ရလဒ်ဆိုးတွေရဲ့ တရားခံကို နည်းပြ ဆိုးလ်ရှားတစ်ယောက်တည်း တာဝန်ယူရတော့မှာလား


ပြီးခဲ့တဲ့ရာသီက ဇန်နဝါရီလနောက်ပိုင်းမှာ အသင်းကို ဘရူနိုဖာနန်ဒက်စ် ပြောင်းရွှေ့လာပြီးနောက် ရလဒ်ကောင်းတွေရရှိခဲ့ ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့တဲ့ ယူနိုက်တက်ဟာ ဒီရာသီမှာတော့ အတော်လေးကို ရုန်းကန်နေရပါတယ်။ ရာသီအစ ကစားခဲ့ တဲ့ပွဲစဉ် ၆ ပွဲမှာပဲ ရှုံးပွဲ ၃ ပွဲအထိရှိခဲ့တာကြောင့် နည်းပြ ဆိုးလ်ရှားကို ထုတ်ပယ်ဖို့အတွက် အသင်းတာဝန်ရှိသူတွေက လုပ် ဆောင်နေပြီး စပါးနည်းပြဟောင်း ပိုချက်တီနိုကို လာမယ့်ရက်ပိုင်းအတွင်းမှာ ခန့်အပ်ဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။


ဒီလိုအခြေအနေမှာ နည်းပြဆိုးလ်ရှားအတွက် ဖိအားတွေဖြစ်စေတာအမှန်ဖြစ်ပြီး အစောပိုင်းတုန်းက ဆိုးလ်ရှားဘက်မှာ ရှိနေတဲ့ကစားသမားတွေက အခုလိုချိန်မှာတော့ အဝတ်လဲခန်းအတွင်းမှာ ပိုချက်တီနိုကို ခေါ်ယူပေးဖို့ လုပ်ဆောင်လာ တာကြောင့် ရလဒ်ဆိုးတွေရဲ့ တရားခံဟာ ဆိုးလ်ရှားတစ်ယောက်တည်း တာဝန်ယူရတော့မယ့်အခြေအနေမှာ ရှိတယ်ဆို ပြီး Sportmail ရဲ့ ဖော်ပြချက်အရ သိရပါတယ်။


စပါးနည်းပြဟောင်း ပိုချက်တီနိုဟာ ၂၀၁၉ နိုဝင်ဘာလက ရာထူးကနေထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူ ဖြစ်ပြီး ရာသီသစ်မစတင်ခင်မှာ ဘာစီလိုနာအသင်းနဲ့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါ တယ်။ ယူနိုက်တက်ကလည်း အစောပိုင်းကတည်းက ပိုချက်တီနိုကို စိတ်ဝင်စားမှုရှိခဲ့တယ်ဆိုပေမယ့် ဆိုးလ်ရှားရဲ့လက် ထက်မှာ ရလဒ်ကောင်းတွေရနေခဲ့တာကြောင့် စောင့်ကြည့်နေဆဲ အခြေအနေမှာပဲ ရှိနေခဲ့တာဖြစ်ပါတယ်။

zawgyi version

ရလဒ္ဆိုးေတြရဲ႕ တရားခံကို နည္းျပ ဆိုးလ္ရွားတစ္ေယာက္တည္း တာဝန္ယူရေတာ့မွာလား
ၿပီးခဲ့တဲ့ရာသီက ဇန္နဝါရီလေနာက္ပိုင္းမွာ အသင္းကို ဘ႐ူႏိုဖာနန္ဒက္စ္ ေျပာင္းေရႊ႕လာၿပီးေနာက္ ရလဒ္ေကာင္းေတြရရွိခဲ့ ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ရခဲ့တဲ့ ယူႏိုက္တက္ဟာ ဒီရာသီမွာေတာ့ အေတာ္ေလးကို ႐ုန္းကန္ေနရပါတယ္။ ရာသီအစ ကစားခဲ့ တဲ့ပြဲစဥ္ ၆ ပြဲမွာပဲ ရႈံးပြဲ ၃ ပြဲအထိရွိခဲ့တာေၾကာင့္ နည္းျပ ဆိုးလ္ရွားကို ထုတ္ပယ္ဖို႔အတြက္ အသင္းတာဝန္ရွိသူေတြက လုပ္ ေဆာင္ေနၿပီး စပါးနည္းျပေဟာင္း ပိုခ်က္တီႏိုကို လာမယ့္ရက္ပိုင္းအတြင္းမွာ ခန္႔အပ္ဖို႔ လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။
ဒီလိုအေျခအေနမွာ နည္းျပဆိုးလ္ရွားအတြက္ ဖိအားေတြျဖစ္ေစတာအမွန္ျဖစ္ၿပီး အေစာပိုင္းတုန္းက ဆိုးလ္ရွားဘက္မွာ ရွိေနတဲ့ကစားသမားေတြက အခုလိုခ်ိန္မွာေတာ့ အဝတ္လဲခန္းအတြင္းမွာ ပိုခ်က္တီႏိုကို ေခၚယူေပးဖို႔ လုပ္ေဆာင္လာ တာေၾကာင့္ ရလဒ္ဆိုးေတြရဲ႕ တရားခံဟာ ဆိုးလ္ရွားတစ္ေယာက္တည္း တာဝန္ယူရေတာ့မယ့္အေျခအေနမွာ ရွိတယ္ဆို ၿပီး Sportmail ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
စပါးနည္းျပေဟာင္း ပိုခ်က္တီႏိုဟာ ၂၀၁၉ ႏိုဝင္ဘာလက ရာထူးကေနထုတ္ပယ္ခံရၿပီးေနာက္ အသင္းလက္မဲ့ျဖစ္ေနသူ ျဖစ္ၿပီး ရာသီသစ္မစတင္ခင္မွာ ဘာစီလိုနာအသင္းနဲ႔ သတင္းေတြထြက္ေပၚခဲ့ေပမယ့္ ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔ သိရပါ တယ္။ ယူႏိုက္တက္ကလည္း အေစာပိုင္းကတည္းက ပိုခ်က္တီႏိုကို စိတ္ဝင္စားမႈရွိခဲ့တယ္ဆိုေပမယ့္ ဆိုးလ္ရွားရဲ႕လက္ ထက္မွာ ရလဒ္ေကာင္းေတြရေနခဲ့တာေၾကာင့္ ေစာင့္ၾကည့္ေနဆဲ အေျခအေနမွာပဲ ရွိေနခဲ့တာျဖစ္ပါတယ္။