ပြဲေတြမွာ အႏိုင္ရတဲ့အသင္းက ခ်န္ပီယံျဖစ္မယ္လို႔ ေျပာခဲ့တဲ့ မန္စီးတီးဂႏၲဝင္ေနာက္ခံလူ ရစ္ခ်က္ဒန္း
မန္စီးတီးအသင္းရဲ႕ဂႏၲဝင္ေနာက္ခံလူတစ္ဦးျဖစ္တဲ့ ရစ္ခ်က္ဒန္းက ပရီးမီးယားလိဂ္ခ်ိန္ပီယံဆုအတြက္ ၿပိဳင္ဆိုင္မႈမွာ မန္စီး တီးနဲ႔ လီဗာပူးတို႔ ေတြ႕ဆံုတဲ့ပြဲစဥ္ေတြမွာ အႏိုင္ရတဲ့အသင္းက ခ်န္ပီယံျဖစ္မယ္လို႔ ေျပာခဲ့ပါတယ္။ မန္စီးတီးဟာ ဂြါဒီယို လာ ေရာက္လာၿပီးေနာက္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ႏွစ္ႀကိမ္ရရွိခဲ့သလို လီဗာပူးကလည္း ၿပီးခဲ့တဲ့ႏွစ္က ႏွစ္ ၃၀ ၾကာ ေဝးကြာေနတဲ့ အမွတ္ေပးခ်န္ပီယံဆုကို ျပန္လည္ရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။
ဒီရာသီမွာ ေငြေၾကးမ်ားစြာအသံုးျပဳထားၿပီး ကစားသမားေကာင္းေတြကို ေခၚယူထားတဲ့ ခ်ဲလ္ဆီးအေနနဲ႔ ခ်န္ပီယံဆုကို ရည္မွန္းႏိုင္တယ္လို႔ သတင္းေတြထြက္ေနေပမယ့္ ကစားသမားသစ္ေတြအေနနဲ႔ အထိုင္က်ဖို႔ အခ်ိန္ယူရဦးမွာျဖစ္ၿပီး အရင္က ခ်န္ပီယံဆုအတြက္ အဓိကယွဥ္ၿပိဳင္ခဲ့ရတဲ့ ယူႏိုက္တက္နဲ႔ အာဆင္နယ္တို႔ကလည္း လက္ရွိမွာ ႐ုန္းကန္ေနရတဲ့ အေနအထားေတြေၾကာင့္ ခ်န္ပီယံဆုအတြက္ မန္စီးတီးနဲ႔ လီဗာပူးပဲ အဓိကယွဥ္ၿပိဳင္ရမယ္လို႔ ရစ္ခ်က္ဒန္းက သံုးသပ္ခဲ့တာ ပဲျဖစ္ပါတယ္။
ရစ္ခ်က္ဒန္း က “ လက္ရွိအေနအထားေတြအရ ဒီႏွစ္သင္းဟာ အေကာင္းဆံုးအေနအထားေတြမွာရွိေနၿပီး ပြဲေတြအမ်ား ႀကီးလည္း မရႈံးထားပါဘူး။ သူတို႔ရဲ႕ ေျခစြမ္းေတြက အျခားအသင္းေတြထက္သာေနတာေၾကာင့္ သူတို႔ႏွစ္သင္းထိပ္တိုက္ ေတြ႕ဆံုမႈမွာ အႏိုင္ရတဲ့အသင္းက ခ်န္ပီယံဆုကို ရဖို႔အတြက္ အခြင့္အေရးပိုမ်ားသြားမွာပဲ ျဖစ္ပါတယ္။ လက္ရွိမွာ လီဗာပူး က ခံစစ္ပိုင္းအားနည္းမႈေတြရွိေနေပမယ့္ မန္စီးတီးကလည္း တိုက္စစ္ပိုင္းမွာ အားနည္းေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။